{{Zawgyi/Unicode}}
ဘ႑ာေရးအက်ပ္အတည္းႀကဳံေတြ႕ေနရတဲ့ Silicon Valley Bank ကို ျပည္ေထာင္စုအစိုးရအေနနဲ႔ ေငြေၾကး က်ားကန္ေထာက္ပံ့ေပးမွာမဟုတ္ဘူးလို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ေျပာပါတယ္။ ဒါေပမယ့္လည္း စုေငြေတြဆုံးရႈံးမလားဆိုၿပီး စိတ္ပူေနသူေတြအတြက္ေတာ့ ကူညီေဆာင္႐ြက္ေပးမယ္လို႔ ေျပာပါတယ္။
ေငြေၾကးစနစ္တည္ၿငိမ္ေရး ထိန္းေက်ာင္းေပးရတဲ့ ေအဂ်င္စီတခုျဖစ္တဲ့ FDIC က ေဒၚလာ ႏွစ္သိန္းခြဲအထိ စုေငြေတြအတြက္ အာမခံေပးပါတယ္။ ဒါေပမယ့္လည္း ဒီ ဘဏ္မွာ စာရင္းဖြင့္ထားတဲ့ကုမၸဏီေတြနဲ႔ ခ်မ္းသာသူေတြက သူတို႔ဘဏ္စာရင္းမွာ ဒီပမာဏထက္ ပိုမ်ားေနပါတယ္။ အခုျဖစ္စဥ္ဟာ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ ဘ႑ာေရးအက်ပ္အတည္းႀကဳံစဥ္က အေျခအေနမ်ိဳးနဲ႔ အေတာ္ကြာျခားတယ္လို႔ ဘ႑ာေရးဝန္ႀကီး Yellen က CBS သတင္းဌာနရဲ႕ Face the Nation အင္တာဗ်ဴးအစီအစဥ္မွာ ေျပာပါတယ္။ ဒါေၾကာင့္လည္း အဲဒီတုန္းက အေမရိကန္အစိုးရအေနနဲ႔ ဘဏ္ေတြကို ေငြေၾကးက်ားကန္ေပးခဲ့သလို လုပ္ဖို႔မရွိေပမဲ့လည္း SVB ဘဏ္မွာ စုေငြထားရွိသူေတြရဲ႕ စိုးရိမ္မႈေတြကို အေလးထားေဆာင္႐ြက္ေပးေနတယ္လို႔ေတာ့ ေျပာပါတယ္။
အေမရိကန္ရဲ႕ဘဏ္စနစ္ဟာ ခိုင္ခိုင္မာမာရွိၿပီး အေတာ္ေလး စိတ္ခ်ယုံၾကည္ရပါတယ္လို႔လည္း ေျပာပါတယ္။ Silicon Valley Bank ဟာ အေမရိကန္ျပည္ေထာင္စုမွာ ၁၆ ခုေျမာက္ အႀကီးဆုံးဘဏ္ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ ၂၀၀၈ ခုႏွစ္ ဘဏ္လုပ္ငန္းေတြ ၿပိဳလဲၿပီး ဘ႑ာေငြေၾကးအက်ပ္အတည္း ႀကဳံခဲ့ရခ်ိန္က Washington Mutual ဘဏ္ႀကီး အသိမ္းခံရတဲ့ ျဖစ္ရပ္ေနာက္ပိုင္းမွာ အခုျဖစ္ရပ္က အေမရိကန္သမိုင္းမွာ ဒုတိယေျမာက္အႀကီးမားဆုံး ဘဏ္ၿပိဳလဲမႈျဖစ္ပါတယ္။ Silicon Valley ဘဏ္ႀကီးမွာ လက္က်န္ေငြသိပ္မရွိေတာ့ဘူးဆိုတဲ့ စိုးရိမ္ခ်က္ေတြနဲ႔ ဘဏ္စာရင္းဖြင့္ထားသူေတြက အခုတပတ္အတြင္းမွာ ေငြေတြ စုၿပဳံျပန္ထုတ္ခဲ့ၾကတာပါ။
=====================
{{Unicode}}
ပြိုလဲသွားတဲ့ Silicon Valley Bank ကို ကန်အစိုးရ ကျားကန်ပေးမည် မဟုတ်
ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
ငွေကြေးစနစ်တည်ငြိမ်ရေး ထိန်းကျောင်းပေးရတဲ့ အေဂျင်စီတခုဖြစ်တဲ့ FDIC က ဒေါ်လာ နှစ်သိန်းခွဲအထိ စုငွေတွေအတွက် အာမခံပေးပါတယ်။ ဒါပေမယ့်လည်း ဒီ ဘဏ်မှာ စာရင်းဖွင့်ထားတဲ့ကုမ္ပဏီတွေနဲ့ ချမ်းသာသူတွေက သူတို့ဘဏ်စာရင်းမှာ ဒီပမာဏထက် ပိုများနေပါတယ်။ အခုဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ဘဏ္ဍာရေးအကျပ်အတည်းကြုံစဉ်က အခြေအနေမျိုးနဲ့ အတော်ကွာခြားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က CBS သတင်းဌာနရဲ့ Face the Nation အင်တာဗျူးအစီအစဉ်မှာ ပြောပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက အမေရိကန်အစိုးရအနေနဲ့ ဘဏ်တွေကို ငွေကြေးကျားကန်ပေးခဲ့သလို လုပ်ဖို့မရှိပေမဲ့လည်း SVB ဘဏ်မှာ စုငွေထားရှိသူတွေရဲ့ စိုးရိမ်မှုတွေကို အလေးထားဆောင်ရွက်ပေးနေတယ်လို့တော့ ပြောပါတယ်။
အမေရိကန်ရဲ့ဘဏ်စနစ်ဟာ ခိုင်ခိုင်မာမာရှိပြီး အတော်လေး စိတ်ချယုံကြည်ရပါတယ်လို့လည်း ပြောပါတယ်။ Silicon Valley Bank ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ၂၀၀၈ ခုနှစ် ဘဏ်လုပ်ငန်းတွေ ပြိုလဲပြီး ဘဏ္ဍာငွေကြေးအကျပ်အတည်း ကြုံခဲ့ရချိန်က Washington Mutual ဘဏ်ကြီး အသိမ်းခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာ အခုဖြစ်ရပ်က အမေရိကန်သမိုင်းမှာ ဒုတိယမြောက်အကြီးမားဆုံး ဘဏ်ပြိုလဲမှုဖြစ်ပါတယ်။ Silicon Valley ဘဏ်ကြီးမှာ လက်ကျန်ငွေသိပ်မရှိတော့ဘူးဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ဘဏ်စာရင်းဖွင့်ထားသူတွေက အခုတပတ်အတွင်းမှာ ငွေတွေ စုပြုံပြန်ထုတ်ခဲ့ကြတာပါ။