(Zawgyi / Unicode)
ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅- က နဲ႔ ဖမ္းဆီးထိန္းသိမ္း ခံထားရသူေတြကို မၾကာခင္မွာ ျပန္လႊတ္ေပးမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေပမဲ့ တခ်ိဳ႕ ၅၀၅ သမားေတြကေတာ့ ျပင္းထန္တဲ့ ဥပေဒပုဒ္မေတြနဲ႔ အမႈထပ္တိုးခံေနရေၾကာင္း ဖမ္းဆီးထိန္းသိမ္း ခံထားရသူေတြရဲ႕ မိသားစုဝင္ေတြနဲ႔ သူတို႔ေရွ႕ေနေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ေဒၚခင္မ်ိဳးသက္ ေျပာျပေပးမွာပါ။
ရန္ကုန္အင္းစိန္ေထာင္မွာ ပုဒ္မ ၅၀၅- က နဲ႔ ဖမ္းဆီးထိန္းသိမ္း ခံထားရၿပီး တရားရင္ဆိုင္ေနရတဲ့ လူငယ္တခ်ိဳ႕ဟာ ေနာက္ထပ္အမႈေတြနဲ႔ ထပ္တိုးစြဲဆိုခံထားရေၾကာင္း ဖမ္းဆီးထိန္းသိမ္း ခံထားရသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။ ပုဒ္မ ၅၀၅- က နဲ႔ ေမလကတည္းက ဖမ္းဆီးခံထားရၿပီး မၾကာေသးခင္က လြတ္ၿငိမ္းခ်မ္းသာခြင့္မွာလည္း ပါမလာသူေတြဟာ ဒီလိုထပ္တိုးအမႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။
တခ်ိဳ႕ အမႈတြဲေတြမွာဆိုရင္ အဖြဲ႕လိုက္ ဖမ္းဆီးခံရသူေတြအားလုံးကို ထပ္တိုးပုဒ္မေတြနဲ႔ စြဲဆိုထားေၾကာင္း အင္းစိန္ေထာင္မွာ ဖမ္းဆီးခံထားရတဲ့ လူငယ္ ၃ ေယာက္ရဲ႕မိခင္ ေဒၚခင္ျမက ဗြီအိုေအကို ေျပာပါတယ္။
“ ကေလးေတြက အထဲကေန ေရးေပးတာေလ။ သူတို႔ကို video conference နဲ႔ ေျပာေနတာ အထဲမွာ။ အခုေရွ႕ေနေတြက အျပင္ကေန အထဲကို ဝင္ခြင့္ မေပးဘူးေလ။ သူတို႔က ကိုဗစ္ေၾကာင့္ ႐ုံးပိတ္လိုက္ၿပီးေတာ့ သူတို႔ခ်ည္းပဲ video conference နဲ႔ ေျပာေနၾကတာ။ သူတို႔ကေတာ့ အမႈကို ထပ္တိုးမွာေပါ့၊ လႊတ္မွမလႊတ္ေပးခ်င္တာ။ 122/ 124 ပဲ ႏိုင္ငံေတာ္ ပုန္ကန္မႈပဲ။ ကေလးေတြက တဖြဲ႕လုံးေပါ့ေနာ္၊ အခုမွ စာေရးတဲ့သူေတြကေရးၾကေပါ့၊ တခ်ိဳ႕မိဘေတြ အန္တီတို႔ အဖြဲ႕ေတြထဲက ကေလးေတြရဲ႕ အေမေတြကလည္း ဖုန္းေတြဘာေတြ ဆက္ၾကေပါ့ေနာ္။ သူတို႔က ဒီပုဒ္မေတြ တပ္ထားတယ္ေပါ့။ ဟုတ္တယ္လို႔ ပုဒ္မက တပ္ထားတာလို႔ အခုက်မွ လြတ္ၿငိမ္းေပးခါနီးက်မွ သူတို႔က ေနာက္ထပ္အမႈေတြ ထပ္တပ္ပစ္လိုက္တာ။”
ဆႏၵျပလႈပ္ရွားမႈမွာ ပါဝင္တဲ့သူအမ်ားစုက ႏိုင္ငံေတာ္ပုန္ကန္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅- က နဲ႔ အမ်ားဆုံး ဖမ္းဆီးထိန္းသိမ္း ခံရတာပါ။ တခ်ိဳ႕ ၅၀၅ အမႈေတြက စစ္ေဆးေနဆဲကာလမွာပဲ ေနာက္ထပ္ ဥပေဒပုဒ္မအသစ္ေတြနဲ႔ ထပ္တိုးခံရတာလို႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသြယ္သြယ္စိုးက ဗြီအိုေအကို ေျပာပါတယ္။
“ ဟုတ္ကဲ့ က်မတို႔အမႈသည္ေတြထဲမွာလည္း အဲလိုပဲ စစ္ေဆးေနဆဲပဲ ရွိေသးတာေတာင္မွ ထပ္တိုးတာ၊ ဘာလို႔ ထပ္တိုးလဲဆိုေတာ့ ဒီ မတရားအသင္းေတြနဲ႔ ဆက္သြယ္တယ္ေပါ့။ ပုန္ကန္ဖို႔အတြက္ လႈပ္ရွားတယ္ေပါ့။ အဲလိုမ်ိဳးနဲ႔ ပုဒ္မထပ္တိုးတာ။ တခ်ိဳ႕ဆိုရင္ ၁၉(င) ေပါ့ေနာ္ လက္နက္နဲ႔မိတယ္၊ ၿပီးေတာ့ ၁၉(စ) ေပါ့။ ၿပီးေတာ့ 122/ 124 အဲလိုမ်ိဳးေတြနဲ႔၊ 122 တပ္တာေတာ့မ်ားတယ္။ အဲဒါက ခ႐ိုင္႐ုံးေတြမွာ စြဲရတာေပါ့ေနာ္။”
ေရွ႕ေနဦးခင္ေမာင္ျမင့္ကေတာ့ သူ႔အမႈသည္ေတြထဲမွာ အမႈထပ္တိုးခံရသူ မရွိေပမဲ့လည္း အခုေနာက္ပိုင္း ဖမ္းဆီးခံရသူေတြဟာ ပိုမိုျပင္းထန္တဲ့ ဥပေဒပုဒ္မေတြနဲ႔ စြဲဆိုခံေနရတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။
“ ယခင္ကေတာ့ ၅ဝ၅- က နဲ႔ပဲ စြဲၾကတာမ်ားတယ္ေပါ့၊ သူ႔ရဲ႕ အျမင့္ဆုံး ျပစ္ဒဏ္က ၃ ႏွစ္ေပါ့။ သို႔ေသာ္ ဒီေနာက္ပိုင္းမွာက်ေတာ့ စြဲဆိုတာေတြက ၁၉၀၈ ခုႏွစ္ ေပါက္ကြဲေစတတ္ေသာဥပေဒ၊ သတၳဳပစၥည္းမ်ားဥပေဒ ပုဒ္မ (၅)၊ ပုဒ္မ (၃)၊ အျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္ႏိုင္တာနဲ႔ စြဲတယ္။ ၁၉၀၈ ခုႏွစ္ မတရာအသင္းဥပေဒ ပုဒ္မ ၁၇(၁) သို႔မဟုတ္ ၁၇(၂) နဲ႔ စြဲၾကတယ္။ ေနာက္တခါ ၁၉၈၄ ခုႏွစ္ ရာဇသတ္ႀကီးပုဒ္မ ၁၂၄ (က)၊ (ခ) နဲ႔ စြဲၾကတယ္ေပါ့။ ၂၀၁၇ မွာ ျပ႒ာန္းလိုက္တဲ့ အၾကမ္းဖက္မႈ အက္ဥပေဒ ၅၂(က)နဲ႔ စြဲၾကတယ္ေပါ့။ ဒါေတြက အရမ္းျပင္းထန္တယ္။ ျပစ္မႈအားျဖင့္လည္း ျပင္းထန္သလို ျပစ္ဒဏ္အားျဖင့္လည္း ျပင္းထန္တယ္ေပါ့။”
ႏိုင္ငံေရးအမႈေတြနဲ႔ တရားစြဲဆိုခံထားရတဲ့သူေတြထဲက တခ်ိဳ႕အမႈေတြကို စိစစ္ေပးဖို႔ရွိေၾကာင္းနဲ႔ တဖက္ကလည္း တျခားဥပေဒေတြနဲ႔ ၿငိစြန္းေနတာ ရွိ၊ မရွိကို စိစစ္ၿပီး တခ်ိဳ႕ ၅၀၅-က အမႈေတြကို ႐ုပ္သိမ္းေပးဖို႔ရွိေၾကာင္း နစကေကာင္စီရဲ႕ အစည္းအေဝးတခုမွာ ေဆြးေႏြးခဲ့တာကို ျမန္မာ့႐ုပ္ျမင္သံၾကားက ဒီရက္ပိုင္းမွာ ထုတ္လႊင့္ခဲ့ပါတယ္။
ကိုဗစ္ကန႔္သတ္ၿမိဳ႕နယ္ထဲမွာပါတဲ့ အင္းစိန္ေထာင္ကို ၂၀၂၁ မတ္လ ၆ ရက္ကစၿပီး lockdown သတ္မွတ္လိုက္တာပါ။ ဒါေၾကာင့္ အင္းစိန္ေထာင္ထဲက အထူးတရား႐ုံးေတြလည္း ပိတ္ထားရၿပီး ႐ုံးခ်ိန္းေ႐ႊ႕တာကိုေတာ့ video conferencing နဲ႔ျပဳလုပ္ေနတာပါ။
၅၀၅-က ေတြနဲ႔ ထိန္းသိမ္းခံရသူေတြရဲ႕ အမႈေတြကို ရက္ေပါင္း ၁၈၀ အတြင္းအၿပီးေဆာင္႐ြက္မယ္လို႔ စစ္ေကာင္စီအစိုးရဘက္က ေျပာၾကားခဲ့ေပမဲ့ ကိုဗစ္အကန႔္အသတ္ေတြေၾကာင့္ တခ်ိဳ႕အမႈေတြက ရက္ေပါင္း ၁၈၀ ေက်ာ္လာတာပါ။
အတိအက် အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရေတာ့ မၾကာခင္မွာ တရား႐ုံးေတြ ျပန္ဖြင့္ဖို႔ရွိၿပီး ၿမိဳ႕နယ္အလိုက္ သက္ဆိုင္ရာ တရားသူႀကီးေတြက ေနာက္ဆုံး အမိန႔္ခ်ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားၾကဖို႔ တာဝန္ရွိသူေတြက ၫႊန္ၾကားထားပါတယ္။
(Unicode)
ပုဒ်မ ၅၀၅ အကျဉ်းသားတွေ အမှုထပ်တိုးခံရ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေကို မကြာခင်မှာ ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တချို့ ၅၀၅ သမားတွေကတော့ ပြင်းထန်တဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုထပ်တိုးခံနေရကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရှေ့နေတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ဒေါ်ခင်မျိုးသက် ပြောပြပေးမှာပါ။
ရန်ကုန်အင်းစိန်ထောင်မှာ ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး တရားရင်ဆိုင်နေရတဲ့ လူငယ်တချို့ဟာ နောက်ထပ်အမှုတွေနဲ့ ထပ်တိုးစွဲဆိုခံထားရကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပုဒ်မ ၅၀၅- က နဲ့ မေလကတည်းက ဖမ်းဆီးခံထားရပြီး မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ပါမလာသူတွေဟာ ဒီလိုထပ်တိုးအမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
တချို့ အမှုတွဲတွေမှာဆိုရင် အဖွဲ့လိုက် ဖမ်းဆီးခံရသူတွေအားလုံးကို ထပ်တိုးပုဒ်မတွေနဲ့ စွဲဆိုထားကြောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ယောက်ရဲ့မိခင် ဒေါ်ခင်မြက ဗွီအိုအေကို ပြောပါတယ်။
“ ကလေးတွေက အထဲကနေ ရေးပေးတာလေ။ သူတို့ကို video conference နဲ့ ပြောနေတာ အထဲမှာ။ အခုရှေ့နေတွေက အပြင်ကနေ အထဲကို ဝင်ခွင့် မပေးဘူးလေ။ သူတို့က ကိုဗစ်ကြောင့် ရုံးပိတ်လိုက်ပြီးတော့ သူတို့ချည်းပဲ video conference နဲ့ ပြောနေကြတာ။ သူတို့ကတော့ အမှုကို ထပ်တိုးမှာပေါ့၊ လွှတ်မှမလွှတ်ပေးချင်တာ။ 122/ 124 ပဲ နိုင်ငံတော် ပုန်ကန်မှုပဲ။ ကလေးတွေက တဖွဲ့လုံးပေါ့နော်၊ အခုမှ စာရေးတဲ့သူတွေကရေးကြပေါ့၊ တချို့မိဘတွေ အန်တီတို့ အဖွဲ့တွေထဲက ကလေးတွေရဲ့ အမေတွေကလည်း ဖုန်းတွေဘာတွေ ဆက်ကြပေါ့နော်။ သူတို့က ဒီပုဒ်မတွေ တပ်ထားတယ်ပေါ့။ ဟုတ်တယ်လို့ ပုဒ်မက တပ်ထားတာလို့ အခုကျမှ လွတ်ငြိမ်းပေးခါနီးကျမှ သူတို့က နောက်ထပ်အမှုတွေ ထပ်တပ်ပစ်လိုက်တာ။”
ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့သူအများစုက နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်း ခံရတာပါ။ တချို့ ၅၀၅ အမှုတွေက စစ်ဆေးနေဆဲကာလမှာပဲ နောက်ထပ် ဥပဒေပုဒ်မအသစ်တွေနဲ့ ထပ်တိုးခံရတာလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“ ဟုတ်ကဲ့ ကျမတို့အမှုသည်တွေထဲမှာလည်း အဲလိုပဲ စစ်ဆေးနေဆဲပဲ ရှိသေးတာတောင်မှ ထပ်တိုးတာ၊ ဘာလို့ ထပ်တိုးလဲဆိုတော့ ဒီ မတရားအသင်းတွေနဲ့ ဆက်သွယ်တယ်ပေါ့။ ပုန်ကန်ဖို့အတွက် လှုပ်ရှားတယ်ပေါ့။ အဲလိုမျိုးနဲ့ ပုဒ်မထပ်တိုးတာ။ တချို့ဆိုရင် ၁၉(င) ပေါ့နော် လက်နက်နဲ့မိတယ်၊ ပြီးတော့ ၁၉(စ) ပေါ့။ ပြီးတော့ 122/ 124 အဲလိုမျိုးတွေနဲ့၊ 122 တပ်တာတော့များတယ်။ အဲဒါက ခရိုင်ရုံးတွေမှာ စွဲရတာပေါ့နော်။”
ရှေ့နေဦးခင်မောင်မြင့်ကတော့ သူ့အမှုသည်တွေထဲမှာ အမှုထပ်တိုးခံရသူ မရှိပေမဲ့လည်း အခုနောက်ပိုင်း ဖမ်းဆီးခံရသူတွေဟာ ပိုမိုပြင်းထန်တဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုခံနေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“ ယခင်ကတော့ ၅ဝ၅- က နဲ့ပဲ စွဲကြတာများတယ်ပေါ့၊ သူ့ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ပေါ့။ သို့သော် ဒီနောက်ပိုင်းမှာကျတော့ စွဲဆိုတာတွေက ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောဥပဒေ၊ သတ္ထုပစ္စည်းများဥပဒေ ပုဒ်မ (၅)၊ ပုဒ်မ (၃)၊ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်တာနဲ့ စွဲတယ်။ ၁၉၀၈ ခုနှစ် မတရာအသင်းဥပဒေ ပုဒ်မ ၁၇(၁) သို့မဟုတ် ၁၇(၂) နဲ့ စွဲကြတယ်။ နောက်တခါ ၁၉၈၄ ခုနှစ် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ (ခ) နဲ့ စွဲကြတယ်ပေါ့။ ၂၀၁၇ မှာ ပြဋ္ဌာန်းလိုက်တဲ့ အကြမ်းဖက်မှု အက်ဥပဒေ ၅၂(က)နဲ့ စွဲကြတယ်ပေါ့။ ဒါတွေက အရမ်းပြင်းထန်တယ်။ ပြစ်မှုအားဖြင့်လည်း ပြင်းထန်သလို ပြစ်ဒဏ်အားဖြင့်လည်း ပြင်းထန်တယ်ပေါ့။”
နိုင်ငံရေးအမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့သူတွေထဲက တချို့အမှုတွေကို စိစစ်ပေးဖို့ရှိကြောင်းနဲ့ တဖက်ကလည်း တခြားဥပဒေတွေနဲ့ ငြိစွန်းနေတာ ရှိ၊ မရှိကို စိစစ်ပြီး တချို့ ၅၀၅-က အမှုတွေကို ရုပ်သိမ်းပေးဖို့ရှိကြောင်း နစကကောင်စီရဲ့ အစည်းအဝေးတခုမှာ ဆွေးနွေးခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားက ဒီရက်ပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။
ကိုဗစ်ကန့်သတ်မြို့နယ်ထဲမှာပါတဲ့ အင်းစိန်ထောင်ကို ၂၀၂၁ မတ်လ ၆ ရက်ကစပြီး lockdown သတ်မှတ်လိုက်တာပါ။ ဒါကြောင့် အင်းစိန်ထောင်ထဲက အထူးတရားရုံးတွေလည်း ပိတ်ထားရပြီး ရုံးချိန်းရွှေ့တာကိုတော့ video conferencing နဲ့ပြုလုပ်နေတာပါ။
၅၀၅-က တွေနဲ့ ထိန်းသိမ်းခံရသူတွေရဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်းအပြီးဆောင်ရွက်မယ်လို့ စစ်ကောင်စီအစိုးရဘက်က ပြောကြားခဲ့ပေမဲ့ ကိုဗစ်အကန့်အသတ်တွေကြောင့် တချို့အမှုတွေက ရက်ပေါင်း ၁၈၀ ကျော်လာတာပါ။
အတိအကျ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ မကြာခင်မှာ တရားရုံးတွေ ပြန်ဖွင့်ဖို့ရှိပြီး မြို့နယ်အလိုက် သက်ဆိုင်ရာ တရားသူကြီးတွေက နောက်ဆုံး အမိန့်ချနိုင်ဖို့အတွက် ပြင်ဆင်ထားကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။