မြန်မာစစ်ကောင်စီနဲ့ အထူးသတိထား ဆက်ဆံမည် (ကမ္ဘာ့ဘဏ်)

World Bank

(Zawgyi/Unicode)

မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်၊ ရှေ့ဆက်မြန်မာနိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ့် ကိစ္စတွေ အပေါ် သတိကြီး ကြီးထားရပ်တည်လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က ကြာသပတေးနေ့ကပြောပါတယ်။ ဒါပေမဲ့ လက်ရှိ လုပ် လက်စစီမံကိန်းတွေကိုတော့ အပြီးတိုင် လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပြင်ဆင်နေစဲ အတည်မပြုရသေးတဲ့ စီမံကိန်း တွေမရှိတော့ သလို လက်ရှိစီမံကိန်းတွေအတွက် ရှေ့ဆက်လုပ်ဆောင်ဖို့ အစုရှယ်ယာရှင်တွေဆီက ညွှန်ကြားချက်ကို စောင့်ဆိုင်း နေတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ မူဆလင်တွေ အပေါ်ဆက်ဆံရေး ကြောင့်လည်း ကမ္ဘာ့ဘဏ်က အရင်ကတည်းက မြန်မာနိုင်ငံကို သတိထားစောင့်ကြည့် လုပ်ကိုင်နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့ အတွက် ရက်ဆက် ဆန္ဒ ပြပွဲတွေပေါ်ပေါက်လာနေတဲ့ အပေါ် မှာလည်း ကမ္ဘာ့ဘဏ်ရဲ့ ငွေကြေးတောင့်တင်းခိုင်မာတဲ့ အစုရှယ်ယာရှင် တွေအပါအဝင် အနောက် နိုင်ငံအစိုးရတွေက ပြစ်တင်ဝေဖန်နေကြတာပါ။

အခုလို စစ်တပ်အာဏာသိမ်းယူလိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံ တွေက တာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေကလည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အမြန်ဆုံးပြန်လည် ဖော်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ကောင်စီနဲ့ သတိကြီးကြီးထား ဆက်ဆံသွားမည် (ကမ္ဘာ့ဘဏ်)

.............


(Unicode)




