သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အယ္လ္ကိုင္းဒါး ေခါင္းေဆာင္သစ္ အီရန္မွာရွိ (ကုလသမဂၢ)


SAIF AL-ADEL 

[[Zawgyi/Unicode]]

အာဖဂန္နစၥတန္ႏိုင္ငံ ၊ ကာဘူးလ္ၿမိဳ႕ေတာ္မွာ အယ္လ္ကိုင္းဒါးအၾကမ္းဖက္ ေခါင္းေဆာင္ al-Zawahiri ကို အေမရိကန္ကေန ေလေၾကာင္းက တိုက္ခိုက္ လုပ္ႀကံသတ္ျဖတ္ခဲ့ၿပီး ၆ လေက်ာ္အၾကာမွာ သူ႔ေနရာဆက္ခံတဲ့သူကို အီရန္ႏိုင္ငံမွာ ေတြ႕လာရတယ္လို႔ ကုလသမဂၢကထုတ္ျပန္တဲ့ အၾကမ္းဖက္ဝါဒဆိုင္ရာ အစီရင္ခံစာသစ္မွာ ေဖၚျပထားပါတယ္။

ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက စုံစမ္းေထာက္လွမ္းထားတဲ့ အခ်က္အလက္ေတြအရ အယ္လ္ကိုင္းဒါးအဖြဲ႕ကို ဦးေဆာင္ေနသူဟာ Saif al-Adel ျဖစ္မယ္လို႔ ေကာက္ခ်က္ခ်ထားတာပါ။

ၿပီးခဲ့တဲ့ ဇူလိုင္လကုန္ ၃၁ ရက္ေန႔က ေလေၾကာင္းကတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားတဲ့ al-Zawahiri ေနာက္ပိုင္း အဖြဲ႕ရဲ႕ ေခါင္းေဆာင္မႈနဲ႔ပတ္သက္ၿပီး တိတ္ဆိတ္ေနရတာဟာ အေၾကာင္းအခ်က္ ၂ ခုေၾကာင့္ျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ပထမအခ်က္က al - Zawahiri ဟာ ကာဘူးလ္ၿမိဳ႕မွာ ေသဆုံးသြားတာကို ဝန္ခံဖို႔အတြက္Taliban အဖြဲ႕က စိုးရိမ္မႈရွိေနတာနဲ႔ ေနာက္တခ်က္က al-Adel ဟာ အီရန္ႏိုင္ငံမွာ ေရာက္ရွိေနတယ္ဆိုတာကို ထုတ္ေဖာ္မေျပာခ်င္တဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြက ေထာက္လွမ္းေရးဌာနေတြက Saif al-Adel ကို သတ္ျဖတ္ခံရတဲ့ al -Qaida ေခါင္းေဆာင္ေနရာမွာ ဆက္ခံမဲ့သူအျဖစ္နဲ႔ ကာလအေတာ္ၾကာကတည္းက ရႈွျမင္ထားၾကပါတယ္။ သူဟာ အီဂ်စ္ႏိုင္ငံ အထူးစစ္ဆင္ေရးတပ္ဖြဲ႕က အရာရွိေဟာင္းတဦးျဖစ္ၿပီး ေနရာအစုံ ေဒသအစုံမွာ စစ္ဆင္ေရး အေတြ႕ႀကဳံမ်ားစြာရွိသူတဦးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အယ်လ်ကိုင်းဒါး ခေါင်းဆောင်သစ် အီရန်မှာရှိ (ကုလသမဂ္ဂ)

အာဖဂန်နစ္စတန်နိုင်ငံ ၊ ကာဘူးလ်မြို့တော်မှာ အယ်လ်ကိုင်းဒါးအကြမ်းဖက် ခေါင်းဆောင် al-Zawahiri ကို အမေရိကန်ကနေ လေကြောင်းက တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၆ လကျော်အကြာမှာ သူ့နေရာဆက်ခံတဲ့သူကို အီရန်နိုင်ငံမှာ တွေ့လာရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စုံစမ်းထောက်လှမ်းထားတဲ့ အချက်အလက်တွေအရ အယ်လ်ကိုင်းဒါးအဖွဲ့ကို ဦးဆောင်နေသူဟာ Saif al-Adel ဖြစ်မယ်လို့ ကောက်ချက်ချထားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန် ၃၁ ရက်နေ့က လေကြောင်းကတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ al-Zawahiri နောက်ပိုင်း အဖွဲ့ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေရတာဟာ အကြောင်းအချက် ၂ ခုကြောင့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပထမအချက်က al - Zawahiri ဟာ ကာဘူးလ်မြို့မှာ သေဆုံးသွားတာကို ဝန်ခံဖို့အတွက်Taliban အဖွဲ့က စိုးရိမ်မှုရှိနေတာနဲ့ နောက်တချက်က al-Adel ဟာ အီရန်နိုင်ငံမှာ ရောက်ရှိနေတယ်ဆိုတာကို ထုတ်ဖော်မပြောချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်လှမ်းရေးဌာနတွေက Saif al-Adel ကို သတ်ဖြတ်ခံရတဲ့ al -Qaida ခေါင်းဆောင်နေရာမှာ ဆက်ခံမဲ့သူအဖြစ်နဲ့ ကာလအတော်ကြာကတည်းက ရှုှမြင်ထားကြပါတယ်။ သူဟာ အီဂျစ်နိုင်ငံ အထူးစစ်ဆင်ရေးတပ်ဖွဲ့က အရာရှိဟောင်းတဦးဖြစ်ပြီး နေရာအစုံ ဒေသအစုံမှာ စစ်ဆင်ရေး အတွေ့ကြုံများစွာရှိသူတဦးဖြစ်ပါတယ်။

XS
SM
MD
LG