ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကျပ်အတည်းတွေကို နည်းလမ်းတကျဖြေ ရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာဖိအားတွေ၊စိန်ခေါ်မှုတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန်မှာ လာရောက်တဲ့တရုတ်သမ္မတ ရှီကျင့်ပင့်ရဲ့ခရီးစဉ်ဟာ မြန်မာအတွက် အကျိုးရှိမယ့်ခရီးစဉ်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ရက် ရန်ကုန်မြို့မှာလုပ်တဲ့ မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ တရုတ်ကိုယ်စားလှယ်တွေက ပြောပါတယ်။
မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့ ကူညီသွားမယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဗစ်တိုးရီးယားအမှုမှာ အဓိကအရေးပါတဲ့ သက်သေအဖြစ် ကာယကံရှင်ဖြစ်တဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့စစ်ဆေးပါတယ်။
မြန်မာလယ်သမားတစ်သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိတဲ့ အသေးစားချေးငွေနဲ့ နည်းပညာကူညီပေးဖို့ အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း OPIC နဲ့ မြန်မာ့လယ်ယာကဏ္ဍကိုကူညီပေးနေတဲ့ Proximity Finance တို့သဘောတူ လတ်မှတ်ရေးထိုးလိုက်ပါတယ်။
မြန်မာလယ်သမား တစ်သိန်းကျော်အတွက် ဒေါ်လာ ၈ သန်းတန်ဖိုးရှိတဲ့ အသေးစားချေးငွေနဲ့ နည်းပညာကူညီပေးဖို့ အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း OPIC နဲ့ မြန်မာ့လယ်ယာကဏ္ဍကိုကူညီပေးနေတဲ့ Proximity Finance တို့သဘောတူလတ်မှတ်ရေးထိုးလိုက်ပါတယ်။ ကိုစည်သူ ပြောပြပေးမှာပါ။
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးအကျဉ်းချခံရတာ ဒီကနေ့ဆိုရင် တနှစ် တင်းတင်းပြည့်သွားပါပြီ။ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့ တနှစ်ပြည့်အထိမ်းအမှတ် စုဝေးပွဲကို ဒီကနေ့ လုပ်ကြပြီး သတင်းမီဒီယာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အားပေးဝန်းရံသူတွေ တက်ရောက် ပါတယ်။
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးအကျဉ်းချခံရတာ ဒီနေ့ဆိုရင် တနှစ်ပြည့်သွားပါပြီ။ အကျဉ်းချထားတာကြောင့် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့အပေါ် အစိုးရရဲ့သဘောထားကို မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ကိုစည်သူ သတင်းပေးပို့ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့တာအပေါ် ပြန်လည် စီစစ်နေတဲ့ အကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံ သယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ကြီးမှူးပြီး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုး ရှိတဲ့ ဆင်စွယ် (၂၇၇) ချောင်းအပါအဝင် ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်း စုစုပေါင်း ကီလိုဂရမ် ၈၅၀ နီးပါးကို ဒီကနေ့ နေပြည်တော်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံ သယံဇာတနဲ့သဘာပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနက ကြီးမှူးပြီး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁.၃ သန်းတန်ဖိုးရှိ ဆင်စွယ်၂၇၇ ချောင်း၊ ဆင်နဲ့ အခြားတောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းစုစုပေါင်း ကီလိုဂရမ် ၈၅၀ နီးပါးကို သက်ဆိုင်ရာအာဏာပိုင်တွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ကိုစည်သူသတင်းပေးပို့ထားပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ် ၃၀ ပြည့်အထိမ်းအမှတ်အတွက် အကြိုနိုင်ငံရေးဆွေးနွေးပွဲတွေ ရန်ကုန်တက္ကသိုလ်အတွင်းမှာ စတင် ကျင်းပနေပါတယ်။ နှစ်သုံးဆယ်ပြည့်မှာ ဒီမိုကရေစီအခွင့်အရေးတချို့ ရလာခဲ့တာကို တိုးတက်မှုတခုအဖြစ် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်ကောင်ရေနည်းပါးလာတာကိုကာကွယ်ဖို့ ရည်ရွယ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် Elephant Lake ဆင်ထိန်းသိမ်းရေးစခန်းတစ်ခုကို ပဲခူးတိုင်း ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ကိုစည်သူပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ ဆင်ကောင်ရေနည်းပါးလာတာကိုကာကွယ်ဖို့ ရည်ရွယ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် ဆင်ထိန်းသိမ်းရေးစခန်းတစ်ခုကို ပဲခူးတိုင်း ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန်မှာ ထူးထူးခြားခြား လုပ်တယ်ဆိုတော့ တော်တော်လေး ဆင်နွှဲကြတာ တွေ့ရတယ်ဗျ။ အဓိကအားဖြင့်တော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန် မြို့တော်ခမ်းမရှေ့ မဟာဗန္ဓုလပန်းခြံ လမ်းတလျှောက်မှာ သူတို့က ဒီ လမ်းလျှောက်သင်္ကြန် ဆိုပြီးတော့ ရန်ကုန်တိုင်း အစိုးရက စီစဉ်တယ်၊ ဆိုင်းဘုတ်တွေ ဘာတွေနဲ့ သူတို့က သေချာလုပ်တယ်။ စတုဒီသာတွေ ဘာတွေကျွေးတယ်။ နောက် လာတဲ့သူတွေကိုလည်း အချင်းချင်း ရေပက်လို့ရအောင် ရေတွေကအစ အားလုံး စီစဉ်ပေးထားတယ်။"
မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားရေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် အခြေစိုက် Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်း ၃၁ ဦးကို အခြေခံပညာ ကျောင်းတွေကို စေလွှတ်ပြီး အင်္ဂလိပ်စာ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ အမေရိကန်လူငယ်တွေ ပါဝင်တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့ဟာ အခြေခံပညာ ကျောင်းတွေက ဆရာတွေ ဆရာမတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ရေး လေ့ကျင့် သင်ကြားပေးမှာ ဖြစ်သလို ကျောင်းသားတွေကိုလည်း အင်္ဂလိပ်စာ သင်ကြားပေးမှာပါ။
မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားရေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် အခြေစိုက် Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်း ၃၁ ဦးကို အခြေခံပညာ ကျောင်းတွေကို စေလွှတ်ပြီး အင်္ဂလိပ်စာ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ ကိုစည်သူ ပြောပြပေးမှာပါ။
"၅,၆၀၀ မရတဲ့အပေါ်မှာတော့ ကျွန်တော်တို့ ပုဂ္ဂလိကအမြင်အနေနဲ့တော့ ကျေနပ်မှု မရှိဘူး ၊ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်ရှိတယ်။"
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ပံ့ပိုးပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကယားပြည်နယ်လွိုင်ကော်မြို့ကို သွားရောက်ပြီး တနိုင်ငံလုံးအပစ်ရပ် လတ်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်