သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကြိမ်မြောက်သက်တမ်း ရုရှားသမ္မတပူတင် ကျိမ်းသစ္စာဆို


ရုရှားနိုင်ငံမှာ သမ္မတ၊ သို့မဟုတ် ဝန်ကြီးချုပ် ရာထူးတွေကို ၁၉၉၉ ခုနှစ်ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ Vladimir Putin ဟာ ကရင်မလင် နန်းတော်အတွင်းက လှပစွာ ပြင်ဆင်ထားတဲ့ Andreyevsky ခမ်းမဆောင်မှာ ရွှေနဲ့ကွပ်ထားတဲ့ ဖွဲ့စည်းပုံစာအုပ်ကို ကိုင်ပြီး ၄ ကြိမ်မြောက် သမ္မတအဖြစ် ဒီကနေ့ တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။

ရုရှားနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံက ၂ ကြိမ်ဆက်တိုက် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်တာကို တားမြစ်ထားတဲ့အတွက် ဒီ ဖွဲ့စည်းပုံကို မပြင်ဘဲ သူ့အနေနဲ့ ၅ ကြိမ်မြောက် သမ္မတအဖြစ် ပြန်လည် အရွေးခံခွင့် မရှိပါဘူး။

သူနောက်ဆုံး သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်း ယူကရိန်းနိုင်ငံထဲက Crimea ဒေသကို သိမ်းပိုက်ခဲ့သလို ဆီးရီးယားနိုင်ငံမှာ စစ်ရေးအရ စစ်ဆင်ရေးပြုလုပ်ဖို့ သမ္မတ Basha al-Assad နဲ့ ပူးပေါင်းဆောင် ဆောင်ရွက်ခဲ့ပါတယ်။

မတ်လအတွင်း ကျင်းပခဲ့တဲ့ ရုရှား သမ္မတ ရွေးကောက်ပွဲမှာ အင်အားမကောင်းလှတဲ့ ပြိုင်ဘက် ၇ ဦးနဲ့ ယှဉ်ပြိုင်တာမှာ သမ္မတ Putin က မဲအရေအတွက် စုစုပေါင်းရဲ့ ၇၇% ကို ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်တွေအတွက် ရွေးချယ်စရာ သိပ်မရှိခဲ့သလို မဲမသမာမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ အဲဒီလို ဖြစ်ပေါ်ခဲ့မှုတွေဟာ အနည်းငယ်သာဖြစ်ပြီး သူတို့အနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ရုရှား ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ရုရှား ထောက်လှမ်းရေးအဖွဲ့ KGB ရဲ့ အကြီးအကဲဟောင်းရဲ့ ၆ နှစ်တာ သမ္မတသက်တမ်း အသစ်အတွက် ကျမ်းကျိန်ဖို့ ၂ ရက်အလိုမှာ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပြုခဲ့ပြီးနောက်မှာ ဒီ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG