သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း ရာသီဥတု ဆိုးဝါး


လေဆင်နှာမောင်းဒဏ်ခံလိုက်ရတဲ့ မစ္စစ္စပီပြည်နယ်၊ Rolling Fork မြို့က အပျက်အစီးမြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃)  
လေဆင်နှာမောင်းဒဏ်ခံလိုက်ရတဲ့ မစ္စစ္စပီပြည်နယ်၊ Rolling Fork မြို့က အပျက်အစီးမြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃)  

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်အတွင်း သောကြာနေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၄ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံးနေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာန တာဝန်ရှိသူတွေက စနေနေ့မနက်မှာ အတည်ပြုပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး ဂေါက်သီးလုံးလောက်ရှိတဲ့ မိုးသီးတွေကြွေကျခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်တွေပျက်စီးသွားသလို လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။ ဒီလေမုန်တိုင်းဟာ တောင်ပိုင်းပြည်နယ်တွေဘက်ကို ဆက်လက်ရွှေ့လျားသွားပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်သွားတဲ့နေရာတွေအတွင်း ကူညီကယ်ဆယ်ရေးနဲ့ ပျောက်ဆုံးသူရှာဖွေရေးအတွက် ဒေသဆိုင်ရာနဲ့ ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ထားတယ်လို့ မစ္စစ္စပီပြည်နယ်အရေးပေါ်ကယ်ဆယ်ရေးဌာနက တွစ်တာလူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။

ကျေးလက်မြို့ပြနှစ်ခုဖြစ်တဲ့ Silvery City နဲ့ Rolling Fork မြို့တွေမှာ လေဆင်နှာမောင်းဟာ တနာရီ မိုင် ၇၀ နှုန်းနဲ့ အားပျော့သွားခြင်းမရှိဘဲ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့အတွက် အကြီးအကျယ်ပျက်စီးသွားခဲ့ပါတယ်။

သေဆုံးဒဏ်ရာရသူတွေအရေအတွက်ဟာ ဒိထက်တိုးလာနိုင်သေးတယ်လို့လည်း ကယ်ဆယ်ရေးဌာနက တွစ်တာမှာ ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







===========

ဆက်စပ်သတင်းများ ...

XS
SM
MD
LG