သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင် တရုတ်လုပ်ရပ်တွေဖွင့်ချမယ်လို့ ဖိလစ်ပိုင် သတိပေး


ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တပ်တွေ အမြင်အာရုံကို ဝေဝါးစေခဲ့တဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောပေါ်က အစိမ်းရောင်လေဆာရောင်ခြည်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၃)
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တပ်တွေ အမြင်အာရုံကို ဝေဝါးစေခဲ့တဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောပေါ်က အစိမ်းရောင်လေဆာရောင်ခြည်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ဖော် ပြောကြားတော့မယ့် မဟာဗျူဟာတရပ်ကို စတင်လိုက်ပြီလို့ ဖိလစ်ပိုင်အာဏာပိုင်တဦးက ပြောလိုက်ပါတယ်။ ဒါဟာတရုတ်ရဲ့ဝါဒဖြန့်မှုကို တန်ပြန်တဲ့လုပ်ရပ်ဖြစ်ပြီး တရုတ်ရဲ့ ရန်စမှုတွေကို နိုင်ငံတကာကအာရုံစိုက်ပြီး ပြစ်တင်ကန့်ကွက်ဖို့ ရည်ရွယ်ပါတယ်။

တရုတ်ရဲ့လှုပ်ရှားမှုတွေကို ဖြေရှင်းဖို့နည်းလမ်းဟာ သူတို့ရဲ့အကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ဖို့သာဖြစ်တယ်လို့ ဖိလစ်ပိုင်ရေတပ် အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ ဂျေတာရီရာလာက မနီလာက ဆွေးနွေးပွဲဖိုရမ်တခုမှာ ပြောလိုက်တာပါ။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အငြင်းပွားနေတဲ့ရေပိုင်နက်တွေမှာ ကင်းလှည့် စစ်ဆေးတာတွေ တိုးလုပ်နေပြီး မဟာဗျူဟာအရ အရေးပါတဲ့ အဲဒီ ရေလမ်းကြောင်းတလျှောက် တရုတ်ရဲ့လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်ဖို့ တရုတ်ရဲ့လုပ်ရပ်တွေကို လူသိရှင်ကြား ထုတ်ဖော် ကန့်ကွက်ပြောဆိုဖို့ ရှိတယ် ဆိုပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာဆိုရင် ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတစင်းပေါ်က သင်္ဘောသားတွေဟာ တရုတ်သင်္ဘောက စစ်တပ်သုံး လေဆာရောင်ခြည်ကြောင့် ခဏတာ အမြင်အာရုံဝေဝါးခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ဖိလစ်ပိုင်ဘက်က ဗွီဒီယိုမှတ်တမ်းထုတ်ပြန်ခဲ့လို့ အမေရိကန်နဲ့ အနောက် မဟာမိတ်တွေကြား သတိပြုစရာဖြစ်ခဲ့သလို ဖိလစ်ပိုင်အစိုးရဟာ မနီလာက တရုတ်သံအမတ်ကိုလည်း ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ ရေပိုင်နက်ပြဿနာဟာ ဖိလစ်ပိုင်အပါအဝင် နိုင်ငံပေါင်းလေးနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ကာလရှည်ကြာဖြစ်ပွားနေတဲ့ အငြင်းပွားမှုလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG