(Zawgyi/Unicode)
အရပ္သားအစိုးရလက္ထက္မွာ ႏုိင္ငံေရးအက်ဥ္းသားဦးေရ ရာနဲ႔ခ်ီၿပီး ဆက္ရွိေနေသးတဲ့အေပၚနဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုသူတို႔ အေရးယူခံေနရတဲ့အေပၚ ေဝဖန္သံုးသပ္ခ်က္ေတြကို မဆုမြန္ ေျပာျပေပးပါမယ္။
ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ဦးစားေပးပါတယ္ဆိုတဲ့ NLD အစိုးရလက္ထက္မွာ အက်ဥ္းခ်ခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ၊ အေျခခံအခြင့္အေရးရဖို႔ ေတာင္းဆိုတဲ့အတြက္ တရားစြဲခံေနရသူေတြ စုစုေပါင္း ၆၀၀ နီးပါးရွိေနၿပီလုိ႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB က ထုတ္ျပန္ထားပါတယ္။ ႏိုင္ငံသားတို႔ရဲ႕အခြင့္အေရးနဲ႔အညီ ေတာင္းဆိုဆႏၵျပေနတဲ့သူေတြကို အခုခ်ိန္ထိ ဆက္လက္ဖမ္းဆီးေထာင္ခ် တရားစြဲဆိုေနဆဲအေျခအေနကို AAPPB ရဲ႕ တြဲဖက္အတြင္းေရးမွဴး ကိုဘိုၾကည္က ဗီြအိုေအကို ရွင္းျပပါတယ္။
“ အခုက်ေနာ္တို႔စာရင္းအရ အက်ဥ္းေထာင္ေတြထဲကေနၿပီးေတာ့ အမႈရင္ဆိုင္ေနရတဲ့ ႏုိင္ငံေရးအက်ဥ္းသားက ၁၄၂ ေယာက္ရွိတယ္။ ေထာင္က်ၿပီးသား ႏိုင္ငံေရးအက်ဥ္းသားက ၄၁ ေယာက္ရွိတယ္။ ေနာက္ ေထာင္ျပင္ပကေန အမႈရင္ဆိုင္ေနရတဲ့ ႏုိင္ငံေရးအက်ဥ္းသားက ၄၀၉ ေယာက္ရွိပါတယ္။ အားလံုးေပါင္း ၅၉၂ ေယာက္ရွိပါတယ္။ ဒါက ဘာကိုျပသလဲဆိုေတာ့ ျမန္မာ့ႏိုင္ငံေရး တိုးတက္မႈ ေႏွးေကြးေနတာကိုျပတယ္။ ေနာက္တခုက ႏုိင္ငံေရးအက်ဥ္းသားေတြထဲမွာ တခ်ို႕တိုင္းရင္းသားေတြလည္းပါတယ္။ ဒီလုိ တုိင္းရင္းသားႏုိင္ငံေရးအက်ဥ္းသားေတြကို အဲ့လိုဖမ္းဆီးတာဟာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ AAPPB က ေဆာင္ပုဒ္ကိုက ႏိုင္ငံေရးအက်ဥ္းသားမ်ားရွိေနေသးသေရြ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး မျဖစ္ႏုိင္ဘူး။ ဆိုတဲ့အခါက်ေတာ့ က်ေနာ္တို႔ မေဝးေသးတဲ့အတိတ္က သခၤန္းစာေတြကို ယူသင့္တယ္။ အရင္တုန္းက စစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္တို႔ကိုဖမ္းတယ္ မင္းကိုႏုိင္တို႔ကိုဖမ္းထားတယ္ တိုင္းရင္းသားေခါင္းေဆာင္ေတြကို ဖမ္းထားတယ္။ အဲ့လိုမ်ိဳးဖမ္းထားတယ္ဆိုရင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ အေႏွာင့္အယွက္ျဖစ္တယ္။ အဲ့ေတာ့ ႏုိင္ငံတကာရဲ႕ ပိတ္ဆို႔မႈေတြကလည္း ပိုျမင့္တက္လာတယ္။ ဆိုလိုတာက ဖမ္းေနဆီးေန႐ံုနဲ႔ျပႆနာကို ေျဖရွင္းလို႔မရဘူးဆိုတာ က်ေနာ္တို႔ေသခ်ာ သခၤန္းစာယူဖို႔လိုပါတယ္။”
