EU နဲ့ ဗြိတိန် ခွဲခွာချိန် နာရီပိုင်းသာလိုတော့

MEP's sing and hold hands after a vote on the UK's withdrawal from the EU, the final legislative step in the Brexit proceedings, during the plenary session at the European Parliament in Brussels, Wednesday, Jan. 29, 2020. The U.K. is due to leave…

(Zawgyi/Unicode)

ဗြိတိန်နိုင်ငံဟာ ဒီကနေ့ သောကြာနေ့ လန်ဒန်စံတော်ချိန် ည၁၁ နာရီမှာ ဥရောပသမဂ္ဂ EU ကနေ နုတ်ထွက်တော့မှာဖြစ်ပါတယ်။ ရှည်လျားရှုပ်ထွေးတဲ့ စေ့စပ်ညှိနှိုင်းပွဲတွေ၊ မတည်မငြိမ် နိုင်ငံရေးအခြေအနေတွေ ကြုံခဲ့ပြီး ဒီကိစ္စကြောင့်ပဲ ဝန်ကြီးချုပ်နှစ်ဦး နုတ်ထွက်ခဲ့ရပြီးတဲ့နောက် EU ကနေ တရားဝင် နုတ်ထွက်နိုင်တော့မယ့် အခြေအနေ ရောက်လာတာပါ။

Brexit ကို ထောက်ခံသူတွေက လန်ဒန်မြို့လယ်ခေါင်နဲ့ နိုင်ငံတဝန်း တခြားနေရာတွေမှာ အောင်ပွဲခံဖို့ စီစဉ်ထားကြပြီး အီးယူ လိုလားသူတွေကလည်း မြို့တော်မှာ ချီတက်ပွဲတွေလုပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

EU နဲ့ UK အကြား နုတ်ထွက်ရေးဆိုင်ရာသဘောတူညီမှုရရှိတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဥရောပပါလီမန်အမတ်တွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် ဗြိတိန်က ပါလီမန်အမတ် ၇၃ ယောက်ကို ချစ်ခင်မှုနဲ့ နှုတ်ဆက်တဲ့ အနေနဲ့ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ ပါလီမန်အစည်းအဝေးပြီးတဲ့နောက် လက်တွေတွဲချိတ်ပြီး Auld Lang Syne သီချင်း ကို သီဆိုကြပါတယ်။ ဒီသီချင်းဟာ စကော့လူမျိုး ကဗျာဆရာ Robert Burns ၁၇၈၈ ခုနှစ်မှာ စကော့ဘာသာစကားနဲ့ ရေးခဲ့တဲ့ ကဗျာဖြစ်ပြီး အများအားဖြင့်ကတော့ နှစ်သစ်တခုကို ကူးပြောင်းခါနီး နှစ်ဟောင်းကို နှုတ်ဆက်တဲ့အနေနဲ့ နှစ်ဟောင်းရဲ့ နောက်ဆုံး နေ့မှာ သီဆိုလေ့ရှိတဲ့သီချင်းပါ။

Brexit ကို ထောက်ခံတဲ့ EU ပါလီမန်တွင်း ဗြိတိသျှအမတ်တွေက အောင်ပွဲခံပြီး အိမ်ပြန်သွားကြပေမယ့် ဝမ်းနည်း စိတ်မကောင်း ဖြစ်သူတွေလည်းရှိပါတယ်။ Brexit ကိစ္စ စေ့စပ်ညှိနှိုင်းမှုကာလအတွင်း ဘာဖြစ်မယ်ဆိုတာ မရေရာခဲ့တဲ့အတွက် ဒီတနှစ်ထဲမှာကိုပဲ ဗြိတိန်ရဲ့ တမျိုးသားလုံးထုတ်ကုန်တန်ဖိုး GDP မှာ ဒေါ်လာ ၅.၅ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး တကယ်လို့သာ ၂၀၂၅ ခုနှစ်ထိ ဆက်ပြီး စေ့စပ်ညှိနှိုင်းရမယ်ဆိုရင် ဒေါ်လာ ၁၃.၈ ဘီလီယံထိ ဆုံးရှုံးဖွယ်ရှိတယ်လို့ RAND ကော်ပိုရေးရှင်း အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

EU နဲ့ ဗြိတိန် ခွဲခွာချိန် နာရီပိုင်းသာလိုတော့


.......................


(Unicode)




