သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားအေရး စုံစမ္းမႈ အေမရိကန္တရားေရးဌာန တန္ျပန္စစ္ေဆး


အေမရိကန္တရားေရးဌာန

( Zawgyi/ Unicode )

၂၀၁၆ ခုႏွစ္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ Trump စည္း႐ံုးေရးတာဝန္႐ွိသူေတြနဲ႔ ႐ု႐ွားႏုိင္ငံ ပူးေပါင္းေဆာင္႐ြက္ခဲ့သလားဆိုတဲ့ စံုစမ္းမႈေတြဟာ မွန္မွန္ကန္ကန္ေဆာင္႐ြက္ခဲ့သလားဆိုတာကို တရားေရးဌာနက ရာဇဝတ္ေၾကာင္းနဲ႔ စစ္ေဆးေနပါၿပီ။

အထူးစံုစမ္းေရးမွဴး Robert Mueller ဦးေဆာင္ခဲ့တဲ့ စံုစမ္းမႈေတြအေပၚ တရားေရးဌာနက ျပန္လည္သံုးသပ္ေနရာကေန ရာဇဝတ္ေၾကာင္းနဲ႔ စတင္ စံုစမ္းစစ္ေဆးေနၿပီဆိုတာကို သတင္းဇစ္ျမစ္ ၂ ခုကို ကိုးကားၿပီး New York Times သတင္းစာႀကီးက ၾကာသပေတးေန႔က စတင္ေဖာ္ျပခဲ့တာပါ။ အခုစံုစမ္းမႈေတြကို Connecticut ျပည္နယ္ အစိုးရေ႐ွ႕ေန John Durham ကဦးေဆာင္ပါတယ္။

ရာဇဝတ္ေၾကာင္းနဲ႔ စံုစမ္းေနတဲ့အတြက္ အစိုးရေ႐ွ႕ေနေတြအေနနဲ႔ စစ္ေဆးေမးျမန္းဖုိ႔ ဆင့္ေခၚမႈေတြ၊ ခံုသမာဓိအဖြဲ႔ ဖဲြ႔စစ္ေဆးမႈေတြလုပ္ႏိုင္မွာျဖစ္ပါတယ္။ အထူးစံုစမ္းေရးမွဴး Robert Mueller ဒီႏွစ္ဆန္းပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာထဲမွာ သမၼတ Donald Trump နဲ႔ သူ႔ရဲ႕စည္း႐ံုးေရးတာဝန္႐ွိသူေတြ ႐ု႐ွားနဲ႔ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္လို႔ ဆံုးျဖတ္ႏိုင္ေလာက္ေအာင္ ခိုင္မာတဲ့ အေထာက္အထားေတြ မေတ႔ြခဲ့ရဘူးလို႔ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ သမၼတ Trump အေနနဲ႔ တရားမွ်တေရးေဆာင္႐ြက္မႈေတြကို အေႏွာင့္အယွက္ေပးတယ္ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ပတ္သက္လို႔ေတာ့ အျပစ္ကင္းတယ္လို႔ေျပာလို႔မရဘူးလုိ႔ စံုစမ္းေရးမွဴး Muller ကအစီရင္ခံစာထဲမွာ ေရးသားခဲ့ပါတယ္။ Robert Mueller ရဲ႕စံုစမ္းမႈဟာ အျပစ္မေတြ႔ ေတြ႔ေအာင္႐ွာေနတဲ့လုပ္ရပ္ျဖစ္တယ္လို႔ သမၼတ Trump ကအႀကိမ္ႀကိမ္ေျပာၾကားခဲ့ပါတယ္။ ဒီစံုစမ္းမႈက အရင္ Obama အစိုးရနဲ႔ ေထာက္လွမ္းေရး တာဝန္႐ွိသူေတြ မတရားပူးေပါင္းႀကံစည္ စံုစမ္းမႈျဖစ္တယ္လို႔ Republican ေတြကလည္း စြပ္စြဲၾကပါတယ္။

တခ်ိန္ထဲမွာပဲ သမၼတအေပၚ တရားစြဲသင့္မသင့္ ေအာက္လႊတ္ေတာ္ေကာ္မတီတခုမွာ တံခါးပိတ္စံုစမ္းမႈကို အတင္းဝင္ေႏွာင့္ယွက္ခဲ့ၾကတဲ့ Republican အမတ္ေတြကို သူအင္မတန္ေထာက္ခံတယ္လို႔ သမၼတ Trump ကေျပာၾကားခဲ့ပါတယ္။ Democrat အမတ္ေတြဦးေဆာင္ေနတဲ့ စံုစမ္းေမးျမန္းမႈေတြက ပြင့္လင္းျမင္သာမႈ မ႐ွိဘူးလို႔ဆိုၿပီး Republican ေတြက ေမးျမန္းေနတဲ့အခန္းထဲ အတင္းဝင္ခဲ့ၾကတာပါ။ ေမးျမန္းမႈေတြကို လာေရာက္ေျဖၾကားတဲ့ သံတမန္ေတြ၊ အမ်ဳိးသားလံုၿခံဳေရးတာဝန္႐ွိသူေတြရဲ႕ ေျပာၾကားခ်က္မွတ္တမ္းေတြကို ေနာင္မွာ ထုတ္ျပန္ေပးသြားမယ္လို႔ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီဥကၠ႒ Adam Schiff ကေျပာၾကားခဲ့ပါတယ္။

.........................

( Unicode )

ရုရှားအရေး စုံစမ်းမှု အမေရိကန်တရားရေးဌာန တန်ပြန်စစ်ဆေး

၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Trump စည်းရုံးရေးတာဝန်ရှိသူတွေနဲ့ ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သလားဆိုတဲ့ စုံစမ်းမှုတွေဟာ မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့သလားဆိုတာကို တရားရေးဌာနက ရာဇဝတ်ကြောင်းနဲ့ စစ်ဆေးနေပါပြီ။

အထူးစုံစမ်းရေးမှူး Robert Mueller ဦးဆောင်ခဲ့တဲ့ စုံစမ်းမှုတွေအပေါ် တရားရေးဌာနက ပြန်လည်သုံးသပ်နေရာကနေ ရာဇဝတ်ကြောင်းနဲ့ စတင် စုံစမ်းစစ်ဆေးနေပြီဆိုတာကို သတင်းဇစ်မြစ် ၂ ခုကို ကိုးကားပြီး New York Times သတင်းစာကြီးက ကြာသပတေးနေ့က စတင်ဖော်ပြခဲ့တာပါ။ အခုစုံစမ်းမှုတွေကို Connecticut ပြည်နယ် အစိုးရရှေ့နေ John Durham ကဦးဆောင်ပါတယ်။

ရာဇဝတ်ကြောင်းနဲ့ စုံစမ်းနေတဲ့အတွက် အစိုးရရှေ့နေတွေအနေနဲ့ စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်မှုတွေ၊ ခုံသမာဓိအဖွဲ့ ဖွဲ့စစ်ဆေးမှုတွေလုပ်နိုင်မှာဖြစ်ပါတယ်။ အထူးစုံစမ်းရေးမှူး Robert Mueller ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ သမ္မတ Donald Trump နဲ့ သူ့ရဲ့စည်းရုံးရေးတာဝန်ရှိသူတွေ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆုံးဖြတ်နိုင်လောက်အောင် ခိုင်မာတဲ့ အထောက်အထားတွေ မတေ့ွခဲ့ရဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သမ္မတ Trump အနေနဲ့ တရားမျှတရေးဆောင်ရွက်မှုတွေကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့တော့ အပြစ်ကင်းတယ်လို့ပြောလို့မရဘူးလို့ စုံစမ်းရေးမှူး Muller ကအစီရင်ခံစာထဲမှာ ရေးသားခဲ့ပါတယ်။ Robert Mueller ရဲ့စုံစမ်းမှုဟာ အပြစ်မတွေ့ တွေ့အောင်ရှာနေတဲ့လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Trump ကအကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။ ဒီစုံစမ်းမှုက အရင် Obama အစိုးရနဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတွေ မတရားပူးပေါင်းကြံစည် စုံစမ်းမှုဖြစ်တယ်လို့ Republican တွေကလည်း စွပ်စွဲကြပါတယ်။

တချိန်ထဲမှာပဲ သမ္မတအပေါ် တရားစွဲသင့်မသင့် အောက်လွှတ်တော်ကော်မတီတခုမှာ တံခါးပိတ်စုံစမ်းမှုကို အတင်းဝင်နှောင့်ယှက်ခဲ့ကြတဲ့ Republican အမတ်တွေကို သူအင်မတန်ထောက်ခံတယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။ Democrat အမတ်တွေဦးဆောင်နေတဲ့ စုံစမ်းမေးမြန်းမှုတွေက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ဆိုပြီး Republican တွေက မေးမြန်းနေတဲ့အခန်းထဲ အတင်းဝင်ခဲ့ကြတာပါ။ မေးမြန်းမှုတွေကို လာရောက်ဖြေကြားတဲ့ သံတမန်တွေ၊ အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေရဲ့ ပြောကြားချက်မှတ်တမ်းတွေကို နောင်မှာ ထုတ်ပြန်ပေးသွားမယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Adam Schiff ကပြောကြားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG