Yemenသမ္မတဟောင်း အသတ်ခံရဟု ဟူသီသူပုန်တွေ ကြေညာ

Yemen သမ္မတဟောင်း Ali Abdullah Saleh

Yemen သမ္မတဟောင်း Ali Abdullah Saleh သေဆုံးသွားပြီဖြစ်တယ်လို့ Yemen နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ သတင်းကွန်ရက်တွေက ဖော်ပြလိုက်ပါတယ်။ တနင်္လာနေ့က လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ဗွီဒီယိုဖိုင်တွေမှာတော့ သူရဲ့ ရုပ်အလောင်းဆိုပြီး ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီးက စစ်သွေးကြွတွေရဲ့ ပြဿနာပြီးဆုံးကြောင်းနဲ့ စစ်သွေးကြွခေါင်းဆောင် နဲ့ သူ့ကိုထောက်ခံတဲ့ ရာဇဝတ်ဂိုဏ်းသားတွေ သေဆုံးသွားတယ်လို့ သူပုန်တွေရဲ့ အယ်လ်မာဆီရာရုပ်သံလိုင်းက သတင်းကြေညာသူက Saleh ကို ထောက်ခံတဲ့ လက်နက်ကိုင်တွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

အဲဒီသတင်းထဲမှာတော့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်းမရှိဘဲ၊ Saleh သေဆုံးတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ သမ္မတဟောင်း Saleh တို့ကြားက မဟာမိတ်ဆက်ဆံရေးပျက်သွားပုံ ရပြီးတဲ့နောက် ၂ ရက်အကြာမှာ ဒီကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Yemenသမ္မတဟောင်း အသတ်ခံရဟု ဟူသီသူပုန်တွေ ကြေညာ