သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့နဲ့အလယ်ပိုင်းကို ရုရှားဒရုန်းတွေနဲ့တိုက်ခိုက်


ယူကရိန်းနိုင်ငံ Kyiv မြို့ မှာ ရုရှားဒရုန်းထိမှန်ခဲ့အပြီး မြင်ကွင်း (ဇန်နဝါရီ ၁၊ ၂၀၂၅)
ယူကရိန်းနိုင်ငံ Kyiv မြို့ မှာ ရုရှားဒရုန်းထိမှန်ခဲ့အပြီး မြင်ကွင်း (ဇန်နဝါရီ ၁၊ ၂၀၂၅)

ယူကရိန်း အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေက နေရာ အများအပြားကို ရုရှားတပ်တွေက တညအတွင်း ဒရုန်း အလုံးပေါင်း ၇၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီအထဲက ဒရုန်း ၄၇ စင်းကို ပစ်ချ ဖျက်ဆီး နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ယူကရိန်းနိုင်ငံ ချာကာစီ၊ ချားနစ်ဗ်၊ ဒနီပရို ပက်ထရောဗ် ၊ ခါကိဗ်၊ ခါဆန်၊ ကီရို ဗိုရတ်ဒ် ၊Kyiv, Mykolaiv, Poltava, အိုဒက်ဆာနဲ့ စူမီ ဒေသတွေမှာ ပစ်ချ ခဲ့တာ ဖြစ်ကြောင်း ယူကရိန်း လေကြောင်း ကာကွယ်ရေးဌာနက ပြောပါတယ်။ ဒါပေမယ့် ဒီဒေသ တွေမှာ ပျက်စီး ဆုံးရှုံးမှု အခြေအနေ ဘယ်လို ရှိတယ် ဆိုတာကိုတော့ အခုချိန်ထိ မသိရ သေးပါဘူး။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ဟာ ရုရှား- ယူကရိန်း နယ်စပ် တကျောက Bryansk, Belgorod, Kursk, ကလူဂါနဲ့ ဗိုရိနက်ဇ် ဒေသတွေမှာ ယူကရိန်းဘက်က ပစ်ခတ်လာတဲ့ ဒရုန်းပေါင်း ၁၃ ခုကို ပစ်ချ ဖျက်ဆီးခဲ့ရတယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီ ဒေသတွေမှာလည်း ထိခိုက် သေကြေမှု တစုံတရာ ရှိမရှိ မသိရသေးဘူးလို့ ဒေသအုပ်ချုပ်ရေး မှုးတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ရုရှားရဲ့ တိုက်ခိုက်မှုမှာတော့ ယူကရိန်းမြို့တော် Kyiv မှာ ၂ ဦး သေဆုံးခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG