ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

ဗီယက်နမ်နိုင်ငံမှာ ခရီးသွားတဦးကို ကိုဗစ်စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (သြဂုတ် ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဗီယက်နမ်နိုင်ငံမှာ ဒီ ကူးစက်မြန် ဗီဇပြောင်းပိုးသစ်ကို ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးတဦးမှာ ပထမဆုံး စတွေ့လိုက်ပါပြီ။

အသက် ၄၄ နှစ်အရွယ် ဒီအမျိုးသမီးအနေနဲ့ Can Tho နိုင်ငံတကာလေဆိပ်ကို ဒီဇင်ဘာ ၂၂ ရက်ကရောက်လာပြီး Quarantine အသွားအလာကန့်စခန်း ဝင်ခဲ့ကာ ပိုးစစ်ခဲ့ရာကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကိုဗစ်ပိုးစတွေ့ခဲ့ပြီး အခုပိုးသစ်ဖြစ်ကြောင်းကိုတော့ မနေ့ကမှ အတည်ပြုနိုင်ခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန သုတေသီတွေအနေနဲ့ ဒီလူနာအမှတ် ၁၄၃၅ ရဲ့ ဓာတ်ခွဲနမူနာကနေ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲပုံကို လေ့လာခဲ့ရာမှာ အခုလို ဒီ VOC 202012/1 ကို တွေ့ရှိခဲ့တာလို့ မနေ့က ထုတ်ပြန်ထားပါတယ်။

မူလထက် အဆ ၄၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ မြန်တယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုအန္တရာယ် တားဆီးရေးအတွက် ကမ္ဘာ့နိုင်ငံတချို့မှာ ဗြိတိန်က ခရီးသွားတွေကို ပိတ်ပင်လိုက်ပေမယ့် ကူးစက်မှုနည်းနေသေးတဲ့ ဗီယက်နမ်ကတော့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်နေဆဲပါ။

SEE ALSO: ဗီယက်နမ်မှာ ရက် ၁၀၀ အတွင်း ပထမဆုံး COVID ကူးစက်သူတွေ့

တကယ်တော့ ဗီယက်နမ်မှာ တင်းကျပ်တဲ့ Quarantine အသွားအလာကန့် လုပ်ငန်းစဉ်နဲ့ ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့သူ ခြေရာခံလိုက်တာကို အသေအချာလုပ်ဆောင်ပြီး ဒီရောဂါကို အမြန်ထိန်းချုပ်ခဲ့ကာ အခြားအာရှနိုင်ငံတွေထက် စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန်ထူနိုင်အောင် ကြိုးပမ်းနေချိန် ခုလိုဖြစ်လာတာပါ။

မနေ့ကအထိ ဗီယက်နမ်မှာ ပိုးတွေ့သူပေါင်း ၁,၄၇၄ ဦးနဲ့ သေဆုံးသူပေါင်း ၃၅ ဦးသာ ရှိပါသေးတယ်။

Your browser doesn’t support HTML5

ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

--------------------------

(Unicode)





SEE ALSO: ဗြိတိန်မှာ နောက်ပိုင်းကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုးက လက်ရှိကာကွယ်ဆေး တိုးမတိုး စမ်းသပ်နေ


