လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲအတွက် အမတ်လောင်းရွေးချယ်ရာမှာ သေချာစီစစ်လုပ်ဆောင်ရမယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့် သူတွေက ဆိုပါတယ်။ ၂၀၁၅ မှာ လူရွေးမှားခဲ့လို့ ဆုံးရှုံးခဲ့ရတာတွေကို ဘယ်လိုသင်ခန်းစာယူရပါမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုစည်သူ တင်ပြပေးထားပါတယ်။
ကိုဗစ်ရောဂါထိခိုက်မှုပြင်းတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြမှုတွေအပေါ် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေ ဘယ်လိုမြင်ကြပါသလဲ။ မြန်မာပြည်နဲ့နှိှုင်းယှဉ်ပြီး ဘယ်လိုပြောနေကြပါလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုစည်သူ တင်ပြပေးထားပါတယ်။
ပုံမှန်အားဖြင့် ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်လေ့ ရှိပေမယ့်လည်း COVID-19 အန္တရာယ်ကြောင့် ဇူလိုင်လဆန်းမှာမှ အထက်တန်းကျောင်းသားတွေနဲ့ စတင်ဖွင့်လှစ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်နေပြီဆိုတာ ပညာရေးဌာန တာဝန်ရှိသူတွေကရော သမ္မတရုံးကပါ ပြောထားတာပါ။
မြန်မာနိုင်ငံမှာ Covid-19 ကြောင့် ပုံမှန်နေထိုင်မှုဘဝတွေပြန်ရနိုင်ပါတော့မလား ဆိုတာက အားလုံးအတွက် အလေးထား စဉ်းစားလာနေရတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်လိုနေထိုင်မှု ပုံစံမျိုးတွေ ဖြစ်သွားမှာပါလဲ။ ကိုစည်သူ သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဒေသအနှံ့က COVID-19 ရောဂါ သံသယရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့က ဓာတ်ခွဲခန်းအထိ ပို့ဆောင်ဖို့မလိုတော့ဘဲ နီးစပ်ရာ ဒေသတွေမှာ စစ်ဆေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြိုးစားနေကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့လုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖျားနာကုဆေးခန်းတွေဟာ Covid-19 ရောဂါကာကွယ်ရေး လိုအပ်ချက်တစ်ခုဖြစ်တာမို ရောဂါပိုးကူးစက်နေသမ ျှ နေရာအနှံ့မြို့နယ်တိုင်းမှာ ဒီလိုဆေးခန်းတွေ လိုအပ်ပါတယ်။ တချိန်တည်းမှာလည်း လူထုအနေနဲ့ ရောဂါကာကွယ်နိုင်ရေးကို မပေါ့ကြဖို့လည်း ဆရာဝန်တွေက တိုက်တွန်းပါတယ်။ ကိုစည်သူ သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ် ထိုင်းနယ်စပ် မြဝတီမြို့အနီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်နေတဲ့ မြို့သစ် ၂ ခုရဲ့ ဦးဆောင်သူတွေထဲ တရုတ်ရာဇဝတ်ဂိုဏ်းဝင်တွေ ပါဝင်ပတ်သတ်နေတာကို အစိုးရက အချက်အလက် ရရှိထားကြောင်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကို ပြောပါတယ်။
တရုတ်ရာဇဝတ်ဂိုဏ်းရဲ့ ကရင်ပြည်နယ်မြို့သစ်စီမံကိန်းတွေမှာ ကရင် BGF နဲ့ အပစ်ရပ်အဖွဲ့တွေ ဆက်စပ်နေနိုင် တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး က ပြောပါတယ်။
ပြည်ပရောက်နိုင်ငံသားတွေပြန်ခေါ်ရေး ဆုံရပ် ၃ ခုစီစဉ်ထားကြောင်း သမ္မတရုံးပြော
ဧပြီလ ၃၀ ရက်နေ့အထိ စက်ရုံအလုပ်ရုံတွေပိတ်ထားဖို့ အစိုးရက အမိန့်ထုတ်ထားတဲ့နောက်၊ အစိုးရကသတ်မှတ်ချက်အတိုင်း စက်ရုံတွေ ပြန်လည်ပတ်နိုင်ရေး ဘယ်လိုအခက်အခဲတွေရှိနေပါသလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုစည်သူက တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကိုထိန်းချုပ်ဖို့အတွက် နေအိမ်တွေမှာပဲ နေကြဖို့ မြန်မာအစိုးရ အာဏာပိုင်တွေက တိုက်တွန်းထားချိန်မှာ စားဝတ်နေရေး ခက်ခဲရသူတွေကို အလှူရှင်တွေက လှူဒါန်းနေကြပါတယ်။ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲက အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာတွေကို စေတနာရှင်တချို့ လှူဒါန်းကြတဲ့အကြောင်း ပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် နေအိမ်တွေမှာပဲ နေကြဖို့ မြန်မာအစိုးရအာဏာပိုင်တွေက တိုက်တွန်းထားချိန်မှာ စားဝတ်နေရေးကြောင့် အပြင်ထွက်နေကြရတဲ့သူတွေကို စေတနာရှင် အလှူရှင်တွေက တပိုင်တနိုင် လှူဒါန်းနေကြပါတယ်။
ပြည်ပကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်တာ သီးသန့်ထားရှိဖို့ အစိုးရဖက်က စီစဉ်ဆောင်ရွက်နေရာမှာ ပုဂ္ဂလိက တာဝန်သိ အလှူရှင်တွေကလည်း အကူအညီပေးနေကြပါတယ်။ ရန်ကုန်မြို့ က သီးသန့်ထားမယ့်နေရာ ၇ ခုထဲက တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ထဲက ဧရာဝတီဘဏ် သင်တန်းကျောင်း သီးသန့်နေရာအကြောင်း ကိုစည်သူ ပြောပြထားပါတယ်။
ပြည်ပကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်တာ သီးသန့်ထားရှိဖို့ အစိုးရဘက်က စီစဉ်ဆောင်ရွက်နေရာမှာ ပုဂ္ဂလိက တာဝန်သိ အလှူရှင်တွေကလည်း အကူအညီပေးနေကြပါတယ်။ ရန်ကုန်မြို့က သီးသန့်ထားမယ့်နေရာ ခုနစ်ခုထဲက တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်ထဲက ဧရာဝတီဘဏ် သင်တန်းကျောင်း သီးသန့်နေရာအကြောင်းပြောပြချင်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံထဲ ကျဆုံး၊ ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည်များရဲ့ ဖြစ်နိုင်ခြေ လူသားရုပ်ကြွင်းတွေကို မန္တလေးလေဆိပ်မှာ ဒီကနေ့ ဂုဏ်ပြုအခမ်းအနားနဲ့ အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်ပို့ဆောင်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံထဲ ကျဆုံး ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည်တွေရဲ့ ဖြစ်နိုင်ခြေ ရုပ်ကြွင်းကျန်တွေကို မန္တလေးလေဆိပ်မှာ ဒီကနေ့ ဂုဏ်ပြုအခမ်းအနားနဲ့ အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်ပို့ဆောင်ပါတယ်။ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားအကြောင်း ကိုစည်သူ တင်ပြထားပါတယ်။
နိုင်ငံအချင်းချင်း အငြင်းပွားမှုတွေနဲ့ပတ်သက်တဲ့ Philip Jessup အပြည်ပြည်ဆိုင်ရာ သရုပ်ပြ တရားခွင်ပြိုင်ပွဲကို ဝါရှင်တန်ဒီစီမှာ ဧပြီလထဲ ၏ကျင်းပတဲ့အခါ ဒုတိယအကြိမ် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ မန္တလေးတက္ကသိုလ် ဥပဒေပညာ ကျောင်းသားအသင်းကို ရွေးချယ်လိုက်ပါတယ်။ ကိုစည်သူက တင်ပြထားပါတယ်။
နိုင်ငံအချင်းချင်းကြားအငြင်းပွားမှုတွေနဲ့ ပတ်သတ်ပြီးဖြေရှင်းရတဲ့Philip Jessup အပြည်ပြည်ဆိုင်ရာ သရုပ်ပြ တရားခွင် ပြိုင်ပွဲကို ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အခါ ဒုတိယ အကြိမ်အဖြစ်မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖိုအတွက့် မန္တလေးတက္ကသိုလ် ဥပဒေပညာကျောင်းသားအသင်းကို ရွေးချယ်လိုက်ပါပြီ။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အကျပ်အတည်းတွေကို နည်းလမ်းတကျဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က အမေရိကန်စင်တာမှာပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ဆွေးနွေးပွဲမှာပြောခဲ့တာပါ။ ကိုစည်သူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကျပ်အတည်းတွေကို နည်းလမ်းတကျဖြေ ရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်