အစ္စရေးထောင်ချောက်ဆင်တိုင်း စစ်ဖြစ်အောင် ရန်မစဖို့ ကန်ကို အီရန်သတိပေး

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif. (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀)

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif. (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ပြီး စစ်ဖြစ်အောင် အစ္စရေးက စီစဉ်နေတယ်လို့ စွပ်စွဲပြီး အမေရိကန်သမ္မတ Donald Trump အနေနဲ့ အစ္စရေးရဲ့ ဒီထောင်ချောက်ထဲ မဝင်မိအောင် လုပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်တွေက အီရတ်မှာ ဒရုန်းနဲ့တိုက်ခိုက်သေဆုံးစေခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ အခုလို အီရန်က သတိပေးလိုက်တာပါ။ အစ္စရေးဘက်ကတော့ လတ်တလော တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

အီရတ်က အမေရိကန်သံရုံးနဲ့ အဆောက်အဦတွေကို အီရန်တွေ ပံ့ပိုးပေးထားတဲ့ စစ်သွေးကြွတွေက ရော့ကက်နဲ့ ပုံမှန်လိုလို တိုက်ခိုက်နေတယ်လို့ အမေရိကန်က စွပ်စွဲနေတာပါ။

SEE ALSO: အီရန်အပေါ် စစ်တိုက်ခွင့် ကန့်သတ်ဥပဒေကို ပယ်ချဖို့ Trump တိုက်တွန်း

အီရတ်ကလာတဲ့ ထောက်လှမ်းရေးသတင်းအရ လှုံ့ဆော်ရေးတာဝန်ယူထားတဲ့ အစ္စရေးတွေဟာ အမေရိကန်တွေကို တိုက်ခိုက်ဖို့လုပ်ပြီး သမ္မတ Trump စစ်တိုက်လာအောင် လုပ်နေတာကြောင့် သမ္မတ Trump သတိထားဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က တွစ်တာမှာ ရေးခဲ့တာ ဖြစ်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးကြီး Hossein Salami ကတော့ အီရန်အနေနဲ့ ရန်စမှုတွေကို ပြင်းထန်စွာ တုံ့ပြန်မှာဖြစ်ကြောင်း ပြောပါတယ်။

“ရန်သူရဲ့လုပ်ဆောင်မှုတိုင်းအတွက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မှာဖြစ်ပြီး အရင်ကလည်း ဒါကို အကြိမ်များစွာ ပြသပြီးဖြစ်သလို အခုလည်း ထပ်မံပြောကြားတာ ဖြစ်ကြောင်း” ပြောသွားတာပါ။

Soleimani နေရာမှာ ဆက်ခံသူ Esmail Ghaani ကလည်း အီရန်က တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေးထောင်ချောက်ဆင်တိုင်း စစ်ဖြစ်အောင် ရန်မစဖို့ ကန်ကို အီရန်သတိပေး

----------------------

(Unicode)





SEE ALSO: အီရတ်မှာရှိတဲ့ ကန် လေတပ်အခြေစိုက်စခန်း ၂ ခုကို အီရန်တိုက်ခိုက်



