သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္အနီးတိုက္ပြဲ စစ္ေကာင္စီေလေၾကာင္းသုံးတိုက္ခိုက္


ထိုင္းျမန္မာနယ္စပ္ KNU ထိန္းခ်ဳပ္နယ္ေျမထဲ ခိုလံႈလာတဲ့ဒုကၡသည္ေတြ ထမင္းစားဖို႔တန္းစီေနစဥ္။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ ထိန္းခ်ဳပ္ရာနယ္ေျမျဖစ္တဲ့ျမဝတီခ႐ိုင္ ေလးေက့ေကာ္အနီး ဖလူးေလး႐ြာဘက္မွာ -KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔စစ္ေကာင္စီတပ္ေတြၾကား မေန႔ကစၿပီးတိုက္ပြဲေတြျပန္ျဖစ္ေနပါတယ္။ ဒီကေန႔မွာေတာ့ စစ္ေကာင္စီဘက္က ရဟတ္ယာဥ္ေတြနဲ႔ေလေၾကာင္းကေန တိုက္ခိုက္ေနတာေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြလည္း ထပ္ၿပီး ထြက္ေျပးလာေနၾကပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ နယ္ေျမျဖစ္တဲ့ ျမဝတီခ႐ိုင္ ေလးေက့ေကာ္အနီး ဖလူးေလး႐ြာဘက္မွာ -KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔စစ္ေကာင္စီတပ္ေတြၾကားမွာ ေဖေဖၚဝါရီလ ၁၅ ရက္ေန႔ ကစၿပီးတိုက္ပြဲေတြျပန္ျဖစ္ေနပါတယ္။

ဒီကေန႔ ေဖေဖၚဝါရီလ ၁၆ ရက္ေန႔မွာလည္း ႏွစ္ဘက္တိုက္ပြဲေတြျဖစ္ေနေၾကာင္း၊ စစ္ေကာင္စီဘက္က ေလေၾကာင္း တိုက္ခိုက္မႈေတြရွိတယ္လို႔ ျပည့္သူကာကြယ္ေရးတပ္ဖြဲ႔ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာျပပါတယ္။

“က်ေနာ္တို႔ဘက္က KNLA က တပ္ရင္း ၂၇ PDF တပ္ပါတယ္။ ခလရ ၅၆၀ နဲ႔ေလးေက့ေကာ္မွာတပ္စြဲထားတဲ့တပ္ပဲ။ ဖလူးမွာတိုက္ပြဲျဖစ္ေနတယ္။ မေန႔တုန္းက စျဖစ္ပါတယ္။ ဒီကေန႔လည္း တေနကုန္ ပစ္ေနပါတယ္။ ေန႔လယ္က လက္နက္ႀကီးေတြနဲ႔ပစ္တယ္။ ဖလူးစာသင္ေက်ာင္းနဲ႔ဘုန္းႀကီးေက်ာင္းနားမွာေပါ့ေနာ္။ တိုက္ပြဲေတြအႀကီးအက်ယ္ျဖစ္ေနတယ္။ ေလးေက့ေကာ္ အေျမာက္ကုန္းကေနလည္း ဖလူးဘက္ကို လွမ္းပစ္တယ္။ ရမ္းသမ္းပစ္တာေပါ့ေနာ္။ အခုခ်ိန္ထိ ပစ္ေနတုန္းပဲ။ ပထမကင္းေထာက္တာက ေလယာဥ္နဲ႔ကင္းေထာက္ၿပီး ရဟတ္ယာဥ္နဲ႔လာပစ္သြားတယ္။”

ေဖေဖၚဝါရီလ ၁၆ ရက္ေန႔မွာေတာ့ ဒုကၡသည္ေတြ ပုန္းခိုေနတဲ့ေနရာေတြနား ရဟတ္ယာဥ္နဲ႔ ပစ္ခတ္ေနတာေၾကာင့္လည္း ေသာင္ရင္းျမစ္ကမ္းနားကို ဒုကၡသည္ေတြထပ္တိုးလာေနတယ္လို႔ ဒုကၡသည္ေတြကို အစားအေသာက္အကူညီေပးေနသူတဦးကလည္းေျပာပါတယ္။

“တိုက္ပြဲေတြကျဖစ္ေနတုန္းပဲ။ မနက္ကလည္းျဖစ္ေနတယ္။ ညေနလည္း ရဟတ္ယာဥ္နဲ႔လာပစ္တယ္။ စစ္ေဘးေရွာင္က မေန႔ကညေနထိေတာ့ မယ့္ကိုကင္းတစုေလးမွာပဲ ၁,၆၅၀ ေလာက္ရွိတယ္။အခုထပ္ေျပးလာတယ္ဆိုေတာ့ ၂ ေထာင္ေက်ာ္သြားမယ္။ အဲဒါက မယ့္ကိုးကင္းေက်း႐ြာတဝိုက္ တစုေလးကိုပဲေျပာတာ။ က်န္တဲ့ေနရာေတြမွာရွိေသးတယ္။ ေက်ာက္ခက္တို႔၊ ဝါးေလးဘက္တို႔ဘက္မွာလည္းရွိတယ္။”

ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ေကာ ေန႔စဥ္ စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ပါ စစ္ေဘးေရွာင္ေတြဟာ သူတို႔ေက်း႐ြာေတြကို အခုထိမျပန္ႏိုင္ၾကေသးဘဲ တျဖည္းျဖည္းေနရာေျပာင္းေရႊ႕ရင္းနဲ႔ ေသေဘာဘိုးဆိုတဲ့ေနရာမွာ အစုအေဝးနဲ႔ ေရာက္ေနၾကတယ္လို႔လည္း ကိုေစာမြန္ကေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြလည္း ဒုကၡေရာက္ေနတာေပါ့။ အခုစစ္ေဘးေရွာင္ေတြက ေသေဘာဘိုးတို႔၊ ဆုံဆည္းၿမိဳင္တို႔ဘက္မွာပဲ သြားၿပီးစုၿပဳံေနရတယ္။ ထိုင္းဘက္ကမ္းက ပို႔တဲ့ဟာေလးေတြပဲ စားၿပီးေနေနရတယ္။”

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္းမွာ ခိုလႈံေနတဲ့ လႊတ္ေတာ္အမတ္ ၂ ဦးနဲ႔ စစ္အာဏာသိမ္းတာကို ဆန႔္က်င္တဲ့တက္ႂကြလႈပ္ရွားသူေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္ထားတဲ့ ဝန္ထမ္း ေတြပါတဲ့ လူ ၂၀ ေက်ာ္ကို စစ္ေကာင္စီတပ္ေတြက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၁၄ ရက္မွာ ဝင္ေရာက္ဖမ္း ဆီးခဲ့ပါတယ္။ ေနာက္တရက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစလို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္အပါအဝင္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ NUG လက္ေအာက္ခံ ျပည္သူ႔ ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ဖြဲေတြနဲ႔ စစ္ေကာင္စီတပ္ေတြဟာ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

လေးကေ့ကော်အနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်

ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့မြဝတီခရိုင် လေးကေ့ကော်အနီး ဖလူးလေးရွာဘက်မှာ -KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြား မနေ့ကစပြီးတိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ထပ်ပြီး ထွက်ပြေးလာနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ မြဝတီခရိုင် လေးကေ့ကော်အနီး ဖလူးလေးရွာဘက်မှာ -KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားမှာ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ကစပြီးတိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာလည်း နှစ်ဘက်တိုက်ပွဲတွေဖြစ်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိတယ်လို့ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“ကျနော်တို့ဘက်က KNLA က တပ်ရင်း ၂၇ PDF တပ်ပါတယ်။ ခလရ ၅၆၀ နဲ့လေးကေ့ကော်မှာတပ်စွဲထားတဲ့တပ်ပဲ။ ဖလူးမှာတိုက်ပွဲဖြစ်နေတယ်။ မနေ့တုန်းက စဖြစ်ပါတယ်။ ဒီကနေ့လည်း တနေကုန် ပစ်နေပါတယ်။ နေ့လယ်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဖလူးစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းနားမှာပေါ့နော်။ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ လေးကေ့ကော် အမြောက်ကုန်းကနေလည်း ဖလူးဘက်ကို လှမ်းပစ်တယ်။ ရမ်းသမ်းပစ်တာပေါ့နော်။ အခုချိန်ထိ ပစ်နေတုန်းပဲ။ ပထမကင်းထောက်တာက လေယာဉ်နဲ့ကင်းထောက်ပြီး ရဟတ်ယာဉ်နဲ့လာပစ်သွားတယ်။”

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာတော့ ဒုက္ခသည်တွေ ပုန်းခိုနေတဲ့နေရာတွေနား ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတာကြောင့်လည်း သောင်ရင်းမြစ်ကမ်းနားကို ဒုက္ခသည်တွေထပ်တိုးလာနေတယ်လို့ ဒုက္ခသည်တွေကို အစားအသောက်အကူညီပေးနေသူတဦးကလည်းပြောပါတယ်။

“တိုက်ပွဲတွေကဖြစ်နေတုန်းပဲ။ မနက်ကလည်းဖြစ်နေတယ်။ ညနေလည်း ရဟတ်ယာဉ်နဲ့လာပစ်တယ်။ စစ်ဘေးရှောင်က မနေ့ကညနေထိတော့ မယ့်ကိုကင်းတစုလေးမှာပဲ ၁,၆၅၀ လောက်ရှိတယ်။အခုထပ်ပြေးလာတယ်ဆိုတော့ ၂ ထောင်ကျော်သွားမယ်။ အဲဒါက မယ့်ကိုးကင်းကျေးရွာတဝိုက် တစုလေးကိုပဲပြောတာ။ ကျန်တဲ့နေရာတွေမှာရှိသေးတယ်။ ကျောက်ခက်တို့၊ ဝါးလေးဘက်တို့ဘက်မှာလည်းရှိတယ်။”

နှစ်ဘက်တိုက်ပွဲတွေကြောင့်ကော နေ့စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပါ စစ်ဘေးရှောင်တွေဟာ သူတို့ကျေးရွာတွေကို အခုထိမပြန်နိုင်ကြသေးဘဲ တဖြည်းဖြည်းနေရာပြောင်းရွှေ့ရင်းနဲ့ သေဘောဘိုးဆိုတဲ့နေရာမှာ အစုအဝေးနဲ့ ရောက်နေကြတယ်လို့လည်း ကိုစောမွန်ကပြောပါတယ်။

“စစ်ဘေးရှောင်တွေလည်း ဒုက္ခရောက်နေတာပေါ့။ အခုစစ်ဘေးရှောင်တွေက သေဘောဘိုးတို့၊ ဆုံဆည်းမြိုင်တို့ဘက်မှာပဲ သွားပြီးစုပြုံနေရတယ်။ ထိုင်းဘက်ကမ်းက ပို့တဲ့ဟာလေးတွေပဲ စားပြီးနေနေရတယ်။”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အတွင်းမှာ ခိုလှုံနေတဲ့ လွှတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်း တွေပါတဲ့ လူ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်း ဆီးခဲ့ပါတယ်။ နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

==========

XS
SM
MD
LG