သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာခ်ဳပ္မင္းေအာင္လိႈင္ သားသမီး ၂ ဦး နဲ႔ သူတို႔ ကုမၸဏီေတြ ကန္ဒဏ္ခတ္ပိတ္ဆို႔ 


အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္အေပၚ အေမရိကန္ ျပည္ေထာင္စုက ေနာက္ဆက္တဲြ အေရးယူတဲ့ အေနနဲ႔ တပ္မေတာ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ သားသမီး ၂ ဦးနဲ႔ သူတို႔ထိန္းခ်ဳပ္ထားတဲ့ ကုမၸဏီ ၆ ခုကို ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္ပါတယ္။

အာဏာသိမ္းလိုက္မႈမွာ အဓိက တာ၀န္ရွိတဲ့ ျမန္မာစစ္ေခါင္းေဆာင္ရဲ႕ သားျဖစ္သူ ေအာင္ျပည့္စုံ၊ သမီးျဖစ္သူ ခင္သီရိသက္မြန္ နဲ႔ သူတို႔ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ကုမၸဏီ ၆ ခုကို အေရးယူလိုက္ေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနက ဗုဒၶဟူးေန႔ကပဲ ေၾကညာလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေႁမွာက္ထားတဲ့ အစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းတဲ့လုပ္ရပ္နဲ႔ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္တဲ့ လုပ္ရပ္အတြက္ တုံ႔ျပန္တဲ့အေနနဲ႔ အေရးယူခဲ့တာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ၿဖိဳခြင္းတဲ့ လုပ္ရပ္ဟာ လက္ခံႏိုင္စရာ မရွိေၾကာင္းလည္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန ျပည္ပပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဌာန ၫႊန္ၾကားေရးမွဴး Andrea Gacki ကေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္းနဲ႔ အာဏာသိမ္းမႈနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ တာ၀န္ရွိသူေတြ၊ တာ၀န္ခံမႈရွိေအာင္ ဆက္လက္ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္နဲ႔ အရပ္ဖက္လူမႈအဖဲြ႕အစည္းက ပုဂၢိဳလ္ေတြ၊ သတင္းေထာက္ေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ အပါအ၀င္ ဖမ္းဆီးထားသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းတဲ့ လုပ္ရပ္အတြက္ တာ၀န္ယူမႈရွိေအာင္ အေမရိကန္ အေနနဲ႔ ဆက္လက္ ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ဗုဒၶဟူးေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုထားပါတယ္။ ဒီမိုကေရစီနည္းက် ေရြးခ်ယ္ထားတဲ့ အစိုးရကို အာဏာျပန္လႊဲေပးဖို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ႏွိမ္နင္းမႈေတြ ခ်က္ျခင္းရပ္ဖို႔၊ ဖမ္းဆီးထားသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကာချုပ်မင်းအောင်လှိုင် သားသမီး ၂ ဦး နဲ့ သူတို့ ကုမ္ပဏီတွေ ကန်ဒဏ်ခတ်ပိတ်ဆို့
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန် ပြည်ထောင်စုက နောက်ဆက်တွဲ အရေးယူတဲ့ အနေနဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီး ၂ ဦးနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

အာဏာသိမ်းလိုက်မှုမှာ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ၊ သမီးဖြစ်သူ ခင်သီရိသက်မွန် နဲ့ သူတို့ ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ကပဲ ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းတဲ့လုပ်ရပ်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လုပ်ရပ်အတွက် တုံ့ပြန်တဲ့အနေနဲ့ အရေးယူခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Andrea Gacki ကပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေ၊ တာဝန်ခံမှုရှိအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိအောင် အမေရိကန် အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ ချက်ခြင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG