သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်းရောဂါဖြစ်ပွါးမှု ကမ္ဘာမှာတိုးလာ (WHO)


Mozambique Cyclone Freddy Cholera
Mozambique Cyclone Freddy Cholera

ကမ္ဘာတလွှား ကာလဝမ်းရောဂါ ဖြစ်ပွါးနှုန်းတိုးလာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့တွေရဲ့ မှတ်တမ်းအရ မနှစ်က ကာလဝမ်းရောဂါ ဖြစ်ပွါးသူဟာ အရင်တနှစ် ၂၀၂၁ ကထက် ၂ ဆ တိုးလာတာတာ တွေ့ရပါတယ်။ ရောဂါဖြစ်ပွါးတဲ့နိုင်ငံကလည်း ၂၀၂၂ မှာ ၂၅% တိုးလာပြီး ၂၀၂၁ တုန်းက ၃၅ နိုင်ငံမှာ ဖြစ်ပွါးခဲ့ရာကနေ ၂၀၂၂ မှာတော့ ၄၄ နိုင်ငံမှာ တွေ့လာရတာပါ။

အမေရိကန် ကူးစက်ရာဂါ ထိန်းချုပ်ကာကွယ်ရေးဌာန- CDC က ဒီကာလဝမ်းရောဂါကို အသက်သေဆုံးတဲ့အထိ အန္တရာယ်ပေးနိုင်တဲ့ရောဂါအဖြစ်သတ်မှတ် ထားပြီး ဒီရောဂါဟာ မသန့်ရှင်းတဲ့အစားအစာနဲ့ ရေတွေကနေတဆင့် ပြန့်နှံ့ကူးစက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ဝမ်းရောဂါဖြစ်စေတဲ့ဘက်တီးရီးယားပိုး ဟာ လူကနေတဆင့်ကူးစက်နိုင်ပြီး သောက်တဲ့ရေ ဒါမှမဟုတ် အစားအသောက် ပြင်ဆင်တာ၊ စိုက်ပျိုးတာအတွက် သုံးတဲ့ရေကနေတဆင့်ပြန့်သွားပြီးတော့လည်း ကူးစက်နိုင်ပါတယ်။ သောက်သုံးရေဖြန့်ဖြူးတဲ့စံနစ်ထဲ ဝမ်းရောဂါဖြစ်ပွါးနေသူရဲ့ မစင်ကပိုးတွေ ပြန့်နှံ့ကူးစက်တာမျိုးလည်း တွေ့နိုင်ပါတယ်။

ဝမ်းရောဂါအတွက် ၂ ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးရှိပါတယ်။ ဒါပေမယ့် ICG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မနှစ်က အောက်တိုဘာလကစပြီး အရေးပေါ် ဝမ်းကာကွယ်ဆေးကို တကြိမ်ပဲထိုးရတဲ့ဆေးဖြစ်လာအောင်လုပ်ပေးနိုင်ခ့ပါတယ်။

မနှစ်က ကာလဝမ်းရောဂါ အကြီးအကျယ်ကူးစက်ပြန့်နှံ့ခဲ့ပြီး အာဖဂန်နစ်စတန်၊ ကင်မရွန်၊ ကွန်ဂို၊ မာလာဝီ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီနဲ့ ဆီးရီးယား ၇ နိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးရသူ တသောင်းကျော်ရှိခဲ့တယ်လို့ WHO ကပြောပါတယ်။ ဒီနှစ်မှာလည်း ဝမ်းရောဂါကူးစက်မှုတိုးလာနေပြီး အခုဆို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ တွေ့နေရသလို တချို့နိုင်ငံတွေမှာ အခြေနေက သိပ်ဆိုးနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG