သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းသမားများကိစ္စ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် စုံစမ်းမေးမြန်း


ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee မြန်မာစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ (Myanmar Press Council)
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee မြန်မာစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ (Myanmar Press Council)

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee မြန်မာစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကိစ္စနဲ့ အခြား သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။ ဒီမတိုင်ခင်တုန်းကတော့ စစ်တွေမြို့က အောင်မင်္ဂဘာနဲ့သက်ကယ်ပြင်ဒုက္ခသည်းစခန်းတွေကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့တာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့အတွက် ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ မောင်တော၊ စစ်တွေတို့က ဒေသခံအာဏာပိုင်တွေ၊ ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့သလို ရန်ကုန်ပြန် ရောက်ချိန်မှာလဲ စာနယ်ဇင်းကောင်စီနဲ့တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တာနဲ့ပတ်သတ်လို့ စာနယ်ဇင်းကောင်စီက ဦးအောင်လှထွန်းက အခုလိုပြောပြပါတယ်။

“ရှမ်းပြည်နယ်မှာ တလောက ထိန်းသိမ်းခံလိုက်ရတဲ့ သတင်းသမား၃ယောက်ရှိတယ်လေ၊ DVB နဲ့ ဧရာဝတီက သူတို့ရဲ့အခြေအနေတွေပေါ့။ သူတို့နဲ့ ပတ်သက်လို့ ကျနော်တို့ ဘာတွေလုပ်ပေးသလဲ ။ နောက်တခြား ၆၆ ဃ နဲ့ ပတ်သက်လို့ အရေးယူခံထားရတဲ့ သတင်းသမားတွေအကြောင်း ကျနော်တို့ရှင်းပြတာပေါ့လေအားလုံးကို ဘယ်လောက်ရှိပြီ ဘယ်လိုရှိပြီ ၊ ဘာတွေလုပ်ပေးတယ်။ တချို့ဟာတွေတော့ အောင်မြင်တာတွေရှိပါတယ် တော်တော်များများ အဲဒါတွေကိုလည်း ကျနော်တို့ ရှင်းပြပါတယ်။ ဒီသတင်းမီဒီယာကောင်စီနဲ့ ပတ်သက်လို့လဲ awareness promotion လုပ်ရမယ် အစိုးရဌာနအသီးသီးမှာ ကျနော်တို့ ဥပဒေအရဆိုရင် ကျနော်တို့ဆီကို အရင်တိုင်ကြားရမယ်။ ဒါပေမယ့် ဒီဥပဒေမှာ အားနည်းချက် တွေရှိတယ်၊ အဲဒါကို ကျနော်တို့ ပြင်ဆင်ဖို့လုပ်နေပါတယ် အဲဒါတွေလည်း ပြောပြပါတယ်။ နောက်တခုက ကျနော်တို့ ခြုံပြီးတော့ ပုဂ္ဂလိက မီဒီယာဟာ Private Media ဟာ commercial viability မရှိတဲ့ အတွက်ကြောင့် ပုဂ္ဂလိက သတင်းစာတွေဟာ ကြာကြာ မခံနိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။”

ကုလအထူးကိုယ်စားလှယ် ရဲ့ ဒီကနေ့သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေနဲ့ပတ်သတ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“မောင်တောမြို့တခုဘဲ အဲဒီကဒေသခံအာဏာပိုင်တွေနဲ့ တွေ့တယ်။ နောက်အဲဒီမှာရှိတဲ့ UN ရဲ့ INGO အဖွဲ့တွေနဲ့ တွေ့တယ်။ အဲဒါဘဲ ဘယ်မှထပ်မသွားဘူး။ မောင်တောလည်းရောက်ကော ညနေစောင်းသွားပြီလေ။ ဘယ်မှာထပ်မသွားရတော့ဘူး။ ဒီနေ့ကကျတော့ စစ်တွေကိုပြန်တဲ့ speed boatစီးရတယ်လေ။ စစ်တွေကနေရန်ကုန်ပြန်လာ တာပေါ့။ Camp အနေနဲ့ကတော့ စစ်တွေမြို့ပေါ်က အောင်မင်္ဂလာနဲ့ သက်ကယ်ပြင်ကို ရောက်ခဲ့တယ်။ အချိန်ကတော့ အဲလောက်ဘဲရတယ်။ ခုရန်ကုန်ပြန်ရောက်နေပါပြီ။ ခုကတော့ သတင်းနဲ့စာနယ်ဇင်းကောင်စီ သွားနေပါတယ်။”

ဒီကနေ့တွေ့ဆုံမှုတွေကတော့ စာနယ်ဇင်းကောင်စီကိုသွားတွေ့ဆုံပြီးရင် ပြီးဆုံးပြီဖြစ်ပြီး နောက်နေ့ခရီးစဉ်တွေကိုတော့ နောက်ရက်မှသာ ဆက်လက်ပြောကြားမယ်လို့ ဦးအေးဝင်းကပြောဆိုထားပါတယ်။ ဒီပြင်ရခိုင်ခရီးစဉ်နဲ့ပတ်သတ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေ နဲ့ သူသတ်မှတ်ထားတဲ့နေရာတိုင်းကို သွားရောက်ခွင့်ရှိမရှိနဲ့ စိတ်ကျေနပ်မှုရှိ၊မရှိဆိုတာကို လာမယ့် ဇူလိုင် ၂၁ရက်မှာလုပ်မယ့် သတင်းစာရှင်းလင်းပွဲကျမှသာအဖြေပေးမယ်လို့လည်း သူကပြောပါ တယ်။

ဒီကနေ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စစ်တွေမြို့က အောင်မင်္ဂလာ ဒုက္ခသည်စခန်းကို သွားရောက်ချိန်မှာ နိုင်ငံ သားစိစစ်မှုလုပ်ငန်းချောချော မောမောဖြစ်ဖို့ နဲ့ စားဝတ်နေရေး အခက်အခဲရှိတာတွေတင်ပြခဲ့တယ်လို့ အဲဒီ Camp တာ ဝန်ခံတဦး ဖြစ်တဲ့ အစ္စလမ်ဘာသာဝင် ဦးအောင်သိန်းကပြောပါတယ်။

“နိုင်ငံသားကိစ္စနဲ့ စားဝတ်နေရေးကိစ္စပေါ့။ ဒီမှာက စားဝတ်နေရေးအခက်အခဲရှိနေတယ်။ IDP camp မဟုတ်တော့ ဘာမှအလှူ မရဘူးပေါ့။ အဲဒါတင်ပြတယ်။ နောက်ပြီးတော့ နိုင်ငံ သား စိစစ်မှုလုပ်ငန်းချောချော မောမောဖြစ်ဖို့ ဒါဘဲတင်ပြတယ်။ တင်ပြတာကိုသူကဘာမှမပြောဘူး ကျနော်တို့တင်ပြတာ တွေကို ဌာနကလူကြီးတွေနဲ့တွေ့တဲ့အချိန်မှာ တင်ပြပေးမယ်ပြောတယ်။ ကျနော်တို့အစိုးရလူကြီးတွေနဲ့တွေ့ရင်ပေါ့။ ကျနော်တို့တွေ့တာ နာရီဝက်လောက်ဘဲအချိန်ရတာ။”

ရခိုင်ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အနေနဲ့ လုံခြုံစွာသွားလာနိုင်ရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက အကောင်းဆုံးကူညီပံ့ပိုးခဲ့တယ်လို့ သူပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက် ပေးပြောဆိုထား ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG