သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်က Tienanmen နှစ်ပတ်လည်ပွဲ ပိတ်ပင်ခံရ


ဟောင်ကောင် Victoria ပန်းခြံတွင်ပြုလုပ်သည့် Tienanmen နှစ်ပတ်လည်ဆုတောင်းပွဲ မှတ်တမ်းဓာတ်ပုံ
ဟောင်ကောင် Victoria ပန်းခြံတွင်ပြုလုပ်သည့် Tienanmen နှစ်ပတ်လည်ဆုတောင်းပွဲ မှတ်တမ်းဓာတ်ပုံ

Zawgyi/Unicode

တရုတ်နိုင်ငံမှာ ၁၉၈၉ တုန်းကဖြစ်ခဲ့တဲ့ Tiananmen ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲအတွင်း အကြမ်းဖက်နှိမ်နင်းခံရလို့ သေဆုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲတေ ွ ဟောင်ကောင်မှာ နှစ်စဉ်ကျင်းပလေ့ ရှိပေမဲ့ ဒီနှစ်မှာတော့ အဲဒီပ ွဲကို ကျင်းပခွင့် ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ကြေညာပါတယ်။ ဟောင်ကောင်မှာ ဒီဆုတောင်းပွဲ လုပ်လာတာ နှစ်ပေါင်း ၃၀ ရှိလာပါပြီ။

ကပ်ရောဂါကာလအတွင်း ဒီလို ဆုတောင်းပွဲလုပ်ရင် ပြည်သူတွေ ရောဂါကူးစက်နိုင်တယ်လို့ အကြောင်းပြပြီး ပိတ်ပင်လိုက်တာပါ။ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရေး အဖြစ် လူစုလူဝေး မလုပ်ကြဖို့ တားမြစ်ချက်ကို ဇွန်လ ၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒါကြောင့် ဟောင်ကောင်ပြည်သူတွေအနေနဲ့ ဒီနှစ် ၃၁ နှစ်မြောက် အောက်မေ့ဖွယ် ဆုတောင်းပွဲတွေကို သီးသန့်လူနည်းစုနဲ့ ခ ွဲပြီး ကျင်းပကြဖို့ ၊ မိမိတို့ နေအိမ်တွေကနေပဲ ဖယောင်းတိုင်ထွန်း ဆုတောင်းကြဖို့ နဲ့ ဇွန်လ ၄ ရက်နေ့ ကြာသပတေးနေ့ ညပိုင်း အွန်လိုင်းမှာ တွေ့ဆုံ ဆုတောင်းပွဲတွေ ပြုလုပ်သွားကြဖို့ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ သူတို့ အဖွဲ့ဝင်တွေကို- အစိုးရချမှတ်ထားတဲ့ လူချင်း ခပ်ခွါခွါနေကြဖို့ဆိုတဲ့ စည်းကမ်းချက်ကို လိုက်နာပြီး၈ ယောက်တဖွဲ့စီ Victoria ပန်းခြံမှ လာရောက်စုဝေး ဖယောင်းတိုင်ထွန်းကြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေချမှတ်ဖို့ ပြင်ဆင်နေချိန်မှာ ဒီလို လှုပ်ရှားမှုတွေကို ပိတ်ပင်လာနိုင်တဲ့အတွက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပခွင့် ဒီနှစ်မှာ နောက်ဆုံးဖြစ်သွားနိုင်တဲ့ အပေါ် စိုးရိမ်မိတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ပြောခွင့်ရ Richard Tsoi က VOA ကို ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း နိုင်ငံရေး လွတ်လပ်ခွင့် ပိုမိုရရှိဖို့ တရုတ် ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ တီယန်နမင် ဆန္ဒပြပွဲဟာ ၁၉၈၉ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာ ပြီးဆုံးခဲ့တာပါ။ တရုတ်အစိုးရက တင့်ကားတွေ အသုံးပြုတဲ့အထိ အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့လို့ ဆန္ဒပြကျောင်းသားနဲ့ ပြည်သူ ရာချီ ဒါမှမဟုတ် ၃ ထောင်ထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]







XS
SM
MD
LG