သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် ကြင်ယာတော်ကို အဆောင်အယောင် ရုပ်သိမ်း

Sineenat Wongvajirapakdi ( ဓါတ်ပုံ Credit- AFP PHOTO / THAILAND'S ROYAL OFFICE )
Sineenat Wongvajirapakdi ( ဓါတ်ပုံ Credit- AFP PHOTO / THAILAND'S ROYAL OFFICE )

ထိုင်းဘုရင် မဟာဝဂျီရာလောင်ကွန်းဟာ သိပ်မကြာသေးခင်က တရားဝင်ဘုရင့်ကြင်ယာတော် အဖြစ် ရွေးကောက်လိုက်တဲ့ သူရဲ့ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိုင်းတော်ဝင်တပ်မတော်က ဗိုလ်မှူးကြီး Sineenat Wongvajirapakdi ကို ကြင်ယာတော်အဖြစ် ကနေသာမက သစ္စာမဲ့မှုနဲ့ သူ့ရဲ့ တပ်ရာထူးကိုလည်း တနင်္လာနေ့က ရုပ်သိမ်းလိုက်ပါတယ်။

Sineenat Wongvajirapakdi ဟာ ကိုယ်ကျိုးစီးပွားအတွက် တရားဝင်မိဖုရားကြီးရဲ့ အဆင့်အတန်းကို သေးသိမ်အောင်လုပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ထိုင်းဘုရင်က စွပ်စွဲခဲ့တာဖြစ်ပါတယ်။

သက်တော် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် မဟာဝဂျီရာလောင်ကွန်းဟာ လွန်ခဲ့တဲ့ သုံးလကပဲ အသက် ၃၄ နှစ်အရွယ် Sineenat Wongvajirapakdi ကို အရင် ထိုင်းဘုရင်မင်းတွေလက်ထက်တွေက အစဉ်အလာရှိခဲ့တဲ့ ဘုရင့်ကြင်ယာတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့မိဖုရားသစ်အဖြစ် ရွေးကောက်တင် မြှောက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ Sineenat ကိုပေးထားတဲ့ Chao Khun Phra Sineenatra Bilasakalayani ဆိုတဲ့နာမည်နဲ့အတူ အခြား နန်းတော်နဲ့ စစ်ဖက်ဆိုင်ရာ ရာထူးနဲ့ အဆောင်အယောင်တွေ ကို ဘုရင်က ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလက ထိုင်းဘုရင်ဟာ သူရဲ့ တရားဝင်နန်းတက်ပွဲမှာ နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ သူရဲ့ ကိုယ်ရံတော်အဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ထိုင်းတော်ဝင်တပ်မတော် ဗိုလ်မှူးကြီးဟောင်း Suthida ကို မိဖုရားကြီးအဖြစ် တင်မြှောက်ပြီး Suthida Vajiralongkorn Na Ayudhya ဆိုတဲ့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

.............






ထိုင်းဘုရင် ကြင်ယာတော်ကို အဆောင်အယောင် ရုပ်သိမ်း
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG