သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဂါဘီ ပါတီခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံရ


သမ္မတ ရောဘတ် မူဂါဘီ
သမ္မတ ရောဘတ် မူဂါဘီ

ဇင်ဘာဘွေ နိုင်ငံရဲ့ အာဏာရ ZANU-PF ပါတီက သမ္မတ ရောဘတ် မူဂါဘီကို ပါတီ ခေါင်းဆောင် အဖြစ်ကနေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ဒုတိယ သမ္မတဟောင်း အီမာဆန် မနန်ဂါဂွါ ကို ပါတီ ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒုတိယ သမ္မတ မနန်ဂါဂွါကို သမ္မတ မူဂါဘီက ပြီးခဲ့တဲ့ သတင်းပတ်က ရာထူးက ဖယ်ရှားလိုက်တာပါ။ သမ္မတ မူဂါဘီရဲ့ ဇနီးသည် ဂရေစ့် မူဂါဘီကိုလည်း ZANU-PF အမျိုးသမီး အဖွဲ့ခေါင်းဆောင် အဖြစ်ကနေရော အာဏာရပါတီရဲ့ အဖွဲ့ဝင် အဖြစ်ကနေလည်း ပါတီ ခေါင်းဆောင်ပိုင်းက ဖယ်ရှားလိုက်ပါတယ်။

သမ္မတ မူဂါဘီ အနေနဲ့ ရာထူးက ဖယ်ရှားမပေးရင်တော့ သမ္မတကို စွပ်စွဲပြစ်တင်ဖို့လည်း ဖြစ်နိုင်ခြေ ရှိတယ်လို့ အတိုက်အခံဘက်က လွှတ်တော် ဆော်သြရေးမှူး Innocent Gonese က AP သတင်းအေဂျင်စီကို ပြောပါတယ်။ အတိုက်အခံ MDC-T နဲ့ ZANU-PF ပါတီတို့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးထားကြောင်း အတိုက်အခံပါတီ ခေါင်းဆောင်က ပြောပါတယ်။ အင်္ဂါနေ့မှာမှ မူဂါဘီ မပြုတ်ဘူးဆိုရင်တော့ မနက်မိုးလင်းတာနဲ့ သမ္မတကို စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ်ကို စဖြစ်ဖို့က သေချာသလောက် ရှိပါတယ်လို့ အတိုက်အခံ ပါတီ ခေါင်းဆောင် Gonese က ပြောပါတယ်။

သမ္မတ မူဂါဘီ နုတ်ထွက်ပေးရေး နိုင်ငံတဝန်း ဆန္ဒပြ တောင်းဆိုမှုတွေ ရှိနေတဲ့ အတောအတွင်း မနေ့ စနေနေ့ကတော့ ဇင်ဘာဘွေ ပြည်သူ ထောင်နဲ့ချီပြီး မြို့တော် Harare က လမ်းမတွေပေါ်ထွက် ချီတက်ခဲ့ကြတာမှာ တချို့ကတော့ သမ္မတ မူဂါဘီရဲ့ အစိုးရ အိမ်တော်ကို ဦးတည် ချီတက်ခဲ့ကြပါတယ်။ အစိုးရ အိမ်တော်မှာ သမ္မတ မူဂါဘီကို နေအိမ်အကျယ်ချုပ် ချထားပြီး ရာထူးက နုတ်ထွက်ဖို့ စေ့စပ်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG