သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မတ္လ ၂၈ ပစ္ခတ္ခံရမႈေၾကာင့္ ဆႏၵျပသူ ၁၀ ဦးထက္မနည္း ေသဆံုး


ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္အတြင္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပေနမႈ ျမင္ကြင္း။ (မတ္ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြဟာ ႏုိင္ငံတဝန္းမွာ မေန႔ကေလာက္ ႀကီးႀကီးမားမား မရွိခဲ့ေပမယ့္လည္း ဒီေန႔မွာလည္း ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ေပၚေနၿပီး စစ္ေကာင္စီဘက္က ပစ္ခတ္ႏွိမ္နင္းတာေတြေၾကာင့္ ေသဆုံးမႈတခ်ိဳ႕ ရွိခဲ့ပါတယ္။ မုံရြာၿမိဳ႕မွာ ၂ ဦး ေသဆုံးခဲ့တာ အပါအဝင္ ႏုိင္ငံတဝန္းက အေျခအေန အျပည့္အစုံကို ကုိရန္ႏုိင္ တင္ျပေပးထားပါတယ္။

ႏုိင္ငံတဝန္းက မေန႔က ဆႏၵျပတဲ့သူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြက အၾကမ္းဖက္ၿဖိဳခဲြလို႔ လူ ၁၀၀ ေက်ာ္ ေသဆုံးၿပီးတဲ့ေနာက္ ဒီေန႔မွာလည္း ျပည္သူေတြက ႏုိင္ငံတဝန္းက ၿမိဳ႕ေတြမွာ ဆက္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတုိင္း ခ်င္းတြင္းျမစ္ကမ္းေပၚက မုံရြာၿမိဳ႕မွာေတာ့ ဒီေန႔မွာလည္း ဆႏၵျပတဲ့သူေတြ ေသာင္းနဲ႔ခ်ီ ရွိခဲ့ပါတယ္။ ဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္းကို ဒီေန႔မွာ ပစ္ခတ္ႏွိမ္နင္းတာေတြ မရွိခဲ့ေပမယ့္ ရတနာပုံရပ္ကြက္အတြင္းမွာ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြက ဝင္ေရာက္ႏွိမ္နင္းတာေၾကာင့္ သူနာျပဳဆရာမတဦးနဲ႔ အမ်ိဳးသားတဦး ေသနတ္က်ည္ထိမွန္ ေသဆုံးခဲ့တယ္လို႔ မုံရြာၿမိဳ႕ခံတဦးက ဗီြအိုေအကုိ ေျပာပါတယ္။

“မေန႔က သူတုိ႔ျပန္ဆုတ္သြားရတဲ့ ရတနာပုံရပ္ကြက္ကုိ ေနာက္ထပ္လာၿပီးေတာ့ ပစ္တာေတြ ခတ္တာေတြ ၾကမ္းတာေတြ ရမ္းတာေတြ လုပ္တဲ့အတြက္ ရပ္ကြက္ေန ျပည္သူလူထုနဲ႔ ထိပ္တုိက္ေတြ႔တဲ့အခါမွာ ရပ္ကြက္ေန ျပည္သူတခ်ဳိ႕ က်ည္မွန္တယ္ဗ်၊ ထိတယ္ေပါ့။ ထိေတာ့ First Aid အဖြဲ႔ေပါ့ သူနာျပဳအဖြဲ႔က တေယာက္ရယ္၊ ကူညီေနတဲ့ ေက်ာင္းသားတေယာက္ရယ္ ႏွစ္ေယာက္ ထိမွန္ၿပီး ေသဆုံးခဲ့ပါတယ္။ ရတနာပုံရပ္ကြက္ လမ္းပတ္ဝန္းက်င္မွာပဲ ၂ ေယာက္စလုံး က်ည္ထိမွန္ေသဆုံးမႈ ျဖစ္တာေပါ့ေနာ္။ ဒီေန႔ တေနကုန္နီးပါး အဲဒီရပ္ကြက္ကိုပဲ ဖိၿပီး မဲပါတယ္။ တျခားသပိတ္ဘက္ေတြေရာ တျခားလမ္းတခ်ိဳ႕မွာ အေစာင့္နည္းနည္းကလဲြလို႔ ဘာမွမရွိပါဘူး။”

ဒါ့အျပင္ ကေလးၿမိဳ႕မွာလည္း ဆႏၵျပပဲြကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ Women for Justice အဖဲြ႔ေခါင္းေဆာင္ မအားခူ ရင္ဘတ္က်ည္ထိမွန္ ေသဆုံးသြားခဲ့သလို ခ်င္းလူငယ္ ၁ ဦးလည္း က်ည္ထိမွန္ ေသဆုံးသြားပါတယ္။ ဒါ့အျပင္ ျမင္းၿခံၿမိဳ႕မွာလည္း စစ္ေကာင္စီဘက္က ပစ္ခတ္တာေၾကာင့္ အသက္ ၂၄ ႏွစ္အရြယ္ မဇင္မာေအာင္ အပါအဝင္ ၂ ေယာက္ ေသနတ္က်ည္ထိမွန္ ေသဆုံးသြားခဲ့ပါတယ္။ မႏၱေလးၿမိဳ႕မွာလည္း ဒီေန႔မွာ ျမေတာင္သပိတ္စစ္ေၾကာင္း၊ ဘုရားႀကီး ၿငိမ္းခ်မ္းေရး သပိတ္စစ္ေၾကာင္းေတြ အပါအဝင္ ဆႏၵျပတာ ဆက္ရွိေနခဲ့ၿပီး မေန႔က ေသဆုံးသြားတဲ့သူေတြရဲ႕ နာေရးအခမ္းအနားေတြကို က်င္းပခဲ့ၾကပါတယ္။

မေန႔က ေသဆုံးမႈေတြ အမ်ားအျပားရွိခဲ့တဲ့ ရန္ကုန္မွာေတာ့ ဒီေန႔မွာ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြက ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ေတာင္ဒဂုံၿမိဳ႕နယ္မွာ ၂ ေယာက္၊ သာေကတမွာ ၁ ေယာက္နဲ႔ လႈိင္ၿမိဳ႕နယ္မွာ ၁ ေယာက္ ေသဆုံးသြားခဲ့ပါတယ္။ လႈိင္ၿမိဳ႕နယ္ သီရိၿမိဳင္ဘူတာ႐ုံနားမွာေတာ့ လုံၿခဳံေရးေတြဘက္က လက္ပစ္ဗုံးနဲ႔ ပစ္တာေၾကာင့္ အမ်ိဳးသား ၁ ဦး လက္တဖက္ျပတ္သြားခဲ့ၿပီး ေနာက္တဦးလည္း ထိခိုက္ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဒါ့အျပင္ ကမာရြတ္ဘူတာနားမွာလည္း လုံၿခဳံေရးေတြဘက္က ပစ္ခတ္တာေၾကာင့္ ၁ ဦးေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဟုတ္ကဲ့ က်ေနာ္ၾကားရသေလာက္ က်ေနာ္ ျပန္ေျပာျပပါမယ္။ က်ေနာ္လည္း မ်က္ျမင္ေတာ့မဟုတ္ဘူးေပါ့ေနာ။ အဲဒီ အပစ္ခံရတဲ့အစ္ကုိက သူ႔ၿခံထဲမွာ သူရပ္ေနတုန္း ရထားသံလမ္းဘက္ကေန လွမ္းၿပီး ပစ္သြားတာေပါ့။ ရထားသံလမ္းနဲ႔ သူ႔ၿခံနဲ႔ဆုိ ဗဟုိလမ္း ကားလမ္းတလမ္းပဲ ျခားတာေပါ့။ အပစ္ခံရေတာ့ ပထမ သူ လည္ပင္းကုိ ထိတယ္လုိ႔ ၾကားပါတယ္။ ၿပီးေတာ့ သူလဲသြားတယ္။ လဲသြားေတာ့ ဟုိဘက္က ထပ္ပစ္တယ္။ ထပ္ပစ္ေတာ့ ေက်ာကုန္းကုိ ထိသြားတယ္။ ေက်ာကုန္းကို ထိသြားၿပီးေတာ့ အဲဒီအခ်ိန္မွာေတာ့ သူ မေသေသးဘူးေပ့ါ။ ေဘးနားက လူေတြက သူ႔ကုိ ဝုိင္းျပဳစုၿပီး ေဆး႐ုံပို႔လုိက္ၿပီး ေဆး႐ုံမွာ ဆုံးသြားတယ္လို႔ပဲ က်ေနာ္ၾကားပါတယ္။ သူအပစ္ခံရၿပီး ခနၾကာေတာ့ ရဲေတြေရာက္လာၿပီး သူ႔ကို ဘယ္သူ ေဆးကုေပးသလဲေပါ့။ ဘယ္ေဆး႐ုံေခၚသြားသလဲ ဘာညာ ဆုိၿပီးေတာ့ ရပ္ကြက္ထဲက လူေတြကို လုိက္ၿပီးေတာ့ ေမးျမန္းတယ္လို႔ ကေ်နာ္ၾကားပါတယ္။”

ဒါ့အျပင္ စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းမွာရွိတဲ့ အာရွေတာ္ဝင္ ေဆး႐ုံံအတြင္းကိုလည္း စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြ ဒီေန႔အေစာပိုင္းက ဝင္ေရာက္ပစ္ခတ္မႈေတြ ရွိတယ္လို႔ သိရပါတယ္။ အဲဒီပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတဦး ထိခုိက္ဒဏ္ရာ ရသြားတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ ဗီြအိုေအအေနနဲ႔ အာရွေတာ္ဝင္ေဆး႐ုံကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒါ့အျပင္ ေတာင္ႀကီးၿမိဳ႕က ခ်ယ္ရီကြင္းအနီးက လူထုသပိတ္ကို လုံၿခဳံေရးေတြဘက္က ဒီေန႔ ညေနပိုင္းက အၾကမ္းဖက္ ၿဖိဳခဲြတာေတြေၾကာင့္ ေသနတ္က်ည္ထိမွန္ၿပီး ဒဏ္ရာရသူ ၁၀ ေယာက္ထက္မနည္းရွိၿပီး ဒဏ္ရာေတြ ျပင္းထန္တာေၾကာင့္ အေျခအေန စိုးရိမ္ရတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ကသာ၊ သီေပါ၊ မုိးကုတ္၊ ပဲခူး၊ ေမာ္လုိက္၊ ေရဦး၊ ကၽြန္းလွ အပါအဝင္ ႏုိင္ငံတဝန္းက ၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔ လုပ္ခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး အခုခ်ိန္ထိ ႏုိင္ငံတဝန္းက ဆႏၵျပပဲြေတြကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လူ ၄၂၀ ထက္မနည္း ေသဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မတ်လ ၂၈ ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း သေဆုံး

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်းမှာ မနေ့ကလောက် ကြီးကြီးမားမား မရှိခဲ့ပေမယ့်လည်း ဒီနေ့မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် သေဆုံးမှုတချို့ ရှိခဲ့ပါတယ်။ မုံရွာမြို့မှာ ၂ ဦး သေဆုံးခဲ့တာ အပါအဝင် နိုင်ငံတဝန်းက အခြေအနေ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

နိုင်ငံတဝန်းက မနေ့က ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲလို့ လူ ၁၀၀ ကျော် သေဆုံးပြီးတဲ့နောက် ဒီနေ့မှာလည်း ပြည်သူတွေက နိုင်ငံတဝန်းက မြို့တွေမှာ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းပေါ်က မုံရွာမြို့မှာတော့ ဒီနေ့မှာလည်း ဆန္ဒပြတဲ့သူတွေ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာ ပစ်ခတ်နှိမ်နင်းတာတွေ မရှိခဲ့ပေမယ့် ရတနာပုံရပ်ကွက်အတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်နှိမ်နင်းတာကြောင့် သူနာပြုဆရာမတဦးနဲ့ အမျိုးသားတဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က သူတို့ပြန်ဆုတ်သွားရတဲ့ ရတနာပုံရပ်ကွက်ကို နောက်ထပ်လာပြီးတော့ ပစ်တာတွေ ခတ်တာတွေ ကြမ်းတာတွေ ရမ်းတာတွေ လုပ်တဲ့အတွက် ရပ်ကွက်နေ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ရပ်ကွက်နေ ပြည်သူတချို့ ကျည်မှန်တယ်ဗျ၊ ထိတယ်ပေါ့။ ထိတော့ First Aid အဖွဲ့ပေါ့ သူနာပြုအဖွဲ့က တယောက်ရယ်၊ ကူညီနေတဲ့ ကျောင်းသားတယောက်ရယ် နှစ်ယောက် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ရတနာပုံရပ်ကွက် လမ်းပတ်ဝန်းကျင်မှာပဲ ၂ ယောက်စလုံး ကျည်ထိမှန်သေဆုံးမှု ဖြစ်တာပေါ့နော်။ ဒီနေ့ တနေကုန်နီးပါး အဲဒီရပ်ကွက်ကိုပဲ ဖိပြီး မဲပါတယ်။ တခြားသပိတ်ဘက်တွေရော တခြားလမ်းတချို့မှာ အစောင့်နည်းနည်းကလွဲလို့ ဘာမှမရှိပါဘူး။”

ဒါ့အပြင် ကလေးမြို့မှာလည်း ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းတာကြောင့် Women for Justice အဖွဲ့ခေါင်းဆောင် မအားခူ ရင်ဘတ်ကျည်ထိမှန် သေဆုံးသွားခဲ့သလို ချင်းလူငယ် ၁ ဦးလည်း ကျည်ထိမှန် သေဆုံးသွားပါတယ်။

ဒါ့အပြင် မြင်းခြံမြို့မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် အသက် ၂၄ နှစ်အရွယ် မဇင်မာအောင် အပါအဝင် ၂ ယောက် သေနတ်ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ဒီနေ့မှာ မြတောင်သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းတွေ အပါအဝင် ဆန္ဒပြတာ ဆက်ရှိနေခဲ့ပြီး မနေ့က သေဆုံးသွားတဲ့သူတွေရဲ့ နာရေးအခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။

မနေ့က သေဆုံးမှုတွေ အများအပြားရှိခဲ့တဲ့ ရန်ကုန်မှာတော့ ဒီနေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တောင်ဒဂုံမြို့နယ်မှာ ၂ ယောက်၊ သာကေတမှာ ၁ ယောက်နဲ့ လှိုင်မြို့နယ်မှာ ၁ ယောက် သေဆုံးသွားခဲ့ပါတယ်။ လှိုင်မြို့နယ် သီရိမြိုင်ဘူတာရုံနားမှာတော့ လုံခြုံရေးတွေဘက်က လက်ပစ်ဗုံးနဲ့ ပစ်တာကြောင့် အမျိုးသား ၁ ဦး လက်တဖက်ပြတ်သွားခဲ့ပြီး နောက်တဦးလည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါ့အပြင် ကမာရွတ်ဘူတာနားမှာလည်း လုံခြုံရေးတွေဘက်က ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးသွားတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်ကြားရသလောက် ကျနော် ပြန်ပြောပြပါမယ်။ ကျနော်လည်း မျက်မြင်တော့မဟုတ်ဘူးပေါ့နော။ အဲဒီ အပစ်ခံရတဲ့အစ်ကိုက သူ့ခြံထဲမှာ သူရပ်နေတုန်း ရထားသံလမ်းဘက်ကနေ လှမ်းပြီး ပစ်သွားတာပေါ့။ ရထားသံလမ်းနဲ့ သူ့ခြံနဲ့ဆို ဗဟိုလမ်း ကားလမ်းတလမ်းပဲ ခြားတာပေါ့။ အပစ်ခံရတော့ ပထမ သူ လည်ပင်းကို ထိတယ်လို့ ကြားပါတယ်။ ပြီးတော့ သူလဲသွားတယ်။ လဲသွားတော့ ဟိုဘက်က ထပ်ပစ်တယ်။ ထပ်ပစ်တော့ ကျောကုန်းကို ထိသွားတယ်။ ကျောကုန်းကို ထိသွားပြီးတော့ အဲဒီအချိန်မှာတော့ သူ မသေသေးဘူးပေ့ါ။ ဘေးနားက လူတွေက သူ့ကို ဝိုင်းပြုစုပြီး ဆေးရုံပို့လိုက်ပြီး ဆေးရုံမှာ ဆုံးသွားတယ်လို့ပဲ ကျနော်ကြားပါတယ်။ သူအပစ်ခံရပြီး ခနကြာတော့ ရဲတွေရောက်လာပြီး သူ့ကို ဘယ်သူ ဆေးကုပေးသလဲပေါ့။ ဘယ်ဆေးရုံခေါ်သွားသလဲ ဘာညာ ဆိုပြီးတော့ ရပ်ကွက်ထဲက လူတွေကို လိုက်ပြီးတော့ မေးမြန်းတယ်လို့ ကျေနာ်ကြားပါတယ်။”

ဒါ့အပြင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာရှိတဲ့ အာရှတော်ဝင် ဆေးရုံံအတွင်းကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဒီနေ့အစောပိုင်းက ဝင်ရောက်ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ ဗွီအိုအေအနေနဲ့ အာရှတော်ဝင်ဆေးရုံကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါ့အပြင် တောင်ကြီးမြို့က ချယ်ရီကွင်းအနီးက လူထုသပိတ်ကို လုံခြုံရေးတွေဘက်က ဒီနေ့ ညနေပိုင်းက အကြမ်းဖက် ဖြိုခွဲတာတွေကြောင့် သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိပြီး ဒဏ်ရာတွေ ပြင်းထန်တာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ သီပေါ၊ မိုးကုတ်၊ ပဲခူး၊ မော်လိုက်၊ ရေဦး၊ ကျွန်းလှ အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ လုပ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုချိန်ထိ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် လူ ၄၂၀ ထက်မနည်း သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG