NLD အနိုင်ရရှိမှု ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ တရားဝင် လက်မခံသေး

USDP ပါတီ ဥက္ကဌ ဦးသန်းဌေး

(Zawgyi/Unicode)

ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ NLD ပါတီက အများစု အနိုင်ရနေပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေက ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာနေချိန်မှာဘဲ အတိုက်အခံ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဒီရလဒ်တွေက တရားဝင် မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

လွှတ်တော်ထဲက စစ်တပ် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု မလိုဘဲ အစိုးရဖွဲ့နိုင်ရေး အတွက် လိုအပ်တဲ့ ပြည်ထောင်စု လွှတ်တော် အမတ်နေရာ အနည်းဆုံး ၃၂၂ နေရာကို ကျော်လွန်ပြီး ပြည်ထောင်စု လွှတ်တော် အမတ်နေရာ စုစုပေါင်း ၃၅၀ အနိုင်ရနေပြီလို့ လက်ရှိ အာဏာရ NLD ပါတီက ကြေညာထားပါတယ်။

NLD ပါတီရဲ့ လွှတ်တော် သုံးရပ် အတွက် ဝင်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၁၁၀၀ ကျော်ထဲမှာ ၂ ဦးသာ ပါတဲ့ မူဆလင် ကိုယ်စားလှယ် ၂ ဦးစလုံး အခု ရွေးကောက်ပွဲမှာ အနိုင်ရထားပါတယ်။ အသက် ၃၃ နှစ် အရွယ် NLD ရဲ့ ပန်းပဲတန်းမြို့နယ် ကိုယ်စားပြု ရွေးကောက်ခံရတဲ့ ဦးစည်သူမောင်ကတော့ ဘာသာပေါင်းစုံ အတွက် သူ အလုပ်လုပ်မယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။

“ကျနော် ဒီမြို့နယ်မှာ ရှိတဲ့ ဘာသာပေါင်းစုံ အတွက် လုပ်ရမယ်။ ဒါပေမယ့် ဟောဒီမြို့နယ်မှာ ရှိတဲ့ လူ့အဖွဲ့အစည်း တခုဟာ ခွဲခြား ဆက်ဆံ ခံနေရတယ်ဆိုရင်၊ ဖိနှိပ် ခံနေရတယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုရင် အဲဒီ အတွက်ကို ကာကွယ်ပေးဖို့က ကျနော်တို့မှာ တာဝန်ရှိတယ်။ ”

ပြီးခဲ့တဲ့ လွှတ်တော် ၅ နှစ်တာ ကာလတုန်းကတော့ NLD က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေထဲမှာ မူဆလင် ကိုယ်စားလှယ် တဦးမှ မထည့်ခဲ့ပါဘူး။ အခု ရွေးကောက်ပွဲမှာမှ မန္တလေးမှာ ဒေါ်ဝင်းမြမြနဲ့ ရန်ကုန်မှာ ဦးစည်သူမောင် ၂ ဦးကို ထည့်ခဲ့တာပါ။ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ကတည်းက ကိုးကွယ်ယုံကြည်မှုကို အခြေခံပြီး ဆန့်ကျင်ခံခဲ့ရပါတယ်လို့ ဦးစည်သူမောင်က ပြောပါတယ်။

“ ကိုယ်စားလှယ်လောင်း စပြီး ပါကတည်းက ကျနော့မှာ အများကြီးဘဲ တိုက်ခိုက် ခံရတာတွေ ရှိတယ်။ သတင်းတု သတင်းမှားတွေ အများကြီးနဲ့ပေါ့။ ပထမဆုံး စကြုံရတာကတော့ ကုလား စည်သူမောင် ဆိုတာနဲ့ စပြောတော့တာဘဲ။”

“ မူဆလင် ကွန်မြူနတီထဲမှာဘဲ ဘာသာရေး အရ ကျနော့်ကို ပြန်ထိုးနှက်တာ ရှိတယ်။ စည်သူမောင်က ၅ ကြိမ်တောင် ဘုရားဝတ်ပြုတဲ့သူ မဟုတ်ပါဘူးတို့ ၊ စည်သူမောင်က ယုံကြည်မှု ကင်းမဲ့သူပါတို့ ၊ သူက လိုင်းကြောင်ပါတို့။ ”

NLD ပါတီဘက်ကတော့ ကိုယ်စားလှယ်တွေထံက ရယူထားတဲ့ မဲရလဒ် အချက်အလက်တွေ အပေါ် အခြေခံပြီး အနိုင်ရ ကိုယ်စားလှယ် အရေအတွက်ကို ထုတ်ပြန်ထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် အနိုင်ရကိုယ်စားလှယ် စာရင်းတွေကတော့ ဆက်ပြီး ထုတ်ပြန်နေဆဲ ဖြစ်ပြီး အားလုံး ပြီးစီးဖို့ ဒီ သီတင်းပတ်ကုန်လောက် အထိ အချိန်ယူ ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

လောလောဆယ် အခြေအနေ အရတော့ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး အောင်မြင်မှု ရနေပြီး အတိုက်အခံ USDP ပါတီကတော့ ၂၀၁၅ က အနိုင်ရမှုအောက် လျော့ကျနေတဲ့ အနေအထားပါ။ USDP ပါတီ ဥက္ကဌ ဦးသန်းဌေးကတော့ အခု ရလဒ်တွေက တရားဝင် မဟုတ်သေးကြောင်း ဆက်လက်ရေတွက်နေဆဲ ဖြစ်ကြောင်း အငြင်းပွာဖွယ် ကိစ္စတွေလည်း အများအပြား ရှိနေကြောင်း အင်္ဂါနေ့က သူ့ရဲ့ လူမှုကွန်ရက် Facebook ကနေ ပြောပါတယ်။

“ဘယ်လိုဘဲ ဖြစ်ပါစေ ပါတီ ခေါင်းဆောင် တယောက် အနေနဲ့တော့ နောက်ဆုံး ထွက်ပေါ်လာတဲ့ ရလဒ် အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။ မိမိတို့ မေ ျှာ်မှန်းတဲ့ အဆင့်ထိအောင် ရခြင်း မရခြင်း အပေါ်မှာ ပါတီ ခေါင်းဆောင် အနေနဲ့ တာဝန်ရှိတယ်လို့ဘဲ ခံယူပါတယ်။ ”

ရွေးကောက်ပွဲ လုပ်ငန်းစဉ် တလေ ျှာက်လုံးမှာ တရားဥပဒေနဲ့ မညီတဲ့ ကိစ္စတွေ ရှိတယ်လို့လည်း ပါတီ ဥက္ကဌ ဦးသန်းဌေးက စွပ်စွဲပါတယ်။

“ ဥပဒေ ပြင်ပက ဖြစ်နေတဲ့ ကိစ္စအားလုံးကို ဥပဒေနဲ့ အညီ ဖြစ်အောင် ကျနော်တို့ ဆက်ပြီး ကြိုးစား ရပါအုံးမယ်။ ကြိုးလည်း ကြိုးစာနေပါတယ်။ ”

ဥပဒေ ပြင်ပ ကိစ္စတွေလို့ USDP ပါတီ ဥက္ကဌဘက်က သုံးနှုန်းသွားမယ့် ဘယ်မဲဆန္ဒနယ်တွေ အတွက် ဆောင်ရွက်နေသလဲ ဆိုတာကိုတော့ အသေးစိတ်ကိုတော့ ရှင်းလင်း ပြောဆိုခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲ ကာလ တလျှောက်လုံး လုပ်ငန်းစဉ် လွဲမှားမှု အထောက်အထားတွေကိုလည်း ပါတီ ထောက်ခံသူတွေ အနေနဲ့ စုစည်းပြီး ပါတီကို ပေးပို့ကြဖို့လည်း USDP ပါတီ ဥက္ကဌက တိုက်တွန်းသွားပါတယ်။

၂၀၂၀ ပြည့်နှစ် လွှတ်တော် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ ရွေးကောက်ပွဲတွေဟာ အားနည်းချက် တချို့ ရှိပေမယ့်လည်း ပြသနာကြီးတွေတော့ မရှိကြောင်း သုံးသပ် ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

NLD အနိုင်ရရှိမှု ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ တရားဝင် လက်မခံသေး

Your browser doesn’t support HTML5

မြန်မာ့ရွေးကောက်ပွဲရလဒ် အတိုက်အခံပါတီ ကန့်ကွက်

..............


(Unicode)













