နျူကလီယားနည်းပညာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်တဲ့အခါ ယူကရိန်းမှာရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးပြီး ဆိုးဆိုးဝါးဝါး အန္တရာယ် ပေးမှာကို စိုးရိမ်လာကြပါတယ်။ ယူကရိန်းက နျူကလီယား Chernobyl စက်ရုံ မတော်တဆမှု ကြောင့်ပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်မှာ စတင်တွေ့ရှိခဲ့တဲ့ သုံးဖက်မြင်ပုံရိပ် Hologram နည်းပညာကို နာမည်ကျော် Star War ရုပ်ရှင်မှာ မင်းသမီး Liea ရဲ့ပုံရိပ်နဲ့ စတင်ရင်းနှီးခဲ့ကြတာပါ။ အခုခါမှာတော့ ဒီ ပုံရိပ်နည်းပညာကို ဆေးပညာ လောကမှာရော လုံခြုံရေးနယ်ပယ်မှာပါ သုံးနေကြတဲ့ အကြောင်း ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တနိုင်တပိုင် ရွှေကျင် နေကြသူတွေဟာ ရွှေဖမ်းတဲ့အခါ ပြဒါးကိုပဲ သုံးလေ့ရှိကြပါတယ်။ သဘာဝ ဝန်းကျင်အတွက်ရော လူ့ကျန်းမာရေးအတွက်ပါ ထိခိုက်စေတဲ့ ပြဒါးအစား လက်ချားလို့ ခေါ်တဲ့ Borax ကို သုံးတာဟာ အန္တရာယ်ကင်းတယ်လို့ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်မေးမြန်း တင်ပြထားပါတယ်။
ခေါက်ဆွဲတို့ မုန့်ဟင်းခါးဖတ်တို့မှာ သုံးနေကြတဲ့ Borax ခေါ် လက်ချားဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့် တားမြစ် ဓါတုပစ္စည်းဖြစ်ပါတယ်။ အစားအစာတွေရဲ့ အရောင်အသွေးကို လှပစေပြီး တာရှည်ခံ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ဒီ Borax အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို မေးမြန်းတင်ပြ ထားပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ ပါတီမူဝါဒပြောင်းလဲဖို့မရှိသလို၊ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း သဘောထားဘာမှမရှိသေးဘူးလို့ SNLD ပြောခွင့်ရသူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတာ တနှစ်ကျော်လာချိန်မှာ အာဆီယံအစည်းဝေးတွေအတွက် စစ်ကောင်စီကိုမဖိတ်ကြားတော့သလို မကြာခင်က ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံ အထူးအစည်းဝေးမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။
ရုရှားဝင်ရောက်ကျူးကျော် တိုက်ခိုက်တာ ခံနေရတဲ့ ယူကရိန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာနဲ့အတူ စားနပ်ရိက္ခာရဖို့လည်း တဖြည်းဖြည်း ခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍလိုအပ်ချက်ကို လေစွမ်းအင်လို ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဖြည့်ဆည်းပေး နိုင်ပါသလား။ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
Rare Earth Metal မြေရှားသတ္တုကို မြန်မာနိုင်ငံမှာ ဘယ်လို တူးဖေါ်နေတယ် ဆိုတာကို ဓါတ်သတ္တုရှာဖွေရေးနဲ့ တူးဖေါ်ရေးပညာရှင် ဦးစောနောင်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နယ်သာလန်နိုင်ငံ သဟိဘ်မြို့ ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ မြန်မာအမှု ကြားနာပွဲအတွင်း ICJ အနေနဲ့ ဒီအမှုကို လက်ခံ စီရင်ပိုင်ခွင့်မရှိသလို ဂမ်ဘီယာအနေနဲ့လည်း တင်ပြစွဲဆိုပိုင်ခွင့်မရှိဘူးလို့ မြန်မာဖက်က ချေပသွားပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း ကို တာဝန်ကျ အယ်ဒီတာ ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ အိုးအိမ်စွန့်ဘေးလွတ်ရာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးဆိုင်ရာ အခက်အခဲများစွာ ကြုံနေရပါတယ်။ ယာယီစစ်ဘေးရှောင်စခန်းတွေမှာလည်း နာတာရှည်ရောဂါအခံရှိသူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ တော်တော်လေးလိုအပ်နေပါတယ်။
စစ်တပ်အာဏာသိမ်းချိန်မတိုင်ခင်က IT နည်းပညာထွန်းကာလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်တနှစ်အကြာ အင်တာနက်နည်းပညာအသုံးပြုတဲ့အခြေအနေဘယ်ရှိနေပါလဲ။ အမေရိကန်က IT နည်းပညာရှင် Stenley ဇေယျ ကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်ပြီး ဒီသီတင်းပတ် သိပ္ပံ နဲ့ နည်းပညာကဏ္ဍမှာ တင်ပြထားပါတယ်ခင်ဗျာ။
နိုင်ငံတနိုင်ငံရဲ့ အနေထားကို ပြောင်းလဲအောင်လုပ်နိုင်တဲ့ နည်းပညာနဲ့ တီထွင်ကြံဆမှုတွေရအောင် ဆင်းရဲတဲ့အာဖရိကမှာ လုပ်ဆောင်နေတာကိုပြောပြမှာပါ
လူနေအထူထပ်ဆုံး ရန်ကုန်မြို့အတွက် မီးအန္တရာယ် သတိထားဖို့ လိုအပ်တာတွေကို ရန်ကုန်မီးသတ်ဌာန အရာရှိဟောင်း ဦးဖော်ဝင်းကပြောပြမှာပါ
မြန်မာ့လူဦးရေ ဆယ်ပုံတပုံနေတဲ့ ရန်ကုန်မှာ သောက်သုံးရေ ုဖြန့်ဝေပေးတဲ့ အနေထားကို မြို့ပြစီမံကိန်း ပညာရှင်ဒေါက်တာကျော်လတ်က ပြောပြမှာပါ
သွားရေးလာရေး ခက်ခဲနေတဲ့ ရန်ကုန်မြို့ ပြဿနာကိုဘယ်လိုဖြေရှင်းဖို့ ကျိုးစားနေတယ်ဆိုတာ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောပြမှာပါ
ပုဂံလို ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားမြတ်နိုးကြဖို့၊ ထိမ်းသိမ်းစောင့်ရှောက်ဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်
နောက်ထပ်ကြည့်ရှုရန်