သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအခြေအနေ တည်ငြိမ်စပြု


မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေသူများ (ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေသူများ (ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဒီအဖြစ်အပျက်ရဲ့ အမှန်တရားတွေ နိုင်ငံတကာက သိရှိလာအောင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရဲ့ သဘောထားတွေကို အဖွဲ့ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာဘဲ မောင်တောမြို့က အခြေအနေတွေဟာ တဖြည်းဖြည်းနဲ့ တည်ငြိမ်စပြုလာ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဝါဒဖြန့်ချိမှု အားပြိုင်နေတဲ့အတွက် အမှန်တရား ပေါ်ထွက်အောင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သတင်းထောက်တွေကိုပြောကြားပါတယ်။

“ဝါဒဖြန့်ချိမှု အားပြိုင်မှုမှာ အမှန်တရားက အောင်ပွဲခံအောင် လုပ်ကိုလုပ်ရမယ်။ ကျနော်တို့ ဘာသာစကားအရ လိုတယ်။ နိုင်ငံတကာ ဖတ်နိုင်မယ့် အာရဘီ ဘာသာစကားရော အင်္ဂလိပ်စကားကော၊ ဥရောပတိုင်းပြည်ထဲက တချို့ဘာသာ စကားတွေနဲ့ရော- ကျနော်တို့မှာ အားလုံးတူညီတဲ့ အရေးကြီးတဲ့ ခုခံခြေပချက် အမှန်တရားဖက်က ရပ်တည်လျှောက်လဲချက်တွေကို တင်နိုင်ရမယ်ဗျ။ အခုဖြစ်နေတာက စနစ်ကျနတဲ့ ဗျူဟာကြီး တခုလုံးနဲ့ ကျနော်တို့ မတုန့်ပြန်နိုင်ကြဘူး။ တဦးချင်း ထူးချွန်မှုအနေနဲ့ ကိုယ့်Post မှာ ကိုယ်ရေးနေကြတယ် .. အဲဒါတွေက မကောင်းဘူးလားဆိုတော့ ကောင်းတယ် ဒါပေမဲ့ အဲဒါတွေအားလုံးပေါင်းပြီးတော့ ခိုင်မာပြီး အားကောင်းတဲ့ စုပေါင်း Statement မျိုးဖြစ်ရမယ်။ ဖြစ်ရပ်မှန်တွေကို ရှင်းပြနိုင်ရမယ် Data တွေကို ထုတ်ပြနိုင်ရမယ်။ သုံးသပ်ချက် မှန်မှန်ကန်ကန် ပြနိုင်ရမယ်။ ပြီးတော့မှ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ကုစားတဲ့နည်းကို ရှာနိုင်ရမယ်။ အရေးကြီးတာက သတင်းနဲ့ ပြန်ကြားရေးက ဒီထက်ပိုပြီး အားစိုက်ရမယ်၊ ဒီကနေ့ဟာ ဝါဒဖြန့်ချိမှု အားပြိုင်နေရတာပဲလေ။”

တဘက်မှာ မလို အမုန်းတရားတွေ တိုးပွားအောင် သွေးတိုး လှုံ့ဆော်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း ကိုမင်းကိုနိုင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“အကုန် သတ်ပစ်၊ အကုန်မောင်းထုတ်ပစ် ဆိုတာမျိုးက လက်တွေ့မှာ ဘယ်လိုမှ လုပ်လို့ မရနိုင်မှန်း သိပါလျှက်နဲ့ တမင်သပ်သပ်ပေးနေတဲ့ အသံတွေလို့ ကျနော်နားလည်တယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့ဟာ အထိုက်အလျှောက် အကန့်အသတ်တွေကို သဘောတူရမယ်၊ ခွင့်ပြုရမယ်။ အဲဒီဟာက စနစ်တကျ ရှိရမယ်၊ ဥပဒေနဲ့အညီ ဖြစ်ရမယ်။ ပြီးလို့ရှိရင် ကျန်တဲ့ဟာတွေကတော့ကျနော်တို့ ရှင်းရမယ်။ ရှင်းတယ်ဆိုတဲ့နေရာမှာလဲ ဥပဒေနဲ့ အညီပဲ။ နိုင်ငံတကာကနေပြီးတော့ ဘဝင်ကျသွားတဲ့ ရှင်းလင်းမှုမျိုး ဖြစ်ရမယ်။ ဒါက ပြဿနာထဲမှာပါဝင်နေတဲ့ အစိတ်အပိုင်းတွေကို ကျနော် ပြောတာနော်။ အကြမ်းဖက်သမားတွေကတော့ ရှင်းတယ်။ အကြမ်းဖက်သမားကိုတော့ ဘယ်လိုရှင်းရမလဲဆိုတာ သမ္မတကလည်း ဆုံးဖြတ် ပြီးသွားပြီ။ အဲလိုတော့ ရှိတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံတချို့အတွက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က မနီလာသိန်းနဲ့ မမီးမီးတို့ ဦးဆောင်ပြီး ဘူးသီးတောင် မြို့နယ် အတွင်းက ကျေးရွာတချို့မှာ စားနပ်ရိက္ခာတွေ သွားရောက် လှုဒါန်းခဲ့ကြပါတယ်။ မောင်တော မြို့ခံတဦးဖြစ်တဲ့ ဦးစံရွှေကတော့ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်စပြုလာနေပြီလို့ ပြောပါတယ်။

