(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အလျင်အမြန် ကူးစက်ပျံ့နှံ့နေတာမှာ ရခိုင်ခရီးသွားရာဇဝင်ရှိသူအများစု Qurantine ဝင်ဖို့ ပျက်ကွက်တာနဲ့၊ ရုတ်တရက်များလာတဲ့ Qurantine ဝင်မယ့်သူကြောင့် ကာကွယ်ထိန်းချုုပ်ရေး စိုးရိမ်မူတွေမြင့်တက်လာနေပါတယ်။
ရခိုင်ခရီးသွားရာဇဝင်ရှိသူစာရင်း ထုတ်ပြန်ထားသူ (၅၄၀၉) ဦးထဲက၊ အများစု ၅၀ ရာခိုင်နှှုန်း ကျော်၊ လူပေါင်း ၂၅၄၇ က ဖုန်းပြန်ဖြေဖို့ ပျက်ကွက်ခဲ့တာကြောင့်၊ အပြင်မှာ ခုလိုလွတ်နေသူတွေထဲ ကိုဗစ်ပိုးရှိနေရင် မိသားစုနဲ့ ပတ်ဝန်းကျင်ကို အလွယ်တကူကူးစက်သွားမှာ၊ ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေပါတယ်။
ဒီ ရခိုင်ခရီးသွား (၅၄၀၀) ကျော်ထဲက၊ မနေ့ကထိ အသွးအလာကန့််သတ်တဲ့နေရာတွေကို လာနေပေးသူက ၁၂ % ဖြစ်တဲ့ (၆၆၁) ဦးသာရှိသေးတာမို့၊ အခုနောက်ပိုင်း ရခိုင်ပြန် (၇၀၀၀) ဝန်းကျင်ထိရှိလာချိန်မှာ၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျန်းမာရေးအရာရှိတွေက တောင်းဆိုနေပါတယ်။
ဗုဒ္ဓဟူးနေ့က နိုင်ငံတော်အတိုင်ပင်ခံပါတဲ့ ဆွေးနွေးပွဲမှာ ပိုးတွေ့လူနာတွေရှိလာတဲ့ အနီးဒေသ ဝန်းကျင်တွေမှာ စိုးရိမ်ပူပန်မူတွေဖြစ်ပေါ်လာနေတယ်လို့ ပြောကြားခဲ့ကြောင်း ကိုဗစ်လုပ်ငန်းတွေ ဝိုင်းလုပ်ပေးနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က ပြောပါတယ်။
ဒါ့အပြင် Quarantine စခန်းတွေမှာ ပြည်တွင်း၊ ပြည်ပနဲ့ ရခိုင်ကရောက်လာသူတွေပါ များလာတာကြောင့် ဒီစခန်းတွေမှာ ဝင်ဆန့်မူ လိုအပ်ချက်တွေရှိလာပြီး၊ ဒီစခန်းတွေကို မြို့နယ်အလိုက်ထပ်ဖွင့်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆက်ပြောခဲ့ပါတယ်။
ဒီ Qurantine စခန်း အခက်အခဲကြောင့်၊ ရန်ကုန်မှာ တချို.ကို အိမ်မှာထားပိုးစစ်ရာကနေ ပိုးတွေ့သူရှိလာပြီး၊ မိသားစုနဲ့ ပတ်ဝန်းကျင်အကြား ကူးစက်ပြီးသားဖြစ်နေတယ်လို့၊ ဒီအိမ်တွေကနေသွားခေါ်ရတဲ့ အရေးပေါ်အဖွဲ့ဝင်တစ်ဦးကလည်း စိုးရိမ်တကြီးပြောခဲ့ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အခုနောက်ဆုံး ဒီ Qurantine အသွားအလာကန့်စခန်းပေါင်း ၂၄၀၀ ကျော် ထဲမှာ အသွားအလာကန့်သတ်ထားရသူပေါင်း ၂၂၀၀၀ ကျော် အထိရှိနေပြီလို့ မနေ့ကလုပ်တဲ့ ကိုဗစ်အစည်းအဝေးမှာပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
ရခိုင်ကပြန်လာသူထက်ဝက်ကျော် ကိုဗစ်စစ်ဆေးရေး အခက်တွေ့နေ
.............
(Unicode)