ကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာတိုးချဲ့ ကန့်သတ်မယ့်နိုင်ငံတွေထဲ မြန်မာပါ

(Zawgyi / Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ အငြင်းပွားဖွယ် ပြည်ဝင်ခွင့် ထိန်းချုပ် ကန့်သတ်မယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အင်္ဂါနေ့ထုတ် သတင်းတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

သမ္မတ Trump အစိုးရဘက်က ပြည်ဝင်ခွင့် ကန့်သတ်နိုင်ငံများ စာရင်းမှာ နောက်ထပ် ၇ နိုင်ငံ ထပ်ထည့်ဖို့ စီစဉ်နေကြောင်း၊ အဲဒီ နိုင်ငံတွေကတော့ မြန်မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria ၊ Sudan နဲ့ Tanzania တို့ ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။ ဒီထဲက တချို့ နိုင်ငံတွေကိုတော့ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ အမျိုးအစား တချို့ကိုသာ ကန့်သတ်မှာ ဖြစ်တယ်လို့ Wall Street Journal သတင်းဖော်ပြပါတယ်။

အခု သတင်းထွက်နေတဲ့ နိုင်ငံတွေ စာရင်းကတော့ အတည်မဖြစ်သေးကြောင်းနဲ့ အပြောင်းအလဲတွေလည်း ရှိနိုင်တယ်လို့ Politico ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ဝင်ခွင့် ကန်သတ်ထားတဲ့ နိုင်ငံတွေထဲမှာ နောက်ထပ် နိုင်ငံတွေ ထပ်တိုးဖို့ စဉ်းစားသုံးသပ်နေကြောင်း အမေရိကန် သမ္မတ Trump က Wall Street Journal နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုထားပေမယ့် ဘယ်နိုင်ငံတွေလည်း ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာတိုးချဲ့ ကန့်သတ်မယ့်နိုင်ငံတွေထဲ မြန်မာပါ


.................


( Unicode)



