သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေသေဆုံးစေတဲ့ မြန်မာလေကြောင်းတိုက်ခိုက်မှု ကုလ ရှုတ်ချ   


စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြိုနယ်ထဲက ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ ကျောင်းတကျောင်းကိုထိမှန်ပြီး အနည်းဆုံး ကလေး ၁၁ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု။ (စက်တင်ဘာ ၁၇၊ ၂၀၂၂)
စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြိုနယ်ထဲက ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ ကျောင်းတကျောင်းကိုထိမှန်ပြီး အနည်းဆုံး ကလေး ၁၁ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု။ (စက်တင်ဘာ ၁၇၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တာ အတွက် အထူး အံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြေညာချက်ထုတ်ပြန်ပါတယ်။

အစီရင်ခံစာတွေအရ စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေမှာလေကြောင်းတိုက်ခိုက်မှု ၅ ခုအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်အပါအဝင် အရပ်သား ၂၄ ယောက် သေဆုံးခဲ့ရသလို ဒဏ်ရာရ ကလေးငယ်က ၈ ယောက် ရှိနေပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတခုလည်း ပျက်စီးသွားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဒီတိုက်ခိုက်မှုဒဏ်တွေကို ပါ ခံစားနေကြရတယ်လို့ ပြောပါတယ်။

ကလေးငယ်တွေအနေနဲ့ သူတို့ ကြီးပြင်းရတဲ့အသိုင်းအဝိုင်းနဲ့ စာသင်ကျောင်းတွေအပါအဝင် သူတို့အတွက် လုံခြုံမှုပေးနိုင်တဲ့နေရာမျိုးတွေမှာ အသက်သေဆုံးနေကြရတာဖြစ်ပြီး ဒီလို ကလေးငယ်တွေသေဆုံးတိုင်း ဒါမှမဟုတ် ဒဏ်ရာရတိုင်း သူတို့ရဲ့ မိသားစုတွေအဖို့ အထူးကြေကွဲ ကြရတာဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ အခုလို လေကြောင်းတိုက်ခိုက်မှုမျိုး ဆက်ဖြစ်ပွါးနေမှာကို အထူးစိုးရိမ်ကြောင်းလည်း UNIICEF အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ June Kunugi ကကြေညာချက် ထုတ်ပြန်ပြောဆိုတာပါ။မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရတဲ့ ကလေးငယ်ပေါင်းက ၆၀၀ ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။ ကလေးငယ်တွေ ကိုသတ်ဖြတ်တာ၊ ဒဏ်ရာရစေတာနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာဟာ ကြီးမားတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုဖြစ်ကြောင်း တိုက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့အားလုံးသိထားဖို့နဲ့၊ ကလေးငယ်တွေနဲ့ အရပ်သားတွေကို အမြဲတမ်း အကာကွယ်ပေးရမှာ ဖြစ်ကြောင်း UNICEF က သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG