(Zawgyi/Unicode)
ကုလမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR က အႀကီးတန္းအရာရွိႀကီး ၂ ဦးဟာ တနလၤာေန႔မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ တခ်ိဳ႕ကို ေျပာင္းေရႊ႕ေနရာခ်ထားေပးေနတဲ့ Bhasan Char ကၽြန္းကို သြားေရာက္ခဲ့ပါတယ္။
ဒုကၡသည္မ်ားအေရးေဆာင္ရြက္မႈဆိုင္ရာ လက္ေထာက္ေကာ္မရွင္နာမင္းႀကီး Raouf Mazou နဲ႔ ဒုကၡသည္ အကာကြယ္ေပးေရးဆိုင္ရာ လက္ေထာက္ေကာ္မရွင္နာမင္းႀကီး Gillian Triggs တို႕ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar က ဒုကၡသည္စခန္းေတြကို မသြားခင္ Bhasan Char ကၽြန္းကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။
Bhasan Char ကၽြန္းက ဒုကၡသည္ စခန္းကို ေရာက္စဥ္မွာ ဒုကၡသည္ေတြက သူတို႔ ဒီကၽြန္းကို မလာခ်င္ေၾကာင္း ထုတ္ေဖၚဆႏၵျပရာက ႐ုန္းရင္းဆန္ခတ္ျဖစ္ပြါးခဲ့ၿပီး ဒဏ္ရာရသူေတြလည္း ရွိခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ကလာတဲ့ သတင္းေတြမွာ ေဖၚျပၾကပါတယ္။
UNHCR တာဝန္ရွိသူေတြ လာေရာက္ခ်ိန္မွာ ဒုကၡသည္ေတြထဲက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ ဒဏ္ရာရသူေတြ ရွိေၾကာင္း သိရတဲ့ အတြက္ အထူးစိုးရိမ္ေၾကာင္းလည္း UNHCR ဆက္ဆံေရးအရာရွိ Louise Donovan က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ၿပီး အခုလို ဒဏ္ရာရခဲ့သူေတြကို လိုအပ္တဲ့ ေဆးဝါးကုသမႈေတြ လုပ္ေပးဖို႔လည္း UNHCR အရာရွိေတြက ပန္ၾကားခဲ့ပါတယ္။
ကုလသမဂၢအရာရွိႀကီး ၂ ဦးဟာ ဒီကၽြန္းေပၚမွာ ေနရာခ်ထားေပးထားတဲ့ ဒုကၡသည္ေတြရဲ႕ ေျပာၾကားခ်က္ေတြကို လက္ခံ နားေထာင္ခဲ့တာ ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ ဆက္လက္ ေဆြးေႏြးသြားမွာ ျဖစ္ေၾကာင္းေျပာပါတယ္။
ကုလအဖြဲ႔ဟာ အဂၤါေန႔မွာ Cox’s Bazar က ဒုကၡသည္ စခန္းေတြကို သြားေရာက္ဖို႔ရွိသလို ဘဂၤလားေဒ့ရွ္ အစိုးရ တာဝန္ရွိသူေတြနဲ႔လည္း ေတြ႕ဆံုဖို႔ ရွိပါတယ္။
႐ိုဟင္ဂ်ာ ဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာထား ေပမယ့္ အခုထိေတာ့ မလုပ္ေဆာင္ ႏိုင္ေသးပါဘူး။
..............
ကုလအရာရှိကြီး ၂ ဦး Bhasan Char ကျွန်းကိုသွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ
(Unicode)
ကုလမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အကြီးတန်းအရာရှိကြီး ၂ ဦးဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးနေတဲ့ Bhasan Char ကျွန်းကို သွားရောက်ခဲ့ပါတယ်။
ဒုက္ခသည်များအရေးဆောင်ရွက်မှုဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Raouf Mazou နဲ့ ဒုက္ခသည် အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Gillian Triggs တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ဒုက္ခသည်စခန်းတွေကို မသွားခင် Bhasan Char ကျွန်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
Bhasan Char ကျွန်းက ဒုက္ခသည် စခန်းကို ရောက်စဉ်မှာ ဒုက္ခသည်တွေက သူတို့ ဒီကျွန်းကို မလာချင်ကြောင်း ထုတ်ဖေါ်ဆန္ဒပြရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
UNHCR တာဝန်ရှိသူတွေ လာရောက်ချိန်မှာ ဒုက္ခသည်တွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူတွေ ရှိကြောင်း သိရတဲ့ အတွက် အထူးစိုးရိမ်ကြောင်းလည်း UNHCR ဆက်ဆံရေးအရာရှိ Louise Donovan က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပြီး အခုလို ဒဏ်ရာရခဲ့သူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးဖို့လည်း UNHCR အရာရှိတွေက ပန်ကြားခဲ့ပါတယ်။
ကုလသမဂ္ဂအရာရှိကြီး ၂ ဦးဟာ ဒီကျွန်းပေါ်မှာ နေရာချထားပေးထားတဲ့ ဒုက္ခသည်တွေရဲ့ ပြောကြားချက်တွေကို လက်ခံ နားထောင်ခဲ့တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်းပြောပါတယ်။
ကုလအဖွဲ့ဟာ အင်္ဂါနေ့မှာ Cox’s Bazar က ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ရှိသလို ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထား ပေမယ့် အခုထိတော့ မလုပ်ဆောင် နိုင်သေးပါဘူး။