ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃၀၀ကျော်ကို ရေကြောင်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကဒီကနေ့ ပြန်ပို့လိုက်ပါပြီ။ သင်္ဘောနဲ့ ၂ သုတ်ခွဲပြီး ပြန်လည်ပို့ဆောင်ခဲ့တဲ့ သူတွေထဲမှာ ထိခိုက်ဒဏ်ရာရနေသူတွေလည်းပါတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲ ၁၀ ရက်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်းနေရာတချို့ ဝင်နိုင်လာတာရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ခုခံ တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ပြောပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လာချိန် မြန်မာ့အရေးမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက်မရပေမဲ့ တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုကတော့ ကြီးမားလာနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ အဖွဲ့ကြီးက ထောက်ပြထားပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ အရင်ကထက် တိုက်ပွဲတွေပိုဖြစ်လာပြီး စစ်ကောင်စီဘက်က ရေကြောင်းနဲ့ ကုန်းကြောင်း တိုက်ခိုက်မှုအပြင် လေကြောင်းကနေလည်း ပျံဝဲစောင့်ကြည့်နေတယ်လို့ ဒေသတာဝန်ရှိသူတွေကပြောပါတယ်။
ကိုလံဘီယာနိုင်ငံက အရောင်အသွေးစုံ၊ အရည်အသွေးမြင့်ပန်းတွေကို အမေရိကန်ပြည်ထောင်စုတင်မ ကမ္ဘာအနှံ့ နိုင်ငံပေါင်း တရာကျော်ကို တင်ပို့ရောင်းချပါတယ်။ ဖေဖော်ဝါရီလ ၁၄ ဗယ်လင်တိုင်း ချစ်သူများနေ့ ပန်းလက်ဆောင်ရောင်းရအောင် အချိန်မီတင်ပို့နိုင်ဖို့ပြင်ဆင်နေကြပါတယ်။ AP ဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက် ဆေးကုသမှု မလုံလောက်တာမို့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
အာရှတဝန်းက အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တွေဟာ ဟောင်ကောင်မှာ ကျင်းပတဲ့ ၂၀၂၄ အိမ်မွေး တိရစ္ဆာန် အလှပြပွဲဆီကို စုရုံးရောက်ရှိနေကြပါတယ်။ ပုတ်သင်ညိုနဲ့ လိပ်အပါအဝင် အိမ်မွေးတိရစ္ဆာန်အားလုံးအတွက် အစားအသောက်အပါအဝင် အလှပြင်ဆင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အနုပညာဖန်တီးမှုတွေ အားလုံး ပြပွဲမှာရှိပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းမှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးဟာ တရုတ်နက္ခတ်အရ နဂါးနှစ်ဖြစ်တာကြောင့် ဒဏ္ဍာရီလာသတ္တဝါ "နဂါး"ပုံစံက တက်တူးထိုးသူတွေအကြား ရေပန်းစားတဲ့ ဒီဇိုင်း ဖြစ်နေတာပါ။ AP သတင်းဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုက စတင်တာဝန်ယူ၊ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ ထူးခြားချက် ၂ ချက် ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
ရုပ်ရှင်ပွဲတော်မှာ ဆုရရှိထားတဲ့ "The Ones Left Behind" မှတ်တမ်းရုပ်ရှင်ဟာ ခင်ပွန်းမရှိ၊ အိမ်ထောင်မရှိနဲ့ ရင်သွေးကို တယောက်တည်း ပြုစုမွေးမြူရတဲ့ ကလေးမိခင်တွေနဲ့ ကလေးတွေက ဘဝကို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေကြရတာကို ရိုက်ပြထားတာဖြစ်ပါတယ်။ AP ဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
တရုတ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီ BYD ဟာ သူတို့ရဲ့ လျှပ်စစ်ကားတွေကို အင်ဒိုနီးရှားနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီအကြောင်း AP ဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်းမှာဆိုရင် ရှမ်း၊ ကရင်နီ ခေါ် ကယား၊ စစ်ကိုင်းတိုင်းစတဲ့ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ သိသိသာသာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွ ကျူးလွန်ခဲ့ကြတယ်လို့ ကိုယ်တိုင် ကြုံခဲ့ကြတဲ့ ကာယကံရှင်တွေရော အကူအညီပေးရေး အဖွဲ့အစည်းတွေကပါ ဗွီအိုအေကို ပြောပါတယ်။
စစ် အာဏာသိမ်းတာ ၃ နှစ်ပြည့်လာချိန် မြန်မာစစ်တပ်ကိုလက်နက်ကိုင်တိုက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ စွမ်းရည် ပိုမြင့်လာပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်တွဲလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့ရဲ့ ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေရော၊ တခြားဒေသတွေမှာပါ စစ်မီးတောက်လောင်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တော်လှန်ရေးရေချိန် အမြင့်ဆုံးရောက်ပြီး စစ်တပ်ပြိုလဲမယ့် အနေအထားရှိနေပါပြီလား။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၅ ရက်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲခံရလို့ နှစ်ထပ်ဈေးမီးလောင်သွားတယ်လို့ KNDF နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ မြို့ခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမို့ လူအထိအခိုက်မရှိပါဘူး။
၂၂ ရက်နေ့ကလည်း မေမြို့အဝင် ဝက်ဝံဂိတ်မှာ မတ္တရာမြို့နယ်ကလာတဲ့ ဒေသခံ လင်မယား ၂ဦးကို ဖမ်းဆီးပြီး ယောကျ်ားဖြစ်သူကို ရိုက်သတ်ခဲ့ပြီးတော့ အမျိုးသမီးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။
မြန်မာနိုင်ငံဟာ သတင်းထောက်ဖမ်းဆီးမှု ကမ္ဘာ့ဒုတိယအဆိုးဆုံးနေရာမှာရှိတယ်လို့ နိုင်ငံတကာသတင်းထောက်အခွင့်အရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဘက်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး၊ အိန္ဒိယနိုင်ငံဘက်ခြမ်းမီဇိုရမ်ပြည်နယ်ထဲက နယ်စပ်မြို့ ဖြစ်တဲ့၊ ဘန်ဒက် ဘန်ဂါရွာကို ဇန်နဝါရီ ၁၇ ရက်က ရောက်လာတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာန အကြီးတန်းအရာရှိကပြောဆိုထားကြောင်း အိန္ဒိယ သတင်းဌာနတွေမှာဖော်ပြပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားမှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝဒေသက ထွက်ပြေးလာရတဲ့စစ်ဘေး ဒုက္ခသည် ၂သောင်းကျော် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကူညီကယ်ဆယ်ရေးလုပ် ပေးနေသူတွေကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ကျန်ရှိနေသေးတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်