အခုလတ္တေလာမွာကို ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို တပ္မေတာ္ဘက္ကေန စြဲခ်က္ေတြနဲ႔ ၿမိဳ႕နယ္အသီးသီးမွာ ေထာင္ဆက္တိုက္ခ်ေနတဲ့ အေပၚမွာ လည္း လြတ္လပ္ခြင့္ကို ထုတ္ေဖာ္လႈပ္ရွားေျပာဆိုသူေတြ စုဖြဲ႔ထားတဲ့ Pen Myanmar အဖြဲ႔က ဇြန္လ ၁၂ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ၿပီး ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔အေပၚ တရားစြဲဆိုထားတာကို အျမန္ဆံုး႐ုပ္သိမ္းဖို႔နဲ႔ အျမန္ဆံုးလႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။
ႏိုင္ငံသားတို႔ရဲ႕အေျခခံအခြင့္အေရးျဖစ္တဲ့ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အရ ျမန္မာ့ရိုးရာအစဥ္အလာအတိုင္း သံခ်ပ္ထိုးၿပီး အစိုးရအာဏာပိုင္ကို ေထာက္ျပခဲ့ၾကတဲ့ အစဥ္အလာကို ထိပါးေစတဲ့လုပ္ရပ္အျဖစ္ Pen Myanmar က ရႈ႕ျမင္ေၾကာင္း ပဲန္ျမန္မာအဖြဲ႔ရဲ႕ အတြင္းေရးမွဴး ေျမမႈန္လြင္ကလည္း ေျပာပါတယ္။
“ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုပိုင္ခြင့္အေပၚမွာ သံခ်ပ္ဆိုတာ အင္မတန္မွ အေရးၾကီးတဲ့ အရာတခုပါဒီလိုျမန္မာ့ရိုးရာယဥ္ေက်းမႈအစဥ္အလာတခုျဖစ္တဲ့ သံခ်ပ္ထိုးတာကို တရားစြဲတယ္ ေထာင္ေတြခ်တယ္ ေနာက္ၿပီး တရားစြဲတဲ့အခါမွာ တၾကိမ္တခါမဟုတ္ဘူး။ သံခ်ပ္ထိုးလို႔ ၿမိဳ႕နယ္လိုက္တန္းစီၿပီး အမ်ားၾကီးတရားစြဲတယ္ဟာ ျမန္မာ့သမိုင္းမွာ ဒါပထမဆံုးလို႔ေတာင္ ေျပာလို႔ရတယ္။ ဒါမ်ိဳးေတြ လုပ္ေနတာဟာ လြတ္လပ္စြာထုတ္ေဖာ္ပိုင္ခြင့္ကို ျခိမ္းေျခာက္တယ္လို႔ က်ေနာ္တို႔ Pen Myanmar က ေနၿပီးေတာ့ယူဆတယ္။ သံုးသပ္တယ္ ဒါေၾကာင့္ဒါမ်ိဳးေတြဟာ မလုပ္သင့္ မလုပ္အပ္တဲ့အရာေတြပါ အဓိက တရားစြဲတာကေတာ့ တပ္မေတာ္ကျဖစ္ေနတာေပါ့ ဒါကိုရုပ္သိမ္းေပး လိုက္မယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုပိုင္ခြင့္ကိုလည္း တပ္မေတာ္အေနနဲ႔ေလးစားတယ္ဆိုတာ ျပသရာေရာက္ပါတယ္ ေနာက္ၿပီးေတာ့ လက္ရွိအစိုးရသြားေနတဲ့ အမ်ိဳးသား ရင္ၾကားေစ့ေရးမွာလည္း အမ်ားၾကီး အေထာက္အကူျပဳႏုိင္တဲ့ အေနအထားေတြ ေတြ႔ရပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က တပ္မေတာ္အေနနဲ႔ ဒီလိုတရားစြဲဆိုမႈကို အျမန္ဆံုး႐ုပ္သိမ္းေပးဖို႔ ေမတၱာရပ္ခံေတာင္းဆိုတာျဖစ္ပါတယ္ခင္ဗ်။”
လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ရာဇဝတ္မႈတခုလို သေဘာထားေနတာဟာ ဒီမိုကေရစီစနစ္ေဖာ္ေဆာင္ေနတဲ့ အရပ္သားအစိုးရ လက္ထက္ ဒီမိုကေရစီစံႏႈန္းေတြအေပၚ ေမးခြန္းထုတ္စရာျဖစ္လာတယ္လို႔လည္း ႏုိင္ငံေရးအက်ဥ္းသားလြတ္ေျမာက္ေရး ဦးေဆာင္လႈပ္ရွားသူ ကိုဘုိၾကည္က ေထာက္ျပပါတယ္။
“ လြတ္လပ္စြာေျပာဆိုမႈဟာ ရာဇဝတ္မႈမျဖစ္ရဘူး ျမန္မာႏုိင္ငံမွာ လြတ္လပ္စြာေျပာဆိုမႈဆိုရင္ ရာဇဝတ္မႈအဆင့္မွာပဲ ရွိေနေသးတယ္။ ေဒါင္းတို႔မ်ိဳးဆက္ဆိုရင္ နဂိုကတည္းကကို မဖမ္းသင့္တာ။ စဖမ္းကတည္းကိုက တုိင္းျပည္အတြက္ ႏုိင္ငံေရးဂုဏ္သိကၡာ က်ဆင္းေနတာ အခုလိုမ်ိဳးအမႈက တူညီေနတဲ့အမႈေတြကို တန္းစီၿပီး ဟိုတရား႐ံုးက ခ်လိုက္ ဒီတရား႐ံုးက ခ်လိုက္ ဆိုတဲ့အခါက်ေတာ့ က်ေနာ္တို႔ ႏုိင္ငံရဲ႕သိကၡာကို ပိုၿပီးေတာ့ ႐ုပ္ဆိုးေစတာေပါ့ ျပႆနာေတြကို ေသခ်ာစဥ္းစားၿပီး ကိုင္တြယ္ဖို႔လိုတယ္ေပါ့ေနာ္ ဖမ္းလိုက္ဆီးလုိက္႐ံုနဲ႔လည္း ျပႆနာေတြက ေျပလည္သြားမွာမဟုတ္ပဲနဲ႔ ျပႆနာေတြကိုပိုမို ဆိုးရြားသြားေစတာလည္း ရွိတယ္ဒါေၾကာင့္ တပ္မေတာ္ေရာ အစိုးရဘက္ကေရာ တာဝန္ရွိသူေတြက ေသခ်ာ ကိုင္တြယ္ေျဖရွင္းဖို႔လိုသလို ၿပီးတဲ့အခါက်ေတာ့ ဒီလူငယ္ေတြရဲ႕ လုပ္အားေတြ က်ေနာ္တို႔တုိင္းျပည္အတြက္ ဆံုး႐ံႈးသြားတာမ်ိဳးေတြလည္းရွိတယ္။ ဒါေၾကာင့္ သူတို႔ကို ေထာင္ကေနလႊတ္ၿပီး ဒီလူငယ္ေတြရဲ႕အားကို တုိင္းျပည္အတြက္ အသံုးခ်သင့္တယ္။”
အခုလက္ရွိ ကိုဗစ္ ၁၉ ကမာၻ႔ကပ္ေရာဂါျဖစ္ေနခ်ိန္ ျမန္မာႏိုင္ငံတြင္း အက်ဥ္းေထာင္ေတြ၊ အက်ဥ္းစခန္းေတြမွာ အက်ဥ္းသားဦးေရ ထူထပ္မ်ားျပားေနတာ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုံေလာက္စြာ မရတာ၊ အာဟာရ မျပည့္ဝတာ၊ တကိုယ္ေရ သန႔္ရွင္းမႈအတြက္ လုံေလာက္တဲ့ပတ္ဝန္းက်င္ မရွိတာေတြေၾကာင့္ အက်ဥ္းေထာင္ေတြမွာ COVID-19 ကူးစက္ဖို႔ လြယ္ကူေနၿပီး အထူးစိုးရိမ္ရတဲ့ အေျခအေနေရာက္ေနတာေၾကာင့္ အက်ဥ္းသားဦးေရေလ ွ်ာ့ခ်ဖို႔နဲ႔ တာဝန္ရွိသူေတြ အေလးထားလုပ္ေဆာင္ေပးဖို႔ကိုလည္း ေအေအပီပီအပါဝင္ အက်ဥ္းသားအေရးလႈပ္ရွားသူေတြက ေထာက္ျပေျပာဆိုေနၾကပါတယ္။
.................
အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေဆဲ
(Unicode)
အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ ရာနဲ့ချီပြီး ဆက်ရှိနေသေးတဲ့အပေါ်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတို့ အရေးယူခံနေရတဲ့အပေါ် ဝေဖန်သုံးသပ်ချက်တွေကို မဆုမွန် ပြောပြပေးပါမယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးပါတယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အခြေခံအခွင့်အရေးရဖို့ တောင်းဆိုတဲ့အတွက် တရားစွဲခံနေရသူတွေ စုစုပေါင်း ၆၀၀ နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ထုတ်ပြန်ထားပါတယ်။ နိုင်ငံသားတို့ရဲ့အခွင့်အရေးနဲ့အညီ တောင်းဆိုဆန္ဒပြနေတဲ့သူတွေကို အခုချိန်ထိ ဆက်လက်ဖမ်းဆီးထောင်ချ တရားစွဲဆိုနေဆဲအခြေအနေကို AAPPB ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေကို ရှင်းပြပါတယ်။
“ အခုကျနော်တို့စာရင်းအရ အကျဉ်းထောင်တွေထဲကနေပြီးတော့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားက ၁၄၂ ယောက်ရှိတယ်။ ထောင်ကျပြီးသား နိုင်ငံရေးအကျဉ်းသားက ၄၁ ယောက်ရှိတယ်။ နောက် ထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားက ၄၀၉ ယောက်ရှိပါတယ်။ အားလုံးပေါင်း ၅၉၂ ယောက်ရှိပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ မြန်မာ့နိုင်ငံရေး တိုးတက်မှု နှေးကွေးနေတာကိုပြတယ်။ နောက်တခုက နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တချို့တိုင်းရင်းသားတွေလည်းပါတယ်။ ဒီလို တိုင်းရင်းသားနိုင်ငံရေးအကျဉ်းသားတွေကို အဲ့လိုဖမ်းဆီးတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ကျနော်တို့ AAPPB က ဆောင်ပုဒ်ကိုက နိုင်ငံရေးအကျဉ်းသားများရှိနေသေးသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူး။ ဆိုတဲ့အခါကျတော့ ကျနော်တို့ မဝေးသေးတဲ့အတိတ်က သင်္ခန်းစာတွေကို ယူသင့်တယ်။ အရင်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းတယ် မင်းကိုနိုင်တို့ကိုဖမ်းထားတယ် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖမ်းထားတယ်။ အဲ့လိုမျိုးဖမ်းထားတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အနှောင့်အယှက်ဖြစ်တယ်။ အဲ့တော့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကလည်း ပိုမြင့်တက်လာတယ်။ ဆိုလိုတာက ဖမ်းနေဆီးနေရုံနဲ့ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာ ကျနော်တို့သေချာ သင်္ခန်းစာယူဖို့လိုပါတယ်။”
အခုလတ်တလောမှာကို ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်ဘက်ကနေ စွဲချက်တွေနဲ့ မြို့နယ်အသီးသီးမှာ ထောင်ဆက်တိုက်ချနေတဲ့ အပေါ်မှာ လည်း လွတ်လပ်ခွင့်ကို ထုတ်ဖော်လှုပ်ရှားပြောဆိုသူတွေ စုဖွဲ့ထားတဲ့ Pen Myanmar အဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ဒေါင်းတို့မျိုးဆက်အဖွဲ့အပေါ် တရားစွဲဆိုထားတာကို အမြန်ဆုံးရုပ်သိမ်းဖို့နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။
နိုင်ငံသားတို့ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း သံချပ်ထိုးပြီး အစိုးရအာဏာပိုင်ကို ထောက်ပြခဲ့ကြတဲ့ အစဉ်အလာကို ထိပါးစေတဲ့လုပ်ရပ်အဖြစ် Pen Myanmar က ရှု့မြင်ကြောင်း ပဲန်မြန်မာအဖွဲ့ရဲ့ အတွင်းရေးမှူး မြေမှုန်လွင်ကလည်း ပြောပါတယ်။
“ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ်မှာ သံချပ်ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အရာတခုပါဒီလိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတခုဖြစ်တဲ့ သံချပ်ထိုးတာကို တရားစွဲတယ် ထောင်တွေချတယ် နောက်ပြီး တရားစွဲတဲ့အခါမှာ တကြိမ်တခါမဟုတ်ဘူး။ သံချပ်ထိုးလို့ မြို့နယ်လိုက်တန်းစီပြီး အများကြီးတရားစွဲတယ်ဟာ မြန်မာ့သမိုင်းမှာ ဒါပထမဆုံးလို့တောင် ပြောလို့ရတယ်။ ဒါမျိုးတွေ လုပ်နေတာဟာ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကို ခြိမ်းခြောက်တယ်လို့ ကျနော်တို့ Pen Myanmar က နေပြီးတော့ယူဆတယ်။ သုံးသပ်တယ် ဒါကြောင့်ဒါမျိုးတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့အရာတွေပါ အဓိက တရားစွဲတာကတော့ တပ်မတော်ကဖြစ်နေတာပေါ့ ဒါကိုရုပ်သိမ်းပေး လိုက်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကိုလည်း တပ်မတော်အနေနဲ့လေးစားတယ်ဆိုတာ ပြသရာရောက်ပါတယ် နောက်ပြီးတော့ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးမှာလည်း အများကြီး အထောက်အကူပြုနိုင်တဲ့ အနေအထားတွေ တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့က တပ်မတော်အနေနဲ့ ဒီလိုတရားစွဲဆိုမှုကို အမြန်ဆုံးရုပ်သိမ်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုတာဖြစ်ပါတယ်ခင်ဗျ။”
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရာဇဝတ်မှုတခုလို သဘောထားနေတာဟာ ဒီမိုကရေစီစနစ်ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ လက်ထက် ဒီမိုကရေစီစံနှုန်းတွေအပေါ် မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဘိုကြည်က ထောက်ပြပါတယ်။
“ လွတ်လပ်စွာပြောဆိုမှုဟာ ရာဇဝတ်မှုမဖြစ်ရဘူး မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုမှုဆိုရင် ရာဇဝတ်မှုအဆင့်မှာပဲ ရှိနေသေးတယ်။ ဒေါင်းတို့မျိုးဆက်ဆိုရင် နဂိုကတည်းကကို မဖမ်းသင့်တာ။ စဖမ်းကတည်းကိုက တိုင်းပြည်အတွက် နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းနေတာ အခုလိုမျိုးအမှုက တူညီနေတဲ့အမှုတွေကို တန်းစီပြီး ဟိုတရားရုံးက ချလိုက် ဒီတရားရုံးက ချလိုက် ဆိုတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရဲ့သိက္ခာကို ပိုပြီးတော့ ရုပ်ဆိုးစေတာပေါ့ ပြဿနာတွေကို သေချာစဉ်းစားပြီး ကိုင်တွယ်ဖို့လိုတယ်ပေါ့နော် ဖမ်းလိုက်ဆီးလိုက်ရုံနဲ့လည်း ပြဿနာတွေက ပြေလည်သွားမှာမဟုတ်ပဲနဲ့ ပြဿနာတွေကိုပိုမို ဆိုးရွားသွားစေတာလည်း ရှိတယ်ဒါကြောင့် တပ်မတော်ရော အစိုးရဘက်ကရော တာဝန်ရှိသူတွေက သေချာ ကိုင်တွယ်ဖြေရှင်းဖို့လိုသလို ပြီးတဲ့အခါကျတော့ ဒီလူငယ်တွေရဲ့ လုပ်အားတွေ ကျနော်တို့တိုင်းပြည်အတွက် ဆုံးရှုံးသွားတာမျိုးတွေလည်းရှိတယ်။ ဒါကြောင့် သူတို့ကို ထောင်ကနေလွှတ်ပြီး ဒီလူငယ်တွေရဲ့အားကို တိုင်းပြည်အတွက် အသုံးချသင့်တယ်။”
အခုလက်ရှိ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန် မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေ၊ အကျဉ်းစခန်းတွေမှာ အကျဉ်းသားဦးရေ ထူထပ်များပြားနေတာ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာ၊ အာဟာရ မပြည့်ဝတာ၊ တကိုယ်ရေ သန့်ရှင်းမှုအတွက် လုံလောက်တဲ့ပတ်ဝန်းကျင် မရှိတာတွေကြောင့် အကျဉ်းထောင်တွေမှာ COVID-19 ကူးစက်ဖို့ လွယ်ကူနေပြီး အထူးစိုးရိမ်ရတဲ့ အခြေအနေရောက်နေတာကြောင့် အကျဉ်းသားဦးရေလေ ျှာ့ချဖို့နဲ့ တာဝန်ရှိသူတွေ အလေးထားလုပ်ဆောင်ပေးဖို့ကိုလည်း အေအေပီပီအပါဝင် အကျဉ်းသားအရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။