သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီဒေသခံ ၂ ဦးသေ


၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ

စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသမှာ ထိုင်းနိုင်ငံနဲ့နယ်စပ်အနီး ဒေါနိုးကူ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကျောက်စုကျေးရွာတွေကို ဒီကနေ့မနက် အစောပိုင်းက နာရီပိုင်းသာ ခြားပြီး လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ အရပ်သားတွေနေတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်တာ ဖြစ်လို့ အရပ်သားတချို့ သေဆုံးရတဲ့အပြင် စာသင်ကျောင်း၊ ဘုရားကျောင်း နဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောပါတယ်။ ကရင်နီဒေသဘက်က နောက်ဆုံး အခြေအနေကို မဆုမွန်က တင်ပြပေးပါမယ်။

ထိုင်းနယ်စပ်အနီး ကရင်နီဒေသထဲက ဒေါနိုးကူ စစ်ဘေးရှောင်စခန်းကို ဒီမနက် အစောပိုင်းမှာပဲ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံတဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမဟုတ်သလို၊ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်လို့ စာသင်ကျောင်းတကျောင်း၊ ဘုရားကျောင်း တကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီး သွားခဲ့တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြောခွင့်ရ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

"ဒီမနက်တနာရီကျော်လောက် မှာဗုံးလာကြဲတယ်။ ၄ကြိမ်လောက်လာကြဲတယ်။ လာကြဲတော့ကျနော်တို့ဒီ ကျောင်း ၁ကျောင်းပေါ့။ ကျောင်း တကျောင်းထိတယ်။ နောက်ပြီးမှ ဘုရားကျောင်း တလုံး နည်းနည်းထိတယ်။ လူနေအိမ်တွေ ထိတယ်။ နောက်ဆေးခန်းတလုံး ထိသွားတယ်။ အရပ်သားတဦးတော့ ဆုံးသွားတယ်။ ဒဏ်ရာရတာ ကတော့ ၂ယောက် ဒဏ်ရာရသွားတယ်။ အဲဒါကတော့ လက်ရှိအခြေအနေပါ။"

ဒီ့မတိုင်ခင် အစောပိုင်းကလည်း နာရီပိုင်းသာြခားပြီး မယ်စဲ့မြို့နယ်ထဲက ကျောက်စုရွာကိုလည်း တိုက်လေယာဥ်တွေနဲ့ လာရောက် ဗုံးကြဲတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတဦး သေဆုံးပြီး ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောသလို၊ KNPP ပြောခွင့်ရကလည်း အတည်ပြု ပြောဆိုပါတယ်။

“မနေ့ည ၁၂ နာရီကျော်မှာ ကျောက်စုရွာမှာ လေယာဉ် ၃ စီးနဲ့ ဗုံးလာကြဲတယ်။ အဲဒါက ဘုရားကျောင်းတလုံးနဲ့ လူနေအိမ် ၉ လုံး ထိတယ်။ ၁၁ နှစ်အရွယ် ကလေးတဦး ဆုံးတယ်။ မနေ့က မနက် ၉ နာရီခွဲလောက်မှာလည်း လွိုင်ကော်ကို စစ်ယာဉ်တန်း ၁၅ စီး လောက် ဝင်လာတယ်။ ဝါရီကောခူကျေးရွာ အရောက်မှာ စစ်တပ်က လက်နက်တွေနဲ့ ရမ်းပစ်တဲ့အတွက် ယောကျာ်း ၂ ဦးလောက် နဲ့ အမျိုးသမီး ၂၉ နှစ်လောက် တဦးသေတယ်။ အဖွားကြီးတဦး ဒဏ်ရာရတယ်။"

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ

ဇူလိုင် ၁၁ ရက် မနေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွိုင်ကော်မြို့နယ်ထဲကို စစ်ယာဉ်တန်း ၁၅ စီးနဲ့ ထိုးစစ်ဆင်လာပြီး ဝါရီကောခူ ကျေးရွာ အရောက်မှာ ဒေသခံတွေနေထိုင်တဲ့ လမ်းတဘက်တချက်ကို ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးတဦး ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း KNPP ပြောခွင့်ရ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ခုလို တိုက်ခိုက်မှုတွေကြောင့် ဒီနေ့နဲ့ မနေ့က နှစ်ရက်အတွင်းမှာတင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ရှိနေပါတယ်။

ဒေသတွင်း တိုက်ပွဲကြောင့် ဒေါနိုးကူ စစ်ရှောင်စခန်းမှာ ယာယီတဲထိုးပြီး ခိုလုံနေထိုင်သူ ကတော့ ၅,၀၀၀ ထက်မနည်း ရှိပါတယ်။ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ခိုလုံနေတဲ့ချိန် ခုလို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံရလို့ ကလေးသူငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ နာမကျန်းသူတွေ ရှိနေတဲ့ စစ်ရှောင်တွေကြား စိုးရိမ် ထိတ်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း နေ့စဥ် ပစ်ခတ်တာတွေ ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။


“လေယာဉ်တော့ လာပစ်ပါတယ် ရက်တိုင်းပဲ ဟုတ်။ ပြီးခဲ့တဲ့ တစ်ရက်ပေါ့ ဟုတ်၊ အထိအခိုက်တာတော့ မကြားမိဘူး၊ ဒါပေမယ့် အိမ်တွေ ဘာတွေတော့ ပျက်စီးသွားတာတို့ ရှိတယ်၊ ၃၊၄လုံးလောက်ပေါ့၊ ဒီကျောက်ပဲညိုမှာပဲ၊ ကျောက်ပဲညိုရွာထဲမှာပဲ သူလာကျဲချသွားတယ်၊ နောက် မနေ့က ၁၀ နာရီခွဲ ၁၁ လောက်ထင်တယ်၊ ဒီကျောက်စုဖက်လာ မသိဘူး၊ ၇မိုင် ကျောက်စုဘက်မှာပေါ့၊ ကျောက်ပဲညိုနဲ့ သိပ်တော့ မဝေးဘူး အဲ့ဘက်မှာလည်း သုံးကြိမ်လောက်လာကြဲသွားသေးတယ်။”

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ခုတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမရှိတဲ့ နေရာတွေဖြစ်ပြီး အရပ်သားပြည်သူတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာမို့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

"သူတို့ဗုံးကြဲတဲ့နေရာတွေက ဘုရားကျောင်းတို့ ကျောင်းတို့ဖြစ်တယ်။ ဒါကလူထုကို Target ထားတိုက်ခိုက်တာ အရမ်းပေါ်လွင်တယ်။ ကျောက်စုဘဲ ဖြစ်ဖြစ် ဒေါ်နိုးကူဘဲဖြစ်ဖြစ် ဒါအရပ်သားစစ်ရှောင်တွေနေတဲ့နေရာဖြစ်တယ်။ ဒါကတော့စစ်ရာဇဝတ်မှုကိုပေါ်ပေါ်ထင်ထင် စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ကျနော်တို့ပြောလို့ရပါတယ် လို့ပြောချင်တယ်။"

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကစပြီး မယ်စဲ့နဲ့ ဖားဆောင်းမြို့နယ် အပါအဝင် ထိုင်း-ကယား နယ်စပ်မြို့နယ်တခွင်ကို စစ်တပ်က လေကြောင်းကနေရာ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ကြသူတွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG