သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံတော့မည်


အာရပ်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာတွေ့ဆုံပြီး ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပြန်လက်ခံရေး ဆွေးနွေးကြစဥ်။ (မေ ၇၊ ၂၀၂၃) 
အာရပ်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာတွေ့ဆုံပြီး ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပြန်လက်ခံရေး ဆွေးနွေးကြစဥ်။ (မေ ၇၊ ၂၀၂၃) 

ဆီးရီးယားနိုင်ငံကို ပြန်လက်ခံဖို့ အာရပ်အဖွဲ့ချုပ်က အခု တနင်္ဂနွေနေ့မှာ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကနေ ဆီးရီးယားကို ၁၂ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီး အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းအပယ်ခံ ဆီးရီးယားသမ္မတ Bashar Assad ကို နေရာပြန်ပေးလိုက်တဲ့ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်လာပါတယ်။

ကာတာနိုင်ငံလို အာရပ်အဖွဲ့ချုပ်တွင်း ဩဇာကြီးတဲ့နိုင်ငံတချို့ကတော့ ဆီရီးယားကိုပြန်လက်ခံဖို့ ကန့်ကွက်ထားပေမယ့် အခု တနင်္ဂနွေနေ့ အစည်းအဝေးကိုတော့ သူ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်တာမရှိခဲ့ပါဘူး။ ကိုင်ရိုမြို့မှာကျင်းပတဲ့ အဲဒီ အစည်းအဝေးကိုတော့ အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင် ၂၂ နိုင်ငံထဲက ၁၃ နိုင်ငံကသာ သူတို့ နိုင်ငံခြားရေးဝန်ကြီးတွေ စေလွှတ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အာရပ်အဖွဲ့ချုပ်အတွင်း ဆုံးဖြတ်ချက်တွေကို အားလုံးသဘောတူ ချမှတ်လေ့ရှိပေမယ့် တခါတခါမှာတော့ အများဆန္ဒမဲခွဲပြီး ဆုံးဖြတ်တာလည်းရှိပါတယ်။

ဆီးရီးယားနဲ့ပတ်သက်လို့တော့ အာရပ်နိုင်ငံတွေကြား အားလုံးသဘောတူညီမှုဆိုတာ မရှိသေးပါဘူး။ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်က ပြန်လက်ခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာပဲ ဆီးရီးယားပဋိပက္ခကို ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၂၅၄ အတိုင်း နိုင်ငံရေးအရဖြည်းဖြည်းချင်းအဖြေထုတ်နိုင်ဖို့ အာရပ်အစိုးရတွေ ဆက်ပြီး ဆွေးနွေးသွားကြဖို့ဆိုတာလည်း ထည့်သွင်းအတည်ပြုထားပါတယ်။

ဒီမတိုင်ခင်ကတော့ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ထဲ ပြန်လက်ခံမယ့် လမ်းပြမြေပုံတရပ်ကို ဒေသတွင်း ထိပ်တန်းသံတမန်တွေ ဂျော်ဒန်မှာ စုဝေးဆွေးနွေးခဲ့ကြပါသေးတယ်။ လာမယ့် မေလ ၁၉ ရက်နေ့မှာတော့ အာရပ်အဖွဲ့ချုပ် ထိပ်သီးညီလာခံကို ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ကျင်းပဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG