သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ ေရွ႕တန္းကေန တုိက္ေနသူေတြ အထူးဂုဏ္ျပဳထားတဲ့ အိမ္ျဖဴေတာ္ခရစ္စမတ္


(Zawgyi/Unicode)

ဒီႏွစ္ ခရစ္စမတ္ပြဲအတြက္ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္မွာ ထုံးထမ္းစဥ္လာအရ ခရစ္စမတ္ သစ္ပင္ေတြ စိုက္ထူထားၿပီး ျဖစ္ပါတယ္။ ဒီႏွစ္ ခရစ္စမတ္ပြဲတြက္ ေရြးခ်ယ္ထားတဲ့ အေၾကာင္းအရာက America the Beautiful လွပတဲ့ အေမရိကား ျဖစ္ေၾကာင္းနဲ႔ ဒါဟာ ခန္႔ညားထည္ဝါတဲ့ အေမရိကန္နိုင္ငံကို ဂုဏ္ျပဳတာ ျဖစ္ေၾကာင္း သမၼတကေတာ္ Melania Trump က ေျပာပါတယ္။

Blue Room အျပာေရာင္အခန္းမွာ ထားရွိတဲ့ ခရစ္စမတ္ သစ္ပင္မွာ အလွတန္ဆာဆင္ထားတဲ့ အရာေတြက အေနာက္ဗာဂ်ီးနီးယား ျပည္နယ္က ျဖစ္ၿပီး တစ္တိုင္းျပည္လုံးက ေက်ာင္းသူေက်ာင္းသားေတြ ဝိုင္းဝန္း အလွဆင္ ဒီဇိုင္းဆင္ထားတာ ျဖစ္ပါတယ္။ အဲဒီ ဒီဇိုင္းေတြကတဆင့္ သူတို႔တေတြေနထိုင္ရာ ျပည္နယ္ အသီးသီးကို စြဲမက္လွပေစတဲ့ လူေတြ၊ ၾကည့္ရႈစရာ ေနရာေတြနဲ႔ အရာဝတၳဳ ေတြကို ေဖာ္ထုတ္ျပသဖို႔ အမ်ိဳးသား ဥယ်ာဥ္ ဝန္ေဆာင္မႈေပးေရး ဌာနက တိုက္တြန္းခဲ့တာပါ။

အိမ္ျဖဴေတာ္ရဲ့ Red Room အနီေရာင္အခန္းထဲမွာေတာ့ တိုင္းျပည္ထဲ လူ ၂၆၆, ၀၀၀ ေက်ာ္ေသဆုံးၿပီး ၁၃ သန္းေက်ာ္ ကူးစက္ခံခဲ့ ရတဲ့ ကပ္ေရာဂါ ႀကီးကို ေရွ႕တန္းကေန တိုက္ဖ်က္ေနတဲ့သူကို ရည္စူး ဂုဏ္ျပဳထားတဲ့ ခရစ္စမတ္ သစ္ပင္တစ္ပင္နဲ႔ အလွတန္ဆာ ဆင္ထားထားပါတယ္။

ဂ်င္ဂ်ာ ဘီစကစ္နဲ႔ လုပ္ထားတဲ့ အိမ္ျဖဴေတာ္ပုံစံငယ္ကေတာ့ ေပါင္ ၄၀၀ ေက်ာ္ အေလးခ်ိန္ရွိတဲ့ ဂ်ဳံ၊ ေကာ္မႈန္႔၊ ေခ်ာကလက္ေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္ၿပီး သမၼတ ကေတာ္ Melania Trump ရဲ့ မၾကာခင္ကပဲ ျပျပင္မြမ္းမံထားတဲ့ ႏွင္းဆီပန္းၿခံပုံကို လည္း ပထမဆုံး အေနနဲ႔ ထည့္သြင္းထားပါတယ္။

အိမ္ျဖဴေတာ္တြင္း ခရစၥမတ္သစ္ပင္ ၆၂ ပင္၊ ခရစၥမတ္ အလွခ်ိတ္ဆြဲပန္းေခြ နဲ႔ ေပ ၁၂၀၀ ေက်ာ္ျမင့္တဲ့ ခရစၥမတ္ ပန္းကုံးႀကီးမွာ မီးႀကိဳးေပါင္း ၃၂၀၀ နဲ႔ ဖဲႀကိဳး ၁၇,၀၀၀ ကို တနိုင္ငံလုံးက ေစတနာ့ဝန္ထမ္းေတြက ေက်းဇူးေတာ္ေန႔အၿပီး လာေရာက္ကူညီ အလွ ဆင္ေပးထားတာျဖစ္ပါတယ္။ ဒီေစတနာ့ ဝန္ထမ္းေတြကို ဂုဏ္ျပဳဧည့္ခံပြဲမက်င္းပေပးခင္ တနလၤာေန႔မွာ အိမ္ျဖဴေတာ္တြင္း ခရစၥမတ္ အလွဆင္ထားတာေတြကို သတင္းမီဒီယာေတြကို လွည့္လည္ ျပသသြားမွာ ျဖစ္ပါတယ္။

နိုဝင္ဘာလ ေရြးေကာက္ပြဲမွာ အနိုင္ရတယ္လို႔ သမၼတ Donald Trump က ေျပာေနေပမဲ့လည္း သူနဲ႔သူ႔မိသားစုအတြက္ေတာ့ ဒီႏွစ္ က အိမ္ျဖဴေတာ္ ေနာက္ဆုံး ခရစၥမတ္ ျဖစ္လာမွာပါ။

တိုက္႐ိုက္ လင့္ခ္

..............

ကိုဗစ်-၁၉ ရှေ့တန်းကနေ တိုက်နေသူတွေ အထူးဂုဏ်ပြုထားတဲ့ အိမ်ဖြူတော်ခရစ်စမတ်

(Unicode)

ဒီနှစ် ခရစ်စမတ်ပွဲအတွက် အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ထုံးထမ်းစဉ်လာအရ ခရစ်စမတ် သစ်ပင်တွေ စိုက်ထူထားပြီး ဖြစ်ပါတယ်။ ဒီနှစ် ခရစ်စမတ်ပွဲတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာက America the Beautiful လှပတဲ့ အမေရိကား ဖြစ်ကြောင်းနဲ့ ဒါဟာ ခန့်ညားထည်ဝါတဲ့ အမေရိကန်နိုင်ငံကို ဂုဏ်ပြုတာ ဖြစ်ကြောင်း သမ္မတကတော် Melania Trump က ပြောပါတယ်။

Blue Room အပြာရောင်အခန်းမှာ ထားရှိတဲ့ ခရစ်စမတ် သစ်ပင်မှာ အလှတန်ဆာဆင်ထားတဲ့ အရာတွေက အနောက်ဗာဂျီးနီးယား ပြည်နယ်က ဖြစ်ပြီး တစ်တိုင်းပြည်လုံးက ကျောင်းသူကျောင်းသားတွေ ဝိုင်းဝန်း အလှဆင် ဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဒီဇိုင်းတွေကတဆင့် သူတို့တတွေနေထိုင်ရာ ပြည်နယ် အသီးသီးကို စွဲမက်လှပစေတဲ့ လူတွေ၊ ကြည့်ရှုစရာ နေရာတွေနဲ့ အရာဝတ္ထု တွေကို ဖော်ထုတ်ပြသဖို့ အမျိုးသား ဥယျာဉ် ဝန်ဆောင်မှုပေးရေး ဌာနက တိုက်တွန်းခဲ့တာပါ။

အိမ်ဖြူတော်ရဲ့ Red Room အနီရောင်အခန်းထဲမှာတော့ တိုင်းပြည်ထဲ လူ ၂၆၆, ၀၀၀ ကျော်သေဆုံးပြီး ၁၃ သန်းကျော် ကူးစက်ခံခဲ့ ရတဲ့ ကပ်ရောဂါ ကြီးကို ရှေ့တန်းကနေ တိုက်ဖျက်နေတဲ့သူကို ရည်စူး ဂုဏ်ပြုထားတဲ့ ခရစ်စမတ် သစ်ပင်တစ်ပင်နဲ့ အလှတန်ဆာ ဆင်ထားထားပါတယ်။

ဂျင်ဂျာ ဘီစကစ်နဲ့ လုပ်ထားတဲ့ အိမ်ဖြူတော်ပုံစံငယ်ကတော့ ပေါင် ၄၀၀ ကျော် အလေးချိန်ရှိတဲ့ ဂျုံ၊ ကော်မှုန့်၊ ချောကလက်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး သမ္မတ ကတော် Melania Trump ရဲ့ မကြာခင်ကပဲ ပြပြင်မွမ်းမံထားတဲ့ နှင်းဆီပန်းခြံပုံကို လည်း ပထမဆုံး အနေနဲ့ ထည့်သွင်းထားပါတယ်။

အိမ်ဖြူတော်တွင်း ခရစ္စမတ်သစ်ပင် ၆၂ ပင်၊ ခရစ္စမတ် အလှချိတ်ဆွဲပန်းခွေ နဲ့ ပေ ၁၂၀၀ ကျော်မြင့်တဲ့ ခရစ္စမတ် ပန်းကုံးကြီးမှာ မီးကြိုးပေါင်း ၃၂၀၀ နဲ့ ဖဲကြိုး ၁၇,၀၀၀ ကို တနိုင်ငံလုံးက စေတနာ့ဝန်ထမ်းတွေက ကျေးဇူးတော်နေ့အပြီး လာရောက်ကူညီ အလှ ဆင်ပေးထားတာဖြစ်ပါတယ်။ ဒီစေတနာ့ ဝန်ထမ်းတွေကို ဂုဏ်ပြုဧည့်ခံပွဲမကျင်းပပေးခင် တနင်္လာနေ့မှာ အိမ်ဖြူတော်တွင်း ခရစ္စမတ် အလှဆင်ထားတာတွေကို သတင်းမီဒီယာတွေကို လှည့်လည် ပြသသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ သမ္မတ Donald Trump က ပြောနေပေမဲ့လည်း သူနဲ့သူ့မိသားစုအတွက်တော့ ဒီနှစ် က အိမ်ဖြူတော် နောက်ဆုံး ခရစ္စမတ် ဖြစ်လာမှာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG