သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာပါဝင္ခြင့္မရတဲ့ အာဆီယံထိပ္သီးအစည္းအေဝး


တိုက္႐ိုက္ လင့္ခ္

ဒီသီတင္းပတ္အစီအစဥ္မွာ ျမန္မာပါဝင္ခြင့္မရတဲ့ အာဆီယံထိပ္သီးအစည္းအေဝး ေခါင္းစဥ္နဲ႔ ေဆြးေႏြးတင္ျပ ထားပါတယ္။

(Zawgyi/Unicode)

အာဆီယံ မိုင္းနပ္စ္ ဝမ္း (ASEAN Minus One) လို႔ ေဒသတြင္းမီဒီယာတခ်ိဳ႕ ေခါင္းစဥ္ေပးပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာ အေျခစိုက္ အာဆီယံတူေဒးတီဗီ(ASEAN Today TV ) ကေတာ့ ASEAN Summit Minus Myanmar လို႔ အမည္ေပးတင္ဆက္ပါတယ္။ ဘာေၾကာင့္ ဒီလိုနာမည္ေပးၾကတာလဲဆိုေတာ့ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာ ၂၆ ရက္ကေန ၂၈ ရက္အထိ ျပဳလုပ္ခဲ့တဲ့ ၃၈ ႀကိမ္ေျမာက္နဲ႔ ၃၉ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးႀကီးမွာ ျမန္မာႏိုင္ငံကို တက္ေရာက္ခြင့္မေပးဘဲ အာဆီယံထိပ္သီးအစည္းအေဝးႀကီး က်င္းပခဲ့ၾကလို႔ပဲ ျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးႀကီးမွာ ျမန္မာ မပါဝင္ေပမယ့္ ျမန္မာႏိုင္ငံအေၾကာင္းဟာ အစည္းအေဝးႀကီးရဲ႕အဓိကအေၾကာင္းအရာအျဖစ္ ထည့္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္းမႈအက်ိဳးဆက္ေၾကာင့္ပါပဲ။၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္ဟာ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ NLD ဦးေဆာင္တဲ့ အရပ္သားအစိုးရထံက ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့ပါတယ္။

ဒီလိုအာဏာသိမ္းလိုက္တာကို လက္မခံႏိုင္ၾကတဲ့ ျပည္သူေတြက ႏိုင္ငံအဝွမ္း ဆန႔္က်င္ဆႏၵျပၾကပါတယ္။ အဲဒါကို စစ္တပ္က ျပင္းထန္စြာ ဖိႏွိပ္ ေခ်မႈန္းသတ္ျဖတ္တာေတြ၊ ဖမ္းဆီးတာေတြ လုပ္ပါတယ္။ ဒီလိုျဖစ္ေပၚေနတဲ့ စိုးရိမ္စရာျမန္မာႏိုင္ငံအတြင္းက အေျခအေနေတြကို ေျဖရွင္းဖို႔ အာဆီယံအဖြဲ႕ႀကီးရဲ႕ အခ်က္ ၅ခ်က္ပါတဲ့ အစီအစဥ္တစ္ရပ္ကို ျမန္မာစစ္တပ္ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သေဘာတူခဲ့ပါတယ္။ ဒါေပမဲ့လို႔ ေနာက္ပိုင္းမွာ အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ကို စစ္ေကာင္စီက လိုက္နာအေကာင္အထည္မေဖာ္တဲ့အတြက္ အာဆီယံထိပ္သီးအစည္းအေဝးကို တက္ေရာက္ခြင့္ မေပးတာ ျဖစ္ပါတယ္။

ဒီလို အာဆီယံထိပ္သီးအစည္းအေဝးတက္ေရာက္ခြင့္ မေပးတာကို ျမန္မာစစ္ေကာင္စီကေတာ့ အာဆီယံ ပဋိညာဥ္စာတမ္း အပိုဒ္ ၂ ပါ " အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ လြတ္လပ္မႈ၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ၊ တန္းတူရည္တူ ရွိမႈ၊နယ္ေျမတည္တံ့ခိုင္ၿမဲမႈႏွင့္ အမ်ိဳးသားေရးလကၡဏာမ်ားကို လိုက္နာရန္" နဲ႔ အပိုဒ္ ၅မွာ ပါရွိတဲ့ " အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ တူညီသည့္အခြင့္အေရးႏွင့္ တာဝန္မ်ား ရွိရမည္" ဆိုတဲ့ ျပ႒ာန္းခ်က္မ်ားနဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ေျပာဆိုကန႔္ကြက္ခဲ့ပါတယ္။ စစ္ေကာင္စီက အဲဒီလိုကန႔္ကြက္ခဲ့ေပမယ္လို႔ ေနာင္ႏွစ္မွာ အာဆီယံ အလွည့္က်ဥကၠ႒ျဖစ္လာမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေတာ့ " ေလာေလာဆယ္ကြၽန္ေတာ္တို႔ဟာ ASEAN Minus One အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ျမန္မာမပါတဲ့ အာဆီယံဟာ အာဆီယံအျပစ္
မဟုတ္ပါဘူး" လို႔ ထိပ္သီးအစည္းအေဝးမွာေျပာဆိုခဲ့ပါတယ္။

အခုဆိုရင္ ၅၄ ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ အာဆီယံလို႔ေခၚတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းႀကီးမွာ ျမန္မာအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံရွိပါတယ္။ အာဆီယံအဖြဲ႕ႀကီး စတင္တည္ေထာင္တဲ့ ၁၉၆၇ ခုႏွစ္၊ ၾသဂုတ္လ ၈ ရက္ေန႔မွာေတာ့ အဖြဲ႕ႏိုင္ငံ ၅ ႏိုင္ငံနဲ႔ စတင္ခဲ့တာပါ။ အဲဒီႏိုင္ငံေတြကေတာ့ အင္ဒိုနီးရွား၊ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္း နဲ႔ စင္ကာပူႏိုင္ငံေတြပဲ ျဖစ္ပါတယ္။ေနာက္ပိုင္းမွာ ဘ႐ူႏိုင္း၊ ဗီယက္နမ္၊ ျမန္မာ၊ လာအိုနဲ႔ကေမာၻဒီးယားႏိုင္ငံေတြဟာ အဖြဲ႕ဝင္ႏိုင္ငံေတြ ျဖစ္လာၾကတာပါ။ စတင္ဖြဲ႕စည္းစဥ္ကေတာ့ ကြန္ျမဴနစ္အႏၲရာယ္ကို ကာကြယ္ဖို႔
အဓိကရည္႐ြယ္ခ်က္ထားခဲ့ၾကတာပါ။ဒါေပမယ့္ စစ္ေအးကာလၿပီးဆုံးသြားၿပီးတဲ့ ေနာက္ပိုင္းကာလေတြမွာေတာ့ ေဒသတြင္း လူမႈေရး၊ စီးပြါးေရး၊ ယဥ္ေက်းမႈေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔၊ ေဒသတြင္းတည္ၿငိမ္မႈနဲ႔ ဖြံ႕ၿဖိဳးမႈ ရရွိေစဖို႔၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ရည္႐ြယ္ခ်က္ေတြ ထားရွိခဲ့ပါတယ္။ အေျခခံမူေတြထဲမွာလည္း ႏိုင္ငံတစ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို အျခားႏိုင္ငံတစ္ခုက ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္ ဆိုတဲ့အခ်က္တစ္ခ်က္ ပါဝင္ပါတယ္။ ဒါေၾကာင့္လည္း အာဆီယံႏိုင္ငံေတြဟာ တစ္ႏိုင္ငံရဲ႕အေရးကိစၥေတြမွာ တစ္ႏိုင္ငံက ဝင္ေရာက္ေျပာဆိုေလ့၊ စြက္ဖက္ေလ့ မရွိၾကပါဘူး။ ဆုံးျဖတ္ခ်က္ေတြ ခ်တဲ့အခါမွာလည္း အားလုံးသေဘာတူညီတဲ့ Consensus အေနနဲ႔သာ ခ်မွတ္ေလ့ ရွိပါတယ္။

ဒါေပမဲ့ မၾကာခင္က ဘ႐ူႏိုင္းႏိုင္ငံက ဦးေဆာင္ျပဳလုပ္ခဲ့တဲ့ အာဆီယံ Summit မွာေတာ့ ျမန္မာႏိုင္ငံကို တက္ေရာက္ခြင့္မေပးတဲ့အေရးယူမႈမ်ိဳး ျပဳလုပ္ခဲ့တာကိုထူးျခားစြာ ေတြ႕ရပါတယ္။ အဲဒီအေျခအေနကို Bangkok Post သတင္းစာႀကီးရဲ႕သေဘာထားအျမင္က႑မွာ" အာဆီယံအဖြဲ႕ႀကီး ၉ ႏိုင္ငံပဲျဖစ္သြားရင္ ဘယ္လိုျဖစ္မလဲ" ေခါင္းစဥ္နဲ႔ ခ်ဴလာေလာင္ကြန္တကၠသိုလ္ရဲ႕ ပါေမာကၡတစ္ဦးျဖစ္တဲ့ သီတီနန္ ေပါင္ဆူဒီရက္ရဲ႕ အျမင္ကို ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။ ပါေမာကၡသီတီနန္ ေပါင္ဆူဒီရတ္က " အာဆီယံအေနနဲ႔ အရင္လိုပဲ ၾကားေနေရး၊ ဝင္ေရာက္မစြက္ဖက္ေရးဆိုတဲ့ အလုပ္မျဖစ္၊ လက္ေတြ႕မက်တဲ့ လမ္းေဟာင္းကို လိုက္မလား။လက္ေတြ႕က်က်နဲ႔ တက္ႂကြတဲ့ လမ္းကို လိုက္မလားဆိုတဲ့ ေ႐ြးခ်ယ္စရာ ျဖစ္လာတဲ့အခါ ဒုတိယလမ္းကိုေ႐ြးခ်ယ္ခဲ့ၿပီး အဖြဲ႕ဝင္ ဆယ္ႏိုင္ငံပါတဲ့အစည္းအေဝးမွာ ျမန္မာစစ္ေခါင္းေဆာင္ကို တက္ေရာက္ခြင့္မေပးဘဲ ခ်န္လွပ္ထားခဲ့ပါတယ္။ ဒီလိုရဲရင့္တဲ့လုပ္ေဆာင္ခ်က္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္လည္း အေရးပါလွတယ္။"လို႔ ေရးသားထားပါတယ္။

အဲဒီလိုပါပဲ။ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီမွာ ရွိတဲ့ Woodrow Wilson Center က
သုေတသနသမား ဦးရဲမ်ိဳးဟိန္းကို အာဆီယံအဖြဲ႕ႀကီးရဲ႕ အေနအထားဘယ္လိုရွိသလဲ၊ အခုလို ျမန္မာစစ္ေခါင္းေဆာင္ကို ထိပ္သီးအစည္းအေဝး ေပးမတက္တာဟာ အာဆီယံအဖြဲ႕ႀကီးအတြက္ အခ်ိဳးအေကြ႕လားလို႔ ေမးၾကည့္ေတာ့ "ပထဝီအေနအထားအရဆိုရင္ အာဆီယံအေနအထားက အေတာ္ေလးအေရးပါလာတာကို ေတြ႕ရတယ္။ တ႐ုတ္နဲ႔အေမရိကန္ၿပိဳင္ဆိုင္မႈျပင္းထန္လာတဲ့ေနာက္ပိုင္း အာဆီယံျဖစ္တည္မႈက အေရးႀကီးလာတာနဲ႔အမွ် အာဆီယံေခါင္းေဆာင္ေတြက အာဆီယံကို ဂုဏ္သိကၡာရွိတဲ့ အဖြဲ႕တစ္ရပ္အေနနဲ႔ ရပ္တည္ဖို႔ ႀကိဳးစားလာတာကို ေတြ႕ရတယ္။ ေဒသတြင္းမွာ ျမန္မာျပႆနာျဖစ္လာတဲ့အခါ အာဆီယံေခါင္းေဆာင္ေတြကျမန္မာျပႆနာဘယ္လိုေျဖရွင္းၾကမလဲ ေဆြးေႏြးၾကတဲ့အခါ Five Point Concensus လို႔ ေခၚတဲ့ သေဘာတူညီခ်က္ ျဖစ္လာတယ္။
အဲဒီသေဘာတူညီခ်က္ ၅ ခ်က္ကိုအေကာင္အထည္ေဖာ္ဖို႔ ျမန္မာက ပ်က္ကြက္တယ္။ အရင္လိုပဲ ဘာသိဘာသာေနမယ္ဆိုရင္ အာဆီယံဂုဏ္သိကၡာ ထိခိုက္မွာကို ႏိုင္ငံတခ်ိဳ႕က စိုးရိမ္ၾကတဲ့အခါက်ေတာ့ ဒီကိစၥကို ထိထိေရာက္ေရာက္ကိုင္တြယ္ဖို႔အဆင့္ကို ေရာက္လာတယ္လို႔ ျမင္ပါတယ္။ အာဆီယံေျပာင္းသြားၿပီလို႔ ေျပာဖို႔ေတာ့ အေတာ္ေလး ခက္ပါေသးတယ္။ "

ဟုတ္ပါတယ္။ အခုျဖစ္ရပ္ဟာ အာဆီယံအဖြဲ႕ႀကီးအတြက္ အခ်ိဳးအေကြ႕တစ္ခုဟုတ္၊ မဟုတ္ ဆိုတာေတာ့ ေျပာဖို႔ေစာေနပါေသးတယ္။ ဒါေပမဲ့ ဒါဟာ ထူးျခားတဲ့ျဖစ္ရပ္ တစ္ခုဆိုတာေတာ့ ေသခ်ာပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အာဆီယံအဖြဲ႕ႀကီးရဲ႕ေဆာင္ပုဒ္ျဖစ္တဲ့" One Vision, One Identity ,One Community " တစ္ခုတည္းေသာတူ႐ူခ်က္၊တစ္ခုတည္းေသာ သ႐ုပ္လကၡဏာ၊တစ္ခုတည္းေသာ အသိုက္အၿမဳံ" ဆီကိုအေရာက္ခ်ီတက္တဲ့အခါ အခုျမန္မာႏိုင္ငံကိစၥဟာ အာဆီယံအဖြဲ႕ႀကီးအတြက္စမ္းသပ္မႈတစ္ခုဆိုတာေတာ့ ေသခ်ာလွေၾကာင္းပါ။

-----------------------------

(Unicode)

မြန်မာပါဝင်ခွင့် မရတဲ့ အာဆီယံထိပ်သီးအစည်းအဝေး

အာဆီယံ မိုင်းနပ်စ် ဝမ်း (ASEAN Minus One) လို့ ဒေသတွင်းမီဒီယာတချို့ ခေါင်းစဉ်ပေးပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ အခြေစိုက် အာဆီယံတူဒေးတီဗီ(ASEAN Today TV ) ကတော့ ASEAN Summit Minus Myanmar လို့ အမည်ပေးတင်ဆက်ပါတယ်။

ဘာကြောင့် ဒီလိုနာမည်ပေးကြတာလဲဆိုတော့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်ခဲ့တဲ့ ၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကြီးမှာ မြန်မာနိုင်ငံကို တက်ရောက်ခွင့်မပေးဘဲ အာဆီယံထိပ်သီးအစည်းအဝေးကြီး ကျင်းပခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးကြီးမှာ မြန်မာ မပါဝင်ပေမယ့် မြန်မာနိုင်ငံအကြောင်းဟာ အစည်းအဝေးကြီးရဲ့အဓိကအကြောင်းအရာအဖြစ် ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအကျိုးဆက်ကြောင့်ပါပဲ။၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရထံက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ဒီလိုအာဏာသိမ်းလိုက်တာကို လက်မခံနိုင်ကြတဲ့ ပြည်သူတွေက နိုင်ငံအဝှမ်း ဆန့်ကျင်ဆန္ဒပြကြပါတယ်။ အဲဒါကို စစ်တပ်က ပြင်းထန်စွာ ဖိနှိပ် ချေမှုန်းသတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်ပါတယ်။ ဒီလိုဖြစ်ပေါ်နေတဲ့ စိုးရိမ်စရာမြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ကြီးရဲ့ အချက် ၅ချက်ပါတဲ့ အစီအစဉ်တစ်ရပ်ကို မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လို့ နောက်ပိုင်းမှာ အာဆီယံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက လိုက်နာအကောင်အထည်မဖော်တဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် မပေးတာ ဖြစ်ပါတယ်။

ဒီလို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် မပေးတာကို မြန်မာစစ်ကောင်စီကတော့ အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ် ၂ ပါ " အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူ ရှိမှု၊နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လိုက်နာရန်" နဲ့ အပိုဒ် ၅မှာ ပါရှိတဲ့ " အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များ ရှိရမည်" ဆိုတဲ့ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောဆိုကန့်ကွက်ခဲ့ပါတယ်။ စစ်ကောင်စီက အဲဒီလိုကန့်ကွက်ခဲ့ပေမယ်လို့ နောင်နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကတော့ " လောလောဆယ်ကျွန်တော်တို့ဟာ ASEAN Minus One အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာမပါတဲ့ အာဆီယံဟာ အာဆီယံအပြစ်
မဟုတ်ပါဘူး" လို့ ထိပ်သီးအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

အခုဆိုရင် ၅၄ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ အာဆီယံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးမှာ မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံရှိပါတယ်။ အာဆီယံအဖွဲ့ကြီး စတင်တည်ထောင်တဲ့ ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာတော့ အဖွဲ့နိုင်ငံ ၅ နိုင်ငံနဲ့ စတင်ခဲ့တာပါ။ အဲဒီနိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ စင်ကာပူနိုင်ငံတွေပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာကြတာပါ။ စတင်ဖွဲ့စည်းစဉ်ကတော့ ကွန်မြူနစ်အန္တရာယ်ကို ကာကွယ်ဖို့
အဓိကရည်ရွယ်ချက်ထားခဲ့ကြတာပါ။ဒါပေမယ့် စစ်အေးကာလပြီးဆုံးသွားပြီးတဲ့ နောက်ပိုင်းကာလတွေမှာတော့ ဒေသတွင်း လူမှုရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှုတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသတွင်းတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှု ရရှိစေဖို့၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ချက်တွေ ထားရှိခဲ့ပါတယ်။ အခြေခံမူတွေထဲမှာလည်း နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတဲ့အချက်တစ်ချက် ပါဝင်ပါတယ်။ ဒါကြောင့်လည်း အာဆီယံနိုင်ငံတွေဟာ တစ်နိုင်ငံရဲ့အရေးကိစ္စတွေမှာ တစ်နိုင်ငံက ဝင်ရောက်ပြောဆိုလေ့၊ စွက်ဖက်လေ့ မရှိကြပါဘူး။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း အားလုံးသဘောတူညီတဲ့ Consensus အနေနဲ့သာ ချမှတ်လေ့ ရှိပါတယ်။

ဒါပေမဲ့ မကြာခင်က ဘရူနိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်ခဲ့တဲ့ အာဆီယံ Summit မှာတော့ မြန်မာနိုင်ငံကို တက်ရောက်ခွင့်မပေးတဲ့အရေးယူမှုမျိုး ပြုလုပ်ခဲ့တာကိုထူးခြားစွာ တွေ့ရပါတယ်။ အဲဒီအခြေအနေကို Bangkok Post သတင်းစာကြီးရဲ့သဘောထားအမြင်ကဏ္ဍမှာ" အာဆီယံအဖွဲ့ကြီး ၉ နိုင်ငံပဲဖြစ်သွားရင် ဘယ်လိုဖြစ်မလဲ" ခေါင်းစဉ်နဲ့ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ သီတီနန် ပေါင်ဆူဒီရက်ရဲ့ အမြင်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ပါမောက္ခသီတီနန် ပေါင်ဆူဒီရတ်က " အာဆီယံအနေနဲ့ အရင်လိုပဲ ကြားနေရေး၊ ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အလုပ်မဖြစ်၊ လက်တွေ့မကျတဲ့ လမ်းဟောင်းကို လိုက်မလား။လက်တွေ့ကျကျနဲ့ တက်ကြွတဲ့ လမ်းကို လိုက်မလားဆိုတဲ့ ရွေးချယ်စရာ ဖြစ်လာတဲ့အခါ ဒုတိယလမ်းကိုရွေးချယ်ခဲ့ပြီး အဖွဲ့ဝင် ဆယ်နိုင်ငံပါတဲ့အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဒီလိုရဲရင့်တဲ့လုပ်ဆောင်ချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်လည်း အရေးပါလှတယ်။"လို့ ရေးသားထားပါတယ်။

အဲဒီလိုပါပဲ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Woodrow Wilson Center က
သုတေသနသမား ဦးရဲမျိုးဟိန်းကို အာဆီယံအဖွဲ့ကြီးရဲ့ အနေအထားဘယ်လိုရှိသလဲ၊ အခုလို မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ပေးမတက်တာဟာ အာဆီယံအဖွဲ့ကြီးအတွက် အချိုးအကွေ့လားလို့ မေးကြည့်တော့
"ပထဝီအနေအထားအရဆိုရင် အာဆီယံအနေအထားက အတော်လေးအရေးပါလာတာကို တွေ့ရတယ်။ တရုတ်နဲ့အမေရိကန်ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့နောက်ပိုင်း အာဆီယံဖြစ်တည်မှုက အရေးကြီးလာတာနဲ့အမျှ အာဆီယံခေါင်းဆောင်တွေက အာဆီယံကို ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့တစ်ရပ်အနေနဲ့ ရပ်တည်ဖို့ ကြိုးစားလာတာကို တွေ့ရတယ်။ ဒေသတွင်းမှာ မြန်မာပြဿနာဖြစ်လာတဲ့အခါ အာဆီယံခေါင်းဆောင်တွေကမြန်မာပြဿနာဘယ်လိုဖြေရှင်းကြမလဲ ဆွေးနွေးကြတဲ့အခါ Five Point Concensus လို့ ခေါ်တဲ့ သဘောတူညီချက် ဖြစ်လာတယ်။
အဲဒီသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့ မြန်မာက ပျက်ကွက်တယ်။ အရင်လိုပဲ ဘာသိဘာသာနေမယ်ဆိုရင် အာဆီယံဂုဏ်သိက္ခာ ထိခိုက်မှာကို နိုင်ငံတချို့က စိုးရိမ်ကြတဲ့အခါကျတော့ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့အဆင့်ကို ရောက်လာတယ်လို့ မြင်ပါတယ်။ အာဆီယံပြောင်းသွားပြီလို့ ပြောဖို့တော့ အတော်လေး ခက်ပါသေးတယ်။ "

ဟုတ်ပါတယ်။ အခုဖြစ်ရပ်ဟာ အာဆီယံအဖွဲ့ကြီးအတွက် အချိုးအကွေ့တစ်ခုဟုတ်၊ မဟုတ် ဆိုတာတော့ ပြောဖို့စောနေပါသေးတယ်။ ဒါပေမဲ့ ဒါဟာ ထူးခြားတဲ့ဖြစ်ရပ် တစ်ခုဆိုတာတော့ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံအဖွဲ့ကြီးရဲ့ဆောင်ပုဒ်ဖြစ်တဲ့" One Vision, One Identity ,One Community " တစ်ခုတည်းသောတူရူချက်၊တစ်ခုတည်းသော သရုပ်လက္ခဏာ၊တစ်ခုတည်းသော အသိုက်အမြုံ" ဆီကိုအရောက်ချီတက်တဲ့အခါ အခုမြန်မာနိုင်ငံကိစ္စဟာ အာဆီယံအဖွဲ့ကြီးအတွက်စမ်းသပ်မှုတစ်ခုဆိုတာတော့ သေချာလှကြောင်းပါ။
XS
SM
MD
LG