သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရီးသည္တင္ေလယာဥ္ ဗုံးကဲြမႈအတြက္ မသကၤာသူ အေမရိကန္ဖမ္းဆီး


Lockerbie ၿမိဳ ႔အနီးေလယာဥ္ပ်က္က်မႈေၾကာင့္ေသဆုံးခဲ့သူတဦးရဲ ႔ရုပ္အေလာင္းသယ္ေဆာင္ေနပုံ၊ ဒီဇင္ဘာ ၂၂၊ ၁၉၈၈။

စေကာ့တလန္၊ Lockerbie ၿမိဳ႕က ေ၀ဟင္မွာ ၁၉၈၈ ခုႏွစ္တုန္းက အေမရိကန္ ခရီးသည္တင္ ေလယာဥ္ ေဖာက္ခဲြတိုက္ခိုက္ခံရမႈမွာ ဗုံးလုပ္ေပးသူအျဖစ္ မသကၤာသူ လစ္ဗ်ားေထာက္လွမ္းေရးကို အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က ဖမ္းဆီးလိုက္ပါတယ္။ 

ခရီးသည္တင္ေလယာဥ္ ဗုံးကဲြမႈအတြက္ မသကၤာသူ အေမရိကန္ဖမ္းဆီး

{{Zawgyi/Unicode}}
စေကာ့တလန္၊ Lockerbie ၿမိဳ႕က ေ၀ဟင္မွာ ၁၉၈၈ ခုႏွစ္တုန္းက အေမရိကန္ ခရီးသည္တင္ ေလယာဥ္ ေဖာက္ခဲြတိုက္ခိုက္ခံရမႈမွာ ဗုံးလုပ္ေပးသူအျဖစ္ မသကၤာသူ လစ္ဗ်ားေထာက္လွမ္းေရးကို အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က ဖမ္းဆီးလိုက္ၿပီး၊ အေမရိကန္မွာ တရားရင္ဆိုင္ဖို႔ လဲႊေျပာင္းေပးလိုက္ၿပီျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာလိုက္ပါတယ္။

Abu Agela Mas'ud Kheir Al-Marimi ကို အေမရိကန္ တရားေရးဌာနက ဖမ္းဆီးအေရးယူႏိုင္ဖို႔ ဆယ္စုႏွစ္နဲ႔ခ်ီ ႀကိဳးပမ္းေနတာပါ။ အေမရိကန္ ၁၉၀ နဲ႔ ေျမျပင္က ၁၁ ေယာက္ အပါအ၀င္ လူေပါင္း ၂၅၉ ဦး ေသဆုံးခဲ့တဲ့ PAM American ေလေၾကာင္းလိုင္းက ေလယာဥ္ တိုက္ခိုက္ခံရမႈမွာ ဗုံးလုပ္သူအျဖစ္ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက၊ အေမရိကန္မွာ ေရွ႕ေနခ်ဳပ္တာ၀န္ယူထားတဲ့ William Barr က ရာဇ၀တ္ေၾကာင္းနဲ႔ တရားစဲြလိုက္ေၾကာင္း ေၾကညာခဲ့တာပါ။

၁၉၈၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔က နယူးေယာက္ကို ပ်ံသန္းမယ့္ ခရီးစဥ္အတြက္ လန္ဒန္ကေန ထြက္ခြာလာတဲ့ ေလယာဥ္ဟာ ၃၈ မိနစ္အၾကာမွာပဲ စေကာ့တလန္၊ Lockerbie ၿမိဳ႕ေပၚမွာ ေပါက္ကဲြခဲ့တာျဖစ္ၿပီး၊ ၿဗိတိန္ေျမမွာ အေသအေပ်ာက္ အမ်ားဆုံး တိုက္ခိုက္ခံရမႈအျဖစ္ အခုအခ်ိန္အထိ မွတ္တမ္း၀င္ေနဆဲ ျဖစ္ပါတယ္။

မသကၤာသူ လစ္ဗ်ားေထာက္လွမ္းေရးကို ဘယ္လို ဖမ္းဆီးမိသလဲဆိုတာကေတာ့ လတ္တေလာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သူ႔ကိုေတာ့ လူေသဆုံးတဲ့အထိ ေလယာဥ္ပ်က္စီးေစမႈ အပါအ၀င္ ရာဇ၀တ္မႈ ၂ ခုနဲ႔ အေရးယူထားတာပါ။

သူ႔အေပၚ ရာဇ၀တ္မႈနဲ႔ အေရးယူလိုက္ေၾကာင္း ၂၀၂၀ ျပည့္မွာ အေမရိကန္က ေၾကညာတဲ့ အခ်ိန္တုန္းကေတာ့ သူဟာ တျခားရာဇ၀တ္မႈေတြနဲ႔ လစ္ဗ်ားေထာင္မွာ ဖမ္းဆီးခံထားရၿပီး၊ အေမရိကန္ အစိုးရနဲ႔ ဘယ္လိုေစ့စပ္ညႇိႏႈိင္းမႈေတြ ရွိခဲ့သလဲဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

သူ႔ကို အေမရိကန္က ဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း ေလယာဥ္ပ်က္က်မႈအတြင္း ေသဆုံးသူေတြရဲ႕ မိသားစုေတြကို အေၾကာင္းၾကားထားတယ္လို႔လည္း စေကာ့တလန္ အာဏာပိုင္ေတြက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ခရီးသည်တင်လေယာဉ် ဗုံးကွဲမှုအတွက် မသင်္ကာသူ အမေရိကန်ဖမ်းဆီး

{{Zawgyi/Unicode}}
စကော့တလန်၊ Lockerbie မြို့က ဝေဟင်မှာ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန် ခရီးသည်တင် လေယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်ပေးသူအဖြစ် မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပြီး၊ အမေရိကန်မှာ တရားရင်ဆိုင်ဖို့ လွဲှပြောင်းပေးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

Abu Agela Mas'ud Kheir Al-Marimi ကို အမေရိကန် တရားရေးဌာနက ဖမ်းဆီးအရေးယူနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြိုးပမ်းနေတာပါ။ အမေရိကန် ၁၉၀ နဲ့ မြေပြင်က ၁၁ ယောက် အပါအဝင် လူပေါင်း ၂၅၉ ဦး သေဆုံးခဲ့တဲ့ PAM American လေကြောင်းလိုင်းက လေယာဉ် တိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်သူအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက၊ အမေရိကန်မှာ ရှေ့နေချုပ်တာဝန်ယူထားတဲ့ William Barr က ရာဇဝတ်ကြောင်းနဲ့ တရားစွဲလိုက်ကြောင်း ကြေညာခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က နယူးယောက်ကို ပျံသန်းမယ့် ခရီးစဉ်အတွက် လန်ဒန်ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ၃၈ မိနစ်အကြာမှာပဲ စကော့တလန်၊ Lockerbie မြို့ပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ ဗြိတိန်မြေမှာ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုအဖြစ် အခုအချိန်အထိ မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။

မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို ဘယ်လို ဖမ်းဆီးမိသလဲဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူ့ကိုတော့ လူသေဆုံးတဲ့အထိ လေယာဉ်ပျက်စီးစေမှု အပါအဝင် ရာဇဝတ်မှု ၂ ခုနဲ့ အရေးယူထားတာပါ။

သူ့အပေါ် ရာဇဝတ်မှုနဲ့ အရေးယူလိုက်ကြောင်း ၂၀၂၀ ပြည့်မှာ အမေရိကန်က ကြေညာတဲ့ အချိန်တုန်းကတော့ သူဟာ တခြားရာဇဝတ်မှုတွေနဲ့ လစ်ဗျားထောင်မှာ ဖမ်းဆီးခံထားရပြီး၊ အမေရိကန် အစိုးရနဲ့ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုတွေ ရှိခဲ့သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သူ့ကို အမေရိကန်က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းကြားထားတယ်လို့လည်း စကော့တလန် အာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG