သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA ထိပ်တန်း တာဝန်ရှိသူ ၂ ဦးကို တာဝန်ကရပ်ဆိုင်း


တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက အလိုရှိသူ စာရင်းမှာ ပါဝင်တဲ့ UWSA ဆောက်လုပ်ရေးဝန်ကြီး Bao Yanban (ဝဲ) နဲ့ ဝပြည်မှာရှိတဲ့ Mengeng ကောင်တီအကြီးအကဲ He Chuntian (ယာ)
တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက အလိုရှိသူ စာရင်းမှာ ပါဝင်တဲ့ UWSA ဆောက်လုပ်ရေးဝန်ကြီး Bao Yanban (ဝဲ) နဲ့ ဝပြည်မှာရှိတဲ့ Mengeng ကောင်တီအကြီးအကဲ He Chuntian (ယာ)

အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ထိပ်တန်း တာဝန်ရှိသူ ၂ ဦးကို တာဝန်ကရပ်ဆိုင်းလိုက်ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက အလိုရှိသူ စာရင်းမှာ ပါဝင်တဲ့ UWSA ဆောက်လုပ်ရေးဝန်ကြီး Bao Yanban နဲ့ ဝပြည်မှာရှိတဲ့ Mengeng ကောင်တီအကြီးအကဲ He Chuntian တို့ကို တာဝန်က ရပ်ဆိုင်းပြီး အဖွဲ့ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ ဝပြည်နယ်ရဲ့ အကြီးတန်း အရာရှိကြီးတွေရဲ့ လုပ်ရပ်ဟာ အဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့လည်း UWSA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံခဲ့ရတဲ့ UWSA အရာရှိ ၂ ဦး ဘယ်မှာရှိနေတယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားသလို၊ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း တစုံတရာ မှတ်ချက်ပေးတာ မရှိပါဘူး။

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကြောင့် တရုတ်နိုင်ငံသားတွေပါ ဓားစာခံဖြစ်နေရတဲ့အတွက် တရုတ်နိုင်ငံက ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နှိမ်နင်းဖို့ ကြိုးပမ်းနေတာပါ။

အောက်တိုဘာလ ၁ ရက်နေ့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ယောက်ကိုလည်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေကလည်း မသင်္ကာသူတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွဲှပြောင်းပေးခဲ့တာ ၂၃၀၀ ကျော်အထိ ရှိပြီလို့ ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG