သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းဒေသ တိုက်ပွဲပြင်းထန်ဆဲ 


ဒွန်ဘတ်စ်ဒေသတွင်း ဘာချ်မွတ်အရပ်ရဲ့အပြင်ဘက်လမ်းမှာ ယူကရိန်းတင့်ကားတစီးမောင်းနှင်လာတဲ့မြင်ကွင်း။ (မတ်လ ၁၅၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ယူကရိန်းတပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဘတ်ခ်မွတ်မြို့ကနေ ရုရှားတပ်တွေကို တိုက်ထုတ်နေတယ်လို့ ယူကရိန်းထိပ်တန်းတပ်မှူးကြီးတဦးဖြစ်တဲ့ ဗိုလ်ချုပ် Valerii Zaluzhnyi က ပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတပ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အခြေနေတည်ငြိမ်စပြုလာနေပြီလို့လည်း တယ်လီဂရမ် လူမှုမီဒီယာကနေ ပြောပါတယ်။

အဲဒီမြို့မှာ တိုက်ပွဲဖြစ်နေတာ ၇ လရှိပြီဖြစ်ပြီး Wagner ကြေးစားတပ်က ရုရှားဘက်က ကူပြီးတိုက်ခိုက်ပေးနေတာပါ။

ရုရှားဟာယူကရိန်းစစ်ပွဲအတွင်း ၂၀၂၃ ဇန္နဝါရီလက စတင်ခဲ့တဲ့ အထွေထွေထိုးစစ်ရဲ့ရလဒ်ဟာ မသေချာမရေရာတဲ့အတွက် ခံစစ်ကိုဦးစားပေးတဲ့ စစ်ဆင်ရေးပုံစံကိုပြောင်းလဲလာတယ်လို့ ဗြိတိသျှထောက်လှမ်းရေးဌာနက စနေ့နေ့က ပြောဆိုပါတယ်။ ဒါ့ပြင် ယူကရိန်းအရှေ့ပိုင်း Donbas ဒေသက ဘတ်ခ်မွတ်မြို့မှာ ရုရှားဘက်က တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ရုရှားသမ္မတ Vladimir Putin က တူရကီသမ္မတ Recep Tayyip Erdogan ကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ပင်လယ်နက်ဒေသတွင်းမှာ ယူကရိန်းကောက်ပဲသီးနှံ တင်ပို့ခွင့်သဘေတူညီချက်ကို သက်တမ်းဆက်တိုးမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာအဆိုပြုချက်ကို တင်ပြတာအပါအဝင် ယူကရိန်းအရေး ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် ယူကရိန်းကို ဒီအဆိုပြုချက် ဒါမှမဟုတ် ယူကရိန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ ပြောကြားတာမျိုးမရှိခဲ့ဘူးလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဂျပန်သတင်းဌာနကို ပြောပါတယ်။

 ယူကရိန်းအရှေ့ပိုင်းဒေသ တိုက်ပွဲပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG