အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် နေရပ်ကို ပြန်လာကြတာမှာ ဖမ်းဆီးခံရသူတွေထဲက သက်ကြီးပိုင်းတွေနဲ့ ကလေးတွေကို ပြန်လွတ်ပေးတာရှိပေမယ့် စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီကနေ့ အထိဖမ်းထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ ကပြော ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တောင်သူလယ်သမားတွေကို အဲဒီလိုမျိုး ဆန္ဒပြတောင်းဆိုခွင့်မျိုး မရှိတဲ့အပြင် စပါးဈေးကို ဈေးကွက်သဘောအရ ဖြစ်ပေါ်နေတဲ့ ဈေးမဟုတ်ပဲ အခြေခံ ရည်ညွှန်းဈေးဆိုပြီး စစ်ကောင်စီက သတ်မှတ်ပေးထားတာပါ။
ဒီကနေ့ မန္တလေး၊ အောင်မြေသာစံမြို့နယ်က ပတ်စ်ပို့ရုံးမှာလည်း တန်းစီသူတွေများလွန်းပြီး တိုးမိတိုက်မိရာက အမျိုးသမီး ၂ ဦး အသက်ရှုမွန်းကြပ် သေဆုံးခဲ့ပြီး၊ တဦးဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ရာနေရာမှာ အကူအညီပေးခဲ့တဲ့ ဒေသခံ အရေးပေါ်ဝန်ထမ်းတယောက်က ဗွီအိုအေကို ပြောပါတယ်။
ဗြိတိန်နိုင်ငံ က ဓါတ်ပုံအနုပညာရှင် အမျိုးသမီးတဦးဟာ ပျော်စရာကောင်းတဲ့ မိသားစုနဲ့အတူ အောင်မြင်တဲ့အလုပ်ကို လုပ်ကိုင်နေရင်းမှာ ကုသလို့မရနိုင်တဲ့ ကင်ဆာရောဂါ ဖြစ်ပွားနေတာ ရှာတွေ့လိုက်တဲ့အခါမှာတော့ သူဘဝအခြေအနေ ရုတ်ချည်း ပြောင်းလဲသွားပါတယ်။
အရွယ်ရောက်သူတွေကို စစ်မှုထမ်းဆင့်ခေါ်မယ့် စစ်ကောင်စီရဲ့ အမိန့်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ နဂိုကတည်းကမှ အားကောင်းမောင်းသန်း လုပ်ကိုင်နိုင်တဲ့လူငယ်တွေ ရှားပါးနေတဲ့ အခြေအနေ ပိုမိုဆိုးရွားလာမှာ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက အပတ်စဉ် မြေကြီးသြဇာအစီအစဉ်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ လယ်ယာမြေဥပဒေမှာ လယ်မြေဆိုရင် စပါးတမျိုးတည်းကိုသာ စိုက်ပျိုးရမယ်လို့ သတ်မှတ်ထားတဲ့အတွက် လက်တွေ့ အခြေအနေနဲ့ ကိုက်ညီခြင်းမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို တင်ဆက်ထားပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတဲ့နောက် အများလိုလားတဲ့ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဆိုရင် သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် ကျင်းပပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ဒီနေ့ကျရောက်တဲ့ ၆၃နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
သူတို့အိမ်လေးကို ရုရှားဒုံးကျည်ထိမှန်ပြီး ကံကောင်းထောက်မစွာ သားဖြစ်သူအသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ယူကရိန်းနိုင်ငံ Donbas ဒေသက မိသားစုတစုဟာ ဘဝကို အရှုံးမပေးပဲ စီးပွားရေးလုပ်ငန်း အသေးစားလေးတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။
ပြင်သစ်လယ်သမားတွေရဲ့ သပိတ်တိုက်ပွဲ ပြင်သစ်နိုင်ငံမှာ လယ်ယာမြေ နဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ မူဝါဒတွေ၊ စိုက်ပျိုးစားရိတ်ကြီးမြင့်လာမူတွေ အပါအဝင် အထွေထွေမကျေနပ်မှုတွေကြောင့် ဒေသအနှံ့က လယ်သမားတွေဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အဝေးပြေးလမ်းမတွေကို အမှိုက်သရိုက်တွေချ ပိတ်ဆို့ထားကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်တဲ့အခါမှာ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ အဖက်ဖက်က ကျဆင်းနေတာကို တွေ့ရပါတယ်။ အပတ်စဉ်တင်ဆက်နေကျ မြေကြီးဩဇာအစီအစဉ်မှာ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ ရမ်းဗြဲမြို့ပေါ်ဆိုရင်လည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်က ၃ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့တွင်း မီးလောင်တာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဝင်ရောက် နယ်မြေရှင်းလင်းခဲ့တဲ့ စစ်ကိုင်းမြို့နယ်ထဲက ရွာမကျေးရွာနဲ့ လယ်ကြီးကျေးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေဟာ မိမိတို့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းတဲ့ လယ်၊ယာမြေထဲက စိုက်ပျိုးသီးနှံတွေအပေါ်မှာသာ အမြဲတန်း အာရုံထား ဂရုစိုက်လုပ်ကိုင်ကြပေမယ့် ပတ်ဝန်ကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်တွေ စိုက်ပျိုးကြတာတော့ နည်းပါးလွန်းပါတယ်။ ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်ထားပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ အရပ်သား ၃ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး စုစုပေါင်း ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယပိုင်၊ မဏီပူ ခေါ် ကသည်းပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခကြောင့် စိတ်ဒဏ်ရာရရှိခဲ့ကြတဲ့ ကလေးငယ်တွေကို အစိုးရ စာသင်ကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစား ပညာသင်ပေးနေပါတယ်။ ဒီအကြောင်း Reuters သတင်းဆောင်းပါးတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ရဲစခန်းကို သိမ်းယူလိုက်သလို စစ်ကောင်စီဘက်ကတော့ လေကြောင်းကပါ တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိက ဓါတု့ ဓါတ်မြေသြဇာတွေကိုသာ အားထားသုံးစွဲနေကြပါတယ်။ အဲဒီအစား အလိုအလျှောက်ရှိနေပြီးသား သဘာဝမြေသြဇာတွေကိုတော့ စနစ်တကျသုံးစွဲကြခြင်း မရှိကြပါဘူး။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
ခွင့်ပြုချက်လိုင်စင် မရှိဘဲ ငွေလွဲှလုပ်ကိုင်နေသူ ၁၀၀ နီးပါးကို စစ်ဆေးနေပြီး တချို့ကို အရေးယူထားကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဂါဇာဒေသ အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ နောက်ထပ် သတင်းသမား ၂ ဦး သတ်ဖြတ်ခံရပြီး စစ်ပွဲစဖြစ်ခဲ့တဲ့ အောက်တိုဘာလကတည်းကဆိုရင် သတင်းမီဒီယာတွေက လူ ၈၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဆိုရင် သမိုင်းမှာ သတင်းသမားတွေ အများဆုံး သေဆုံးမူဖြစ်တယ်တယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်လုံးလုံး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ကျဆင်းလာခဲ့ရာမှာ ဒီနှစ် ၂ဝ၂၄ မှာကော ဘယ်လို အခြေအနေရှိနိုင်သလဲ ။ ဒါနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်သူတွေကို မေမြန်းစုစည်းပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်