သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ပဋိပက္ခ စစ်သုံ့ပန်း ၈၀၀ လဲလှယ်မှု ပြီးစီး


ယီမင်ပြည်တွင်းစစ်အတွင်း အစိုးရနဲ့သူပုန်အဖွဲ့တို့ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်ရေးအစီအစဉ်အရပြန်လွတ်လာသူများ။ (ဧပြီ ၁၆၊ ၂၀၂၃)
ယီမင်ပြည်တွင်းစစ်အတွင်း အစိုးရနဲ့သူပုန်အဖွဲ့တို့ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်ရေးအစီအစဉ်အရပြန်လွတ်လာသူများ။ (ဧပြီ ၁၆၊ ၂၀၂၃)

{{Zawgyi/Unicode}}

နှစ်ရှည်ကြာဖြစ်နေတဲ့ ယီမင်ပြည်တွင်းစစ်နဲ့ဆက်နွယ်ပြီး အဖမ်းခံရတဲ့ အကျဉ်းသား ၈၀၀ ကျော်ကို ပြီးခဲ့တဲ့သောကြာနေ့ကစပြီး သုံးရက်ကြာ အပြန်အလှန်လဲလှယ်ခဲ့ကြတာ ဒီနေ့ ပြီးဆုံးပါတယ်။

သူပုန်တွေထိန်းချုပ်တဲ့ မြို့တော် Sanna နဲ့ အစိုးရတွေထိန်းချုပ်ထားတဲ့ မြောက်ပိုင်း Marib မြို့ကြား လေယာဉ်တွေနဲ့ အပြန်အလှယ်သယ်ပို့ပြီးတဲ့နောက် သုံးရက်အတွင်း အကျဉ်းသား ၈၆၉ ဦး ပြန်လွတ်ခဲ့တယ်လို့ ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းက ပြောပါတယ်။ ယီမင်ပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းနိုင်ဖို့ သံတမန်ရေးကြိုးပမ်းနေချိန်မှာပဲ ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်တဲ့ သဘောတူညီချက်ရလာခဲ့တာပါ။

၂၀၂၀ အောက်တိုဘာလအတွင်းတုန်းက ဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့တွေနဲ့ အီရန်နောက်ခံပေးထားတဲ့ Houthi သူပုန်တို့ကြား သဘောတူညီချက်အနေနဲ့ အကျဉ်းသား တထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတည်းကဆိုရင် အခု သုံးရက်ကြာဆောင်ရွက်နေတဲ့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ် အခု တကြိမ်ထပ်မံဖြစ်လာတာပါ။

ပဋိပက္ခစဖြစ်ကတည်းကဆိုရင် လူ ထောင်ဂဏန်းလောက် ဖမ်းဆီးထိမ်းသိမ်းခံနေရတယို့ ယူဆရပြီး ပျောက်ဆုံးနေသူတွေလည်းရှိပါတယ်။ အခုလို လူသားချင်းစာနာမှု အကျပ်အတည်းကြုံနေရချိန်မှာ အခုလို အကျဉ်းသားတချို့ ပြန်လွတ်တာဟာ မျှော်လင့်ချက်တစုံတရာရှိလာစေတယ်လို့ ICRC ဝန်ထမ်း Fatima Satour က ပြောပါတယ်။ အစိုးရထိန်းချုပ်ရာ ယီမင်နိုင်ငံတွင်းနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတွင်းက အကျဉ်းသားတွေကို လေယာဉ်နဲ့ ယီမင်မြို့တော် Sanaa ကို ပို့ဆောင်မယ်လို့ ဆော်ဒီအစိုးရ လူ့အခွင့်အရေးဒုဝန်ကြီးက ပြောပါတယ်။

၂၀၁၄ ခုနှစ်က စခဲ့တဲ့ ယီမင်ပဋိပက္ခမှာ Houthis သူပုန်တွေက မြို့တော် Sanaa နဲ့ တိုင်းပြည်မြောက်ပိုင်းခြမ်းအများစုကို သိမ်းယူထားတာပါ။ အဲဒီနောက် ယီမင်စစ်ဟာ ဒေသတွင်း ဆော်ဒီနဲ့ အီရန်တို့ရဲ့ ကြားခံစစ် အသွင်ဆောင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က ဆော်ဒီကို ထောက်လှမ်းရေးအထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေရှိလာခဲ့ပြီးနောက် အမေရိကန်ဘက်က အဲဒီကူညီထောက်ပံ့မှုတွေ ပြန်ရုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------

{{Unicode}}







XS
SM
MD
LG