‌အောင်လအန်ဆန် ကိုဗစ် ၁၉ အကူးစက်ခံရ

ဓါတ်ပုံ -Aung La Nsang(Burmese Python)

(Zawgyi/Unicode)

မြန်မာ့ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူဟာ COVID-19 ရောဂါပိုး အကူးစက်ခံနေရတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၂ ရက်နေ့က ရေးသားထားပါတယ်။

တနင်္လာနေ့က စမ်းသပ်စစ်ဆေးမှုလုပ်ခဲ့ပြီး ကြာသပတေးနေ့မှာ ပိုးတွေ့ကြောင်း သိရတဲ့အတွက် အခုဆို သူနဲ့ သူမိသားစု တခုလုံး သီးခြားခွဲ quarantine လုပ်နေပြီလို့လည်း ပြောပါတယ်။ သူတို့မိသားစုဟာ ၁၄ ရက်ကြာ သီးခြားခွဲနေမယ်လို့ ဆိုပါတယ်။

သူဟာ အစပိုင်း ၂ ရက်မှာ ဖျားအနည်းငယ်ရှိပြီး ချွဲကျပ်နေတဲ့ အပြင် တကိုယ်လုံး ကိုက်ခဲပြီး လူနုံးနေတာက လွဲပြီး သူတို့မိသားတစုလုံး အဆင်ပြေကြတယ်လို့ပြောပါတယ်။ သူဟာ ဇနီး၊ သားသမီး ၂ ယောက်တို့နဲ့အတူ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာပါ။

မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားတဦးအနေနဲ့ အောင်လအန်ဆန်ဟာ Middleweight တန်းရော Light -heavy weight တန်းမှာပါ One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင်ဖြစ်ပြီး မနှစ်က Fighters Only မဂ္ဂဇင်းကကြီးမူးကျင်းပတဲ့ World MMA Award ဆုပေးပွဲမှာ "International Fighter Of the Year" ဆုရထားသူလည်း ဖြစ်ပါတယ်။

SEE ALSO: အောင်လ MMA အောင်ပွဲအတွက် အမေရိကားရောက် မြန်မာတွေ ဂုဏ်ယူ

..............


(Unicode)