“အခြေအနေကတော့ အရင်ထက်စာရင်တော တည်တည်ငြိမ်ငြိမ်ပါပဲ။ ပြေလည်တယ်ဆိုတာက အမျိုးသမီးလောက်ပဲ များတာပါ။ ယောက်ျားတွေ ကတော့ သိပ်မပြောတတ်ဘူး။ ပြန်လာတဲ့သူတွေတော့ ပြန်လာနေကြပါပြီ။ ရခိုင်တွေကိုပြောတာပါ။ ဘင်္ဂလီတွေကတော့သူတို့ဆွေမျိုးတွေ ရှိတဲ့ဆီကို သွားကြတာပေါ့။ ဒီဘက် မလာဘူးခင်ဗျ။

ကိုဇော်ဝင်းလှိုင်။ ။ ဦးစံရွှေ တပ်မတော်ကလည်း မနေ့က သတင်းထုတ်ပြန်တယ်လေ ဘူးသီးတောင်ဘက်မှာ တချို့ နေရပ်ပြန်နေကြပြီဆိုတာ .. အဲဒါ သူတို့ပြောတာ မှန်တယ်ဆိုတဲ့ သဘောလားခင်ဗျ။

ဦးစံရွှေ။ ။ ခုလောလောဆယ် မှန်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အဲဒါဆိုရင် မြို့က အခုဘယ်လို အနေအထားရှိသလဲ။ ပုံမှန်လည်ပတ်တယ် ဆိုတာကတော့ အလှမ်းဝေးဦးမှာပေါ့။ အရင်ကနဲ့စာရင် တချို့ပြန်လာကြပြီးဆိုတော့ ဘယ်လိုအနေအထားမျိုးများ ရောက်သွားပြီးလဲ ခင်ဗျ။

ဦးစံရွှေ။ ။ အရင်ထက်တော့ ဘယ်လိုပြောမလဲ .. နည်းနည်းတော့ ကြောက်နေတာပေါ့ဗျာ အခြေအနေက။ ဒါပေမယ့် ပုံမှန်ကတော့ ကြာဦးမယ် ထင်ပါတယ်။ ပုံမှန်ပြန်ဖြစ်ဖို့က။

ကိုဇော်ဝင်းလှိုင်။ ။ ဒေသခံတွေအတွက် အကူအညီပေးရေး အခြေနေ စားဝတ်နေရေး အခြေအနေ ဘယ်လိုများ ရှိပါသလဲ။

ဦးစံရွှေ။ ။ အကူအညီပေးရေး အခြေနေကတော အဆင်ပြေပါတယ်။ သူ့ဟာသူ စနစ်တကျပေါ့။ သက်ဆိုင်ရာလူတွေနဲ့ စုဖွဲ့ပြီးတော့။ မြို့ခံတွေလည်း အကူအညီပေးနေတဲ့ သူတွေ ရှိတယ်လေ။

တချိန်ထဲမှာဘဲ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဟိန္ဒူဘာသာဝင် ၈၀ လောက် လိုက်ပါလာတဲ့ ဘတ်စကားတစီး လမ်းချော် တိမ်းမှောက်သွားတဲ့အတွက် အနည်းဆုံး ၁၅ ဦးလောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အဲဒီဒေသမှာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ကိုထက်အောင်လင်းက ပြောပါတယ်။

“ဘူးသီးတောင်အဝင် သူတို့တွေနေတဲ့ ကယ်ဆယ်ရေး စခန်းကအလာ ကားက လမ်းချော်ပြီး ပြုတ်ကျသွားတာပါ။ ဟိန္ဒူဘာသာဝင် များတယ်။ စနေနေ့ ညနေပိုင်း ၅နာရီနဲ့ ၅နာရီခွဲကြားလောက် ဖြစ်တာ။ ၁၅ယောက်နဲ့ အထက်တော့ ဒဏ်ရာရသွားတယ်။

သူတို့နေတဲ့ ကျေးရွာတွေကနေ ဘူးတောင်မှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းကိုအလာ လမ်းခုလတ်မှာ ဘတ်စကား တိမ်းမှောက် သွားခဲ့တာ ဖြစ်ပါတယ်။ တနေကုန် အစာမစားဘဲ ကားစီးလာခဲ့ကြရတဲ့ အဲဒီ လူတွေအတွက် စားစရာနဲ့ တခြား နေရာခိုင်ခင်းတွေ စီစဉ်ပေးခဲ့ကြောင်းလဲ ကိုထက်အောင်လင်းက ပြောပါတယ်။

မောင်တောအခြေအနေ တည်ငြိမ်စပြု - ၂
please wait

No media source currently available

0:00 0:04:49 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG