အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာကူညီမႈဆိုင္ရာအေထာက္အပံ့ ေနာက္ထပ္ ေဒၚလာ သန္း ၅၀ ကူညီသြားမယ္လို႔ ထုတ္ျပန္ေၾကညာပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္မက္ပဋိပကၡေတြေၾကာင့္ ဒုကၡသည္ေတြတိုးလာေနတာနဲ႔အမွ် စားနပ္ရိကၡာအကူအညီ လိုအပ္ခ်က္ေတြအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံတကာအကူအညီေပးေရးေအဂ်င္စီ USAID ကတဆင့္ ေထာက္ပံ့ေပးသြားမယ္လို႔ဆိုပါတယ္။
ပဋိပကၡေဒသမွာရွိတဲ့ ျမန္မာျပည္သူ ၇ သိန္းခြဲေက်ာ္ကို ကူညီဖို႔ USAID အေနနဲ႔ WFP ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္နဲ႔ လက္တြဲေဆာင္႐ြက္မယ္လို႔လည္း ေဖာ္ျပပါတယ္။ ဒီအကူအညီေတြထဲမွာ ပုံမွန္လစဥ္ရိကၡာေထာက္ပံ့မႈအျပင္ ငါးႏွစ္ေအာက္ကေလးငယ္ေတြ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ႏို႔တိုက္မိခင္ေတြအတြက္ အဟာရျဖည့္တင္းေရး အစီအစဥ္ေတြလည္းပါဝင္ပါတယ္။
WFP ကုလသမဂၢစားနပ္ရိကၡာအဖြဲ႕ အြန္လိုင္းစာမ်က္ႏွာမွာေတာ့ သူတို႔အေနနဲ႔ ျမန္မာႏိုင္ငံတြင္း ပဋိပကၡေဒသေတြက ဒုကၡသည္ေတြအတြက္ အေရးေပၚ စားနပ္ရိကၡာအကူအညီေတြ ေဆာင္႐ြက္ေပးေနတယ္လို႔ေဖာ္ျပပါတယ္။
ပဋိပကၡေတြရွိေနတဲ့ ရွမ္းျပည္ေတာင္ပိုင္း၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္ေနရာတခ်ိဳ႕၊ ရခိုင္ျပည္နယ္နဲ႔ ခ်င္း ပလက္၀ေဒသေတြက ဒုကၡသည္ေတြကို WFP စားနပ္ရိကၡာအကူအညီေတြ ေထာက္ပံ့ေပးတာရွိတယ္လို႔ VOA က သိရွိထားေပမယ့္၊ စစ္ေရး ပဋိပကၡအလြန္ဆိုးဝါးေနတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေဒသေတြက စစ္ေျပးဒုကၡသည္ေတြကေတာ့ ႏိုင္ငံတကာအကူအညီေတြ ဘာတစ္ခုမွ မရဘူးလို႔ ေဒသခံေတြက ေျပာထားပါတယ္။
စစ္တပ္အာဏာ သိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံတဝွမ္း အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ၾကသူေပါင္း ၁ ဒႆမ ၂ သန္း ရွိတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံး UNOCHA က ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ခန႔္မွန္းေခ် လူဦးေရ ၁၇.၆ သန္းဟာ လူသားခ်င္းစာနာမႈအကူအညီေတြ လိုအပ္ေနတယ္လို႔ USAID က ေဖာ္ျပထားပါတယ္။
{Unicode}
မြန်မာပြည်သူတွေကို နောက်ထပ်ဒေါ်လာသန်း၅၀ ကန်ကူညီမည်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာကူညီမှုဆိုင်ရာအထောက်အပံ့ နောက်ထပ် ဒေါ်လာ သန်း ၅၀ ကူညီသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံတွင်း စစ်မက်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေတိုးလာနေတာနဲ့အမျှ စားနပ်ရိက္ခာအကူအညီလိုအပ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ USAID ကတဆင့် ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
ပဋိပက္ခဒေသမှာရှိတဲ့ မြန်မာပြည်သူ ၇ သိန်းခွဲကျော်ကို ကူညီဖို့ USAID အနေနဲ့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်နဲ့ လက်တွဲဆောင်ရွက်မယ်လို့လည်း ဖော်ပြပါတယ်။ ဒီအကူအညီတွေထဲမှာ ပုံမှန်လစဉ်ရိက္ခာထောက်ပံ့မှုအပြင် ငါးနှစ်အောက်ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအတွက် အဟာရဖြည့်တင်းရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်။ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ အွန်လိုင်းစာမျက်နှာမှာတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ဖော်ပြပါတယ်။ ပဋိပက္ခတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နေရာတချို့၊ ရခိုင်ပြည်နယ်နဲ့ ချင်း ပလက်ဝဒေသတွေက ဒုက္ခသည်တွေကို WFP စားနပ်ရိက္ခာအကူအညီတွေ ထောက်ပံ့ပေးတာရှိတယ်လို့ VOA က သိရှိထားပေမယ့်၊ စစ်ရေး ပဋိပက္ခအလွန်ဆိုးဝါးနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေက စစ်ပြေးဒုက္ခသည်တွေကတော့ နိုင်ငံတကာအကူအညီတွေ ဘာတစ်ခုမှ မရဘူးလို့ ဒေသခံတွေက ပြောထားပါတယ်။
စစ်တပ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြသူပေါင်း ၁ ဒဿမ ၂ သန်း ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခန့်မှန်းချေ လူဦးရေ ၁၇.၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ USAID က ဖော်ပြထားပါတယ်။