သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ မွာ ၃ ပတ္အတြင္း အလုပ္လက္မဲ့ခံစားခြင့္ေလွ်ာက္ထားသူ ၁၇ သန္းခန္႔ရွိ


(Zawgyi/Unicode)

အေမရိကန္ႏုိင္ငံ တလႊားမွာ ကိုရိုနာဗုိုင္းရပ္စ္ ကူးစက္ျပန္႔ႏွံံ႔မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ သီတင္းပတ္ အတြင္း အလုပ္လက္မဲ့ ခံစားခြင့္ ေလ်ွာက္ထား ေတာင္းခံသူေပါင္း ေနာက္ထပ္ ၆.၆ သန္း ရွိတယ္လို႔အလုပ္သမား ဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

ၿပီးခဲ့တဲ့ သီတင္း ၃ ပတ္အတြင္း အလုပ္လက္မဲ့ ခံစားခြင့္ ေလ်ွာက္ထားသူ ၁၇ သန္းေလာက္ ရွ ိလာသလို္ လာမယ့္ သီတင္းပတ္ေတြ အတြင္း အလုပ္လက္မဲ့ ခံစားခြင့္ ေလ်ွာက္ထားသူ အေရအတြက္ကလည္း ပိုမ်ားလာဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္ေလာက္က အလုပ္လက္မဲ့ ခံစားခြင့္ ေလ်ွာက္ထားသူ ၆.၈ သန္း ရွိခဲ့သလို အခု အသစ္ေလ်ွာက္ထားသူက ၆.၆ သန္းရွိေနပါတယ္။ အခုလို အလုပ္လက္မဲ့ခံစားခြင့္ ေလ်ွာက္ထားသူ တပတ္ကို ၇ သန္းေလာက္ ရွိေနတာဟာ ၁၉၆၇ ခုႏွစ္က စလို႔ အလုပ္လက္မဲ့အေျခေန အျမင့္မားဆံုး ျဖစ္ေနတာပါ။

အေမရိကန္အစိုးရက ဧၿပီလကုန္အထိ ျပည္သူေတြ တဦးနဲ႔တဦး ၆ ေပ ေလာက္ ခပ္ခြာခြာ ေနဖို႔ အႀကံေပးထားတာပါ။ ဒါေၾကာင့္ စီးပြားေရး လုပ္ငန္းေတြလည္း အဆင္မေျပျဖစ္လာခဲ့သလို ပိတ္ပစ္ရတာေတြပါ ရွိလာခဲ့ၿပီး အလုပ္သမားေတြ အလုပ္ျပဳတ္ကုန္ၾကတာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ လူေပါင္း ၈.၆ သန္းကို အလုပ္ျပဳတ္ေစခဲ့တဲ့့ ၂၀၀၈ -၂၀၀၉ စီးပြားေရး ကပ္ဆိုက္ဖို႔ အခ်ိန္ ၂ ႏွစ္ေလာက္ ၾကာခဲ့ေပမယ့္ အခု စီးပြားေရး က်ဆင္းဆုတ္ယုတ္မႈကေတာ့ အေမရိကန္ သမိုင္းမွာ မႀကံဳစဖူး ျမန္ဆန္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

ကန် မှာ ၃ ပတ်အတွင်း အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ ၁၇ သန်းခန့်ရှိ

(Unicode)

အမေရိကန်နိုင်ငံ တလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံံ့မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထား တောင်းခံသူပေါင်း နောက်ထပ် ၆.၆ သန်း ရှိတယ်လို့အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၁၇ သန်းလောက် ရှ ိလာသလို လာမယ့် သီတင်းပတ်တွေ အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ အရေအတွက်ကလည်း ပိုများလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၆.၈ သန်း ရှိခဲ့သလို အခု အသစ်လျှောက်ထားသူက ၆.၆ သန်းရှိနေပါတယ်။ အခုလို အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ တပတ်ကို ၇ သန်းလောက် ရှိနေတာဟာ ၁၉၆၇ ခုနှစ်က စလို့ အလုပ်လက်မဲ့အခြေနေ အမြင့်မားဆုံး ဖြစ်နေတာပါ။

အမေရိကန်အစိုးရက ဧပြီလကုန်အထိ ပြည်သူတွေ တဦးနဲ့တဦး ၆ ပေ လောက် ခပ်ခွာခွာ နေဖို့ အကြံပေးထားတာပါ။ ဒါကြောင့် စီးပွားရေး လုပ်ငန်းတွေလည်း အဆင်မပြေဖြစ်လာခဲ့သလို ပိတ်ပစ်ရတာတွေပါ ရှိလာခဲ့ပြီး အလုပ်သမားတွေ အလုပ်ပြုတ်ကုန်ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူပေါင်း ၈.၆ သန်းကို အလုပ်ပြုတ်စေခဲ့တဲ့ ၂၀၀၈ -၂၀၀၉ စီးပွားရေး ကပ်ဆိုက်ဖို့ အချိန် ၂ နှစ်လောက် ကြာခဲ့ပေမယ့် အခု စီးပွားရေး ကျဆင်းဆုတ်ယုတ်မှုကတော့ အမေရိကန် သမိုင်းမှာ မကြုံစဖူး မြန်ဆန်ခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG