သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဌာနေပြန်ရေး ဒီရက်ပိုင်း ပြန်စနိုင်မလား


ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေးက အချိန်မရွေး စနိုင်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Shahidul Haque က တနင်္ဂနွေနေ့က ဆွေးနွေးပွဲမှာ ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေမှာ ဖော်ပြကြပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်က သြဂုတ်လ ၂၂ ရက်နေ့မှာ စမယ်လို့ ရိုက်တာ သတင်းအေဂျင်စီက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖော်ပြခဲ့ပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့မှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး တကယ်တန်း စဖြစ်မလားဆိုတာကို သတင်းထောက်တယောက်က မေးမြန်းတာကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အတွင်းဝန်က တုံ့ပြန်ဖြေကြားခဲ့တာမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက အချိန်မရွေး စတင်နိုင်ပြီး ဆောင်ရွက်နေဆဲ လုပ်ငန်စဉ် တရပ် ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာ ပဋိပက္ခ ရှေ့ဆက်သွားရမယ့် နည်းလမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ Red and Green သုတေသန စင်တာက ဦးဆောင် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အတွင်းဝန်က အခုလို ပြောဆိုခဲ့တာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်တို့က လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ပြန်စဖို့ သဘောတူထားကြောင်း ရိုက်တာ သတင်းက ကြာသပတေးနေ့တုန်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ မြန်မာဘက်က အတည်ပြုထားတဲ့ ဒုက္ခသည် ၃၅၀၀ ကျော်ရှိပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ဖို့ သဘောတူထားတယ်လို့ အတည်ပြု ပြောဆိုထားတာပါ။ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည် ၂၂၀၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာဘက်ကို ပေးပို့ထားတဲ့ အထဲမှာ မြန်မာဘက်က ၃၅၀၀ ကျော်ကိုသာ အတည်ပြုထားသေးတာ ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ ထွက်ပြေးသူတွေကို လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုအချိန်ထိ လက်သင့်မခံသေးပါဘူး။

ရိုဟင်ဂျာ ဌာနေပြန်ရေး ဒီရက်ပိုင်း ပြန်စနိုင်မလား
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG