သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း ယင္းမာပင္ PDF နဲ႔ စစ္ေကာင္စီတပ္ တိုက္ပဲြျပင္းထန္ (ေဒသခံမ်ား)


စစ္ကုိင္းတုိင္းအတြင္း သြားလာေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္နဲ႔ မုံရြာေဒသတဝိုက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ လက္နက္ကိုင္ျပည္သူေတြၾကား ဒီရက္ပိုင္းထဲ အျပန္အလွန္ ပစ္ခတ္မႈေတြ ျပင္းထန္လာတာေၾကာင့္ ေက်းရြာအေတာ္မ်ားမ်ားက ေဒသခံေတြ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ေျပာပါတယ္။ ထိခိုက္ေသဆုံးမႈေတြ ရွိေပမယ့္ ႏွစ္ဖက္စလုံးက စာရင္းအတိအက် ထုတ္ျပန္တာမ်ဳိး မရွိေသးပါဘူး။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္ တင္ျပေပးထားပါတယ္။

မုံရြာၿမိဳ႕ ခ်င္းတြင္းျမစ္ အေနာက္ဘက္ျခမ္း ေရႊေတာင္ဦးနယ္ေျမမွာ တပ္စဲြထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တပ္ေတြၾကား တနဂၤေႏြေန႔က တိုက္ပဲြျဖစ္ပြားခဲ့တာပါ။ စစ္ေကာင္စီတပ္ေတြက ခ်င္းတြင္း တံတားကေန ေရႊေတာင္ဦးဘက္နဲ႔ ယင္းမာပင္ခ႐ိုင္ နဘူးေတာရြက္ဘက္မွာ လက္နက္ႀကီး ေမာ္တာေတြနဲ႔ လွမ္းပစ္ေနတယ္လို႔ ယင္းမာပင္ ေဒသခံတဦးက ေျပာပါတယ္။

“မုံရြာၿမိဳ႕ ခ်င္းတြင္းျမစ္ အေနာက္ဘက္ ေရႊေတာင္ဦးမွာ ေဒသခံ PDF အဖြဲ႔နဲ႔ အျပန္အလွန္ ထိေတြ႔မႈျဖစ္ၿပီးတဲ့ေနာက္မွာ အၾကမ္းဖက္ စစ္ေကာင္စီက မုံရြာဘက္ကေနၿပီးေတာ့ ခ်င္းတြင္း တံတားကေန လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ လွမ္းပစ္တယ္၊ တရစပ္ပစ္တယ္။ ေနာက္ၿပီး ေမာ္တာက်ည္ေတြနဲ႔လည္း ပစ္တယ္။ အခုလက္ရွိ နဘူးေတာ ဆုေတာင္းဦးအေနာက္ဘက္ ယင္းမာပင္ၿမိဳ႕နယ္၊ ေရႊေတာင္ဦး အေနာက္ဘက္ဆုိေတာ့ သူတုိ႔ တပ္စြဲထားတဲ့ ေနရာေပါ့၊ ေနာက္တခုက နဘူးေတာေက်းရြာရဲ႕ အေနာက္ဘက္မွာလည္း ကုန္းေလးတခုရွိတယ္၊ ဘုရားကုန္းေလး၊ အဲဒီဘုရားကုန္းမွာလည္း ကတုတ္က်င္းေတြ တူးၿပီးေတာ့ ေနရာယူထားတယ္။ လက္ရွိအေနအထားကေတာ့ က်ေနာ္တုိ႔ PDF အဖြဲ႔ေတြကေတာ့ အဆင္သင့္ျပင္ထားတယ္။ ေလာေလာဆယ္ က်ေနာ္တုိ႔ဘက္ကေတာ့ ေဖာက္တာမရွိဘူး။ သူတို႔ဘက္က စေဖာက္တာေပါ့။”


ဒီလို တိုက္ခိုက္မႈ ျပင္းထန္လာရတာဟာ ယင္းမာပင္ၿမိဳ႕နယ္ ေျပာင္းျပားရြာနဲ႔ ၿမိဳ႕ေပၚရြာၾကား တက္လာတဲ့ စစ္ေကာင္စီယာဥ္တန္းကို စက္တင္ဘာ ၂၅ ရက္ စေနညေနပိုင္းတုန္းက ေဒသခံကာကြယ္ေရး ယင္းမာပင္ PDF က မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီးေနာက္ အျပန္အလွန္ပစ္ခတ္မႈ ပိုျပင္းထန္လာတာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ယင္းမာပင္ PDF ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“ယင္းမာပင္ၿမိဳ႕က ဒလန္ ၃ ေယာက္ အရွင္းခံရတယ္ဆုိတဲ့ ရြာကို အၾကမ္းဖက္ စစ္ေကာင္စီက လာတယ္လို႔ေျပာတယ္။ အဲဒီအခ်ိန္မွာ ၾကားျဖတ္ၿပီး မုိင္းခြဲ တုိက္ခုိက္လိုက္တာေပါ့။ အျပန္အလွန္ ပစ္ခတ္တာပါ။ သူတုိ႔ဘက္က ထိခုိက္က်ဆုံးမႈ ရွိမရွိေတာ့ က်ေနာ္တုိ႔ လတ္တေလာမွာ အတည္ျပဳလုိ႔ မရေသးဘူး။ က်ေနာ္တုိ႔ဘက္ကေတာ့ ထိခုိက္မႈ မရွိဘဲနဲ႔ ေနာက္ကုိ နည္းနည္းေလး ျပန္ဆုတ္ေပးလုိက္တဲ့ သေဘာေပါ့ဗ်ာ။ မုိင္းခြဲ တုိက္ခုိက္ခံရၿပီးေနာက္မွာ သူတုိ႔ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ တရစပ္ပစ္တယ္၊ က်ေနာ္တုိ႔ဘက္ကလည္း ျပန္ပစ္တယ္။”

ဒီတိုက္ပဲြေတြေၾကာင့္ အခုဆိုရင္ ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်းရြာအေတာ္မ်ားမ်ားက ေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ယင္းမာပင္ ေဒသခံက ေျပာပါတယ္။

“အဲဒီနားကရြာေတြ နဘူးေတာ၊ ေက်ာက္ေမွာ္၊ ကံစြန္း၊ ေက်ာက္ကုန္း၊ အဲဒီရြာေတြ အားလုံးက ေဘးလြတ္ရာကို ထြက္ေျပးကုန္ၾကတယ္၊ ေတာထဲမွာ။ လက္ရွိ အေနအထားမွာ အေျခအေနက အေတာ္ဆုိးေနၿပီ။”

စစ္ေကာင္စီတပ္ေတြဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကစၿပီး ယင္းမာပင္၊ ကနီ၊ ပုလဲ ၿမိဳ႕နယ္ေတြကို ဝင္ေရာက္ရွာေဖြ ဖမ္းဆီးတာ၊ ပစ္ခတ္တာေတြ ဆက္တိုက္လုပ္ေနတာပါ။ ဒီလိုျဖစ္လာရတဲ့ အေၾကာင္းရင္းကို ယင္းမာပင္ေဒသခံ ေဒၚေအးေမက ရွင္းျပပါတယ္။

“က်မတုိ႔ ယင္းမာပင္နယ္ရယ္၊ ကနီရယ္၊ ပုလဲေရာ အဲဒီ ၃ ၿမိဳ႕နယ္ကို လွည့္ၿပီးေတာ့ ေမႊေနတယ္။ ေမႊေနတဲ့ အေၾကာင္းရင္းက က်မတုိ႔ၿမိဳ႕နယ္က တုိက္ပြဲမွာ အာဏာရွင္ကုိ ေတာ္လွန္တဲ့ ေနရာမွာ ပထမဆုံး ၿမိဳ႕နယ္ေတြလည္း ျဖစ္သလုိ ျပည္သူက ရရာလက္နက္ ကိုယ္တုိင္လုပ္တဲ့ တူမီးေတြက က်မတုိ႔ၿမိဳ႕နယ္ေတြမွာက က်ယ္က်ယ္ျပန္႔ျပန္႔ လက္နက္အမ်ားဆုံံးကုိင္တဲ့ ၿမိဳ႕နယ္ေတြမုိ႔ လာလာၿပီးေတာ့ အခုလုိမ်ဳိး ဝင္စီးေနတဲ့ အေနအထားရွိတယ္။”

အျပန္အလွန္ ပစ္ခတ္ၾကတဲ့ တိုက္ပဲြေတြအတြင္း ႏွစ္ဖက္ထိခိုက္ေသဆုံးမႈ ရွိတယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ စာရင္းအတိအက် ေကာက္ခံႏုိင္ျခင္း မရွိေသးဘူးလို႔ ဆိုပါတယ္။ ဒီေဒသက တိုက္ပဲြေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သီးသန္႔ သတင္းထုတ္ျပန္တာ ခုထိေတာ့ မေတြ႔ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင် PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန် (ဒေသခံများ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ မုံရွာဒေသတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင်ပြည်သူတွေကြား ဒီရက်ပိုင်းထဲ အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်လာတာကြောင့် ကျေးရွာအတော်များများက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် နှစ်ဖက်စလုံးက စာရင်းအတိအကျ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

မုံရွာမြို့ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ရွှေတောင်ဦးနယ်မြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေကြား တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်တွေက ချင်းတွင်း တံတားကနေ ရွှေတောင်ဦးဘက်နဲ့ ယင်းမာပင်ခရိုင် နဘူးတောရွက်ဘက်မှာ လက်နက်ကြီး မော်တာတွေနဲ့ လှမ်းပစ်နေတယ်လို့ ယင်းမာပင် ဒေသခံတဦးက ပြောပါတယ်။

“မုံရွာမြို့ ချင်းတွင်းမြစ် အနောက်ဘက် ရွှေတောင်ဦးမှာ ဒေသခံ PDF အဖွဲ့နဲ့ အပြန်အလှန် ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ အကြမ်းဖက် စစ်ကောင်စီက မုံရွာဘက်ကနေပြီးတော့ ချင်းတွင်း တံတားကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်းပစ်တယ်၊ တရစပ်ပစ်တယ်။ နောက်ပြီး မော်တာကျည်တွေနဲ့လည်း ပစ်တယ်။ အခုလက်ရှိ နဘူးတော ဆုတောင်းဦးအနောက်ဘက် ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး အနောက်ဘက်ဆိုတော့ သူတို့ တပ်စွဲထားတဲ့ နေရာပေါ့၊ နောက်တခုက နဘူးတောကျေးရွာရဲ့ အနောက်ဘက်မှာလည်း ကုန်းလေးတခုရှိတယ်၊ ဘုရားကုန်းလေး၊ အဲဒီဘုရားကုန်းမှာလည်း ကတုတ်ကျင်းတွေ တူးပြီးတော့ နေရာယူထားတယ်။ လက်ရှိအနေအထားကတော့ ကျနော်တို့ PDF အဖွဲ့တွေကတော့ အဆင်သင့်ပြင်ထားတယ်။ လောလောဆယ် ကျနော်တို့ဘက်ကတော့ ဖောက်တာမရှိဘူး။ သူတို့ဘက်က စဖောက်တာပေါ့။”


ဒီလို တိုက်ခိုက်မှု ပြင်းထန်လာရတာဟာ ယင်းမာပင်မြို့နယ် ပြောင်းပြားရွာနဲ့ မြို့ပေါ်ရွာကြား တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၂၅ ရက် စနေညနေပိုင်းတုန်းက ဒေသခံကာကွယ်ရေး ယင်းမာပင် PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ပိုပြင်းထန်လာတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ယင်းမာပင် PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

“ယင်းမာပင်မြို့က ဒလန် ၃ ယောက် အရှင်းခံရတယ်ဆိုတဲ့ ရွာကို အကြမ်းဖက် စစ်ကောင်စီက လာတယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ကြားဖြတ်ပြီး မိုင်းခွဲ တိုက်ခိုက်လိုက်တာပေါ့။ အပြန်အလှန် ပစ်ခတ်တာပါ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိတော့ ကျနော်တို့ လတ်တလောမှာ အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘဲနဲ့ နောက်ကို နည်းနည်းလေး ပြန်ဆုတ်ပေးလိုက်တဲ့ သဘောပေါ့ဗျာ။ မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်တယ်၊ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တယ်။”

ဒီတိုက်ပွဲတွေကြောင့် အခုဆိုရင် ယင်းမာပင်မြို့နယ်ထဲက ကျေးရွာအတော်များများက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ယင်းမာပင် ဒေသခံက ပြောပါတယ်။

“အဲဒီနားကရွာတွေ နဘူးတော၊ ကျောက်မှော်၊ ကံစွန်း၊ ကျောက်ကုန်း၊ အဲဒီရွာတွေ အားလုံးက ဘေးလွတ်ရာကို ထွက်ပြေးကုန်ကြတယ်၊ တောထဲမှာ။ လက်ရှိ အနေအထားမှာ အခြေအနေက အတော်ဆိုးနေပြီ။”

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ယင်းမာပင်၊ ကနီ၊ ပုလဲ မြို့နယ်တွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။ ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကို ယင်းမာပင်ဒေသခံ ဒေါ်အေးမေက ရှင်းပြပါတယ်။

“ကျမတို့ ယင်းမာပင်နယ်ရယ်၊ ကနီရယ်၊ ပုလဲရော အဲဒီ ၃ မြို့နယ်ကို လှည့်ပြီးတော့ မွှေနေတယ်။ မွှေနေတဲ့ အကြောင်းရင်းက ကျမတို့မြို့နယ်က တိုက်ပွဲမှာ အာဏာရှင်ကို တော်လှန်တဲ့ နေရာမှာ ပထမဆုံး မြို့နယ်တွေလည်း ဖြစ်သလို ပြည်သူက ရရာလက်နက် ကိုယ်တိုင်လုပ်တဲ့ တူမီးတွေက ကျမတို့မြို့နယ်တွေမှာက ကျယ်ကျယ်ပြန့်ပြန့် လက်နက်အများဆုံံးကိုင်တဲ့ မြို့နယ်တွေမို့ လာလာပြီးတော့ အခုလိုမျိုး ဝင်စီးနေတဲ့ အနေအထားရှိတယ်။”

အပြန်အလှန် ပစ်ခတ်ကြတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် စာရင်းအတိအကျ ကောက်ခံနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သီးသန့် သတင်းထုတ်ပြန်တာ ခုထိတော့ မတွေ့ရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG