ခရီးသည်တင်လေယာဉ် ဗုံးကွဲမှုအတွက် မသင်္ကာသူ အမေရိကန်ဖမ်းဆီး

  • VOA Burmese

Lockerbie မြို့အနီးလေယာဉ်ပျက်ကျမှုကြောင့်သေဆုံးခဲ့သူတဦးရဲ့ရုပ်အလောင်းသယ်ဆောင်နေပုံ၊ ဒီဇင်ဘာ ၂၂၊ ၁၉၈၈။

စကော့တလန်၊ Lockerbie မြို့က ဝေဟင်မှာ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန် ခရီးသည်တင် လေယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်ပေးသူအဖြစ် မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပါတယ်။ 

ခရီးသည်တင်လေယာဉ် ဗုံးကွဲမှုအတွက် မသင်္ကာသူ အမေရိကန်ဖမ်းဆီး

{{Zawgyi/Unicode}}
စကော့တလန်၊ Lockerbie မြို့က ဝေဟင်မှာ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန် ခရီးသည်တင် လေယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်ပေးသူအဖြစ် မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပြီး၊ အမေရိကန်မှာ တရားရင်ဆိုင်ဖို့ လွဲှပြောင်းပေးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

Abu Agela Mas'ud Kheir Al-Marimi ကို အမေရိကန် တရားရေးဌာနက ဖမ်းဆီးအရေးယူနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြိုးပမ်းနေတာပါ။ အမေရိကန် ၁၉၀ နဲ့ မြေပြင်က ၁၁ ယောက် အပါအဝင် လူပေါင်း ၂၅၉ ဦး သေဆုံးခဲ့တဲ့ PAM American လေကြောင်းလိုင်းက လေယာဉ် တိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်သူအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက၊ အမေရိကန်မှာ ရှေ့နေချုပ်တာဝန်ယူထားတဲ့ William Barr က ရာဇဝတ်ကြောင်းနဲ့ တရားစွဲလိုက်ကြောင်း ကြေညာခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က နယူးယောက်ကို ပျံသန်းမယ့် ခရီးစဉ်အတွက် လန်ဒန်ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ၃၈ မိနစ်အကြာမှာပဲ စကော့တလန်၊ Lockerbie မြို့ပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ ဗြိတိန်မြေမှာ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုအဖြစ် အခုအချိန်အထိ မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။

မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို ဘယ်လို ဖမ်းဆီးမိသလဲဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူ့ကိုတော့ လူသေဆုံးတဲ့အထိ လေယာဉ်ပျက်စီးစေမှု အပါအဝင် ရာဇဝတ်မှု ၂ ခုနဲ့ အရေးယူထားတာပါ။

သူ့အပေါ် ရာဇဝတ်မှုနဲ့ အရေးယူလိုက်ကြောင်း ၂၀၂၀ ပြည့်မှာ အမေရိကန်က ကြေညာတဲ့ အချိန်တုန်းကတော့ သူဟာ တခြားရာဇဝတ်မှုတွေနဲ့ လစ်ဗျားထောင်မှာ ဖမ်းဆီးခံထားရပြီး၊ အမေရိကန် အစိုးရနဲ့ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုတွေ ရှိခဲ့သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သူ့ကို အမေရိကန်က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းကြားထားတယ်လို့လည်း စကော့တလန် အာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ခရီးသည်တင်လေယာဉ် ဗုံးကွဲမှုအတွက် မသင်္ကာသူ အမေရိကန်ဖမ်းဆီး


{{Zawgyi/Unicode}}




