(Zawgyi / Unicode)
Nagorno-Karabakh ေဒသနဲ႔ပတ္သက္ၿပီး အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ၾကား ျဖစ္ေနတဲ့ ပဋိပကၡမွာ လူေနေဒသေတြကို ပစ္မွတ္ထား တိုက္ခိုက္တာမ်ိဳး ေရွာင္ၾကဖို႔ သေဘာတူလိုက္ပါတယ္။
ျပင္သစ္၊ ႐ုရွားနဲ႔ အေမရိကန္ ကုိယ္စားလွယ္ေတြနဲ႔အတူ ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ တက္ေရာက္တဲ့ ေသာၾကာေန႔ ဂ်ီနီဗာၿမိဳ႕ အစည္းအေဝးမွာ သေဘာတူညီခ်က္ ရခဲ့တာပါ။
အရပ္သားေတြ ဒါမွမဟုတ္ စစ္ဘက္နဲ႔မဆိုင္တဲ့ ပစ္မွတ္ေတြကို ရည္ရြယ္ခ်က္နဲ႔ တိုက္ခိုက္တာမ်ိဳး မလုပ္ဖို႔ ႏွစ္ႏိုင္ငံလုံးက ကတိေပးခဲ့ၾကသလို ေသဆုံးတပ္ဖြဲ႔ဝင္ေတြရဲ႕ ႐ုပ္အေလာင္းေတြနဲ႔ စစ္သုံ႔ပန္းစာရင္း အျပန္အလွန္ ဖလွယ္ဖို႔ သေဘာတူခဲ့ၾကပါတယ္။
SEE ALSO: Nagorno-Karabakh စစ္ေၾကာင့္ ေသဆံုးသူ႐ုပ္အေလာင္း လဲလွယ္ေရး ၾကက္ေျခနီ ကူညီမည္အရင္ရထားခဲ့တဲ့ အပစ္ရပ္ သေဘာတူညီခ်က္သုံးခု မေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ အခုတႀကိမ္မွာေတာ့ အပစ္ရပ္သေဘာတူညီခ်က္ မပါပါဘူး။ ပထမ အပစ္ရပ္ သေဘာတူညီခ်က္ႏွစ္ခုကို ႐ုရွားက ၾကားဝင္ေစ့စပ္ေပးခဲ့တာျဖစ္ၿပီး တတိယတခုကေတာ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ၿပီးခဲ့တဲ့သီတင္းပတ္ တနဂၤေႏြေန႔မွာ ၾကားဝင္ေစ့စပ္ေပးခဲ့တာပါ။
ဒီပဋိပကၡကို ၾကားဝင္ေစ့စပ္ေပးဖို႔အတြက္ ဥေရာပ လုံၿခဳံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔က ၁၉၉၂ ခုႏွစ္မွာ ဖြဲ႔စည္းခဲ့တဲ့ Minsk Group မွာ ႐ုရွား၊ အေမရိကန္နဲ႔ ျပင္သစ္တို႔က ပူးတြဲဥကၠ႒ေတြ ျဖစ္ပါတယ္။
အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယားတို႔ၾကား လက္ရွိျဖစ္ေနဆဲ ပဋိပကၡဟာ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ စခဲ့တာျဖစ္ၿပီး လူ ရာေပါင္းမ်ားစြာ ေသဆံုးခဲ့ရၿပီးပါၿပီ။ ဒါဟာ ခြဲထြက္ Nagorno-Karabakh ေဒသနဲ႔ပတ္သက္ၿပီး ၁၉၉၄ ခုႏွစ္မွာ အပစ္ရပ္သေဘာတူညီခ်က္ ရခဲ့ၿပီးကတည္းဆိုရင္ အႀကီးမားဆံုး ပဋိပကၡပဲ ျဖစ္ပါတယ္။
Your browser doesn’t support HTML5
Nagorno-Karabakh စစ္ပဲြ အရပ္သားပစ္မွတ္ေရွာင္ဖို႔ ႏွစ္ဖက္သေဘာတူ
----------------------
(Unicode)
Nagorno-Karabakh စစ်ပွဲ အရပ်သားပစ်မှတ်ရှောင်ဖို့ နှစ်ဖက်သဘောတူ
Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ လူနေဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ရှောင်ကြဖို့ သဘောတူလိုက်ပါတယ်။
ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့အတူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ သောကြာနေ့ ဂျီနီဗာမြို့ အစည်းအဝေးမှာ သဘောတူညီချက် ရခဲ့တာပါ။
အရပ်သားတွေ ဒါမှမဟုတ် စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာမျိုး မလုပ်ဖို့ နှစ်နိုင်ငံလုံးက ကတိပေးခဲ့ကြသလို သေဆုံးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့ စစ်သုံ့ပန်းစာရင်း အပြန်အလှန် ဖလှယ်ဖို့ သဘောတူခဲ့ကြပါတယ်။
SEE ALSO: Nagorno-Karabakh အပစ္ရပ္ေရး တတိယအႀကိမ္ႀကိဳးပမ္းခ်က္ မေအာင္ျမင္ျပန္အရင်ရထားခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်သုံးခု မအောင်မြင်ခဲ့ပြီးတဲ့နောက် အခုတကြိမ်မှာတော့ အပစ်ရပ်သဘောတူညီချက် မပါပါဘူး။ ပထမ အပစ်ရပ် သဘောတူညီချက်နှစ်ခုကို ရုရှားက ကြားဝင်စေ့စပ်ပေးခဲ့တာဖြစ်ပြီး တတိယတခုကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေနေ့မှာ ကြားဝင်စေ့စပ်ပေးခဲ့တာပါ။
ဒီပဋိပက္ခကို ကြားဝင်စေ့စပ်ပေးဖို့အတွက် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Minsk Group မှာ ရုရှား၊ အမေရိကန်နဲ့ ပြင်သစ်တို့က ပူးတွဲဥက္ကဋ္ဌတွေ ဖြစ်ပါတယ်။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ကြား လက်ရှိဖြစ်နေဆဲ ပဋိပက္ခဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စခဲ့တာဖြစ်ပြီး လူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီးပါပြီ။ ဒါဟာ ခွဲထွက် Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်သဘောတူညီချက် ရခဲ့ပြီးကတည်းဆိုရင် အကြီးမားဆုံး ပဋိပက္ခပဲ ဖြစ်ပါတယ်။