သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ခေါင်းဆောင်သစ် အီရန်မှာရှိ (ကုလသမဂ္ဂ)


SAIF AL-ADEL 
SAIF AL-ADEL 

[[Zawgyi/Unicode]]

အာဖဂန်နစ္စတန်နိုင်ငံ ၊ ကာဘူးလ်မြို့တော်မှာ အယ်လ်ကိုင်းဒါးအကြမ်းဖက် ခေါင်းဆောင် al-Zawahiri ကို အမေရိကန်ကနေ လေကြောင်းက တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၆ လကျော်အကြာမှာ သူ့နေရာဆက်ခံတဲ့သူကို အီရန်နိုင်ငံမှာ တွေ့လာရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စုံစမ်းထောက်လှမ်းထားတဲ့ အချက်အလက်တွေအရ အယ်လ်ကိုင်းဒါးအဖွဲ့ကို ဦးဆောင်နေသူဟာ Saif al-Adel ဖြစ်မယ်လို့ ကောက်ချက်ချထားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန် ၃၁ ရက်နေ့က လေကြောင်းကတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ al-Zawahiri နောက်ပိုင်း အဖွဲ့ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေရတာဟာ အကြောင်းအချက် ၂ ခုကြောင့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပထမအချက်က al - Zawahiri ဟာ ကာဘူးလ်မြို့မှာ သေဆုံးသွားတာကို ဝန်ခံဖို့အတွက်Taliban အဖွဲ့က စိုးရိမ်မှုရှိနေတာနဲ့ နောက်တချက်က al-Adel ဟာ အီရန်နိုင်ငံမှာ ရောက်ရှိနေတယ်ဆိုတာကို ထုတ်ဖော်မပြောချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်လှမ်းရေးဌာနတွေက Saif al-Adel ကို သတ်ဖြတ်ခံရတဲ့ al -Qaida ခေါင်းဆောင်နေရာမှာ ဆက်ခံမဲ့သူအဖြစ်နဲ့ ကာလအတော်ကြာကတည်းက ရှုှမြင်ထားကြပါတယ်။ သူဟာ အီဂျစ်နိုင်ငံ အထူးစစ်ဆင်ရေးတပ်ဖွဲ့က အရာရှိဟောင်းတဦးဖြစ်ပြီး နေရာအစုံ ဒေသအစုံမှာ စစ်ဆင်ရေး အတွေ့ကြုံများစွာရှိသူတဦးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG