ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်၊ မင်မြို့နယ် တောလမ်းတနေရာမှာ တရားမဝင်နယ်စပ်ဖြတ်ပြီး မလေးရှားနိုင်ငံကို သွားကြမယ့် မြန်မာ၂၀ ကျော်နဲ့အတူ မူးယစ်ဆေးဝါးတချို့ကို ထိုင်းနယ်မြေ လုံခြုံရေး အာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံခြားငွေ လျော့သုံးနိုင်ဖို့ ချွေတာရေးဆိုင်ရာ အစီအစဉ်တချို့ကို ကြာသာပတေးနေ့က ပြုလုပ်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက် ဆွေးနွေးပွဲမှာ ချပြခဲ့ပါတယ်။ အဓိကက စက်သုံးဆီကို တတ်နိုင်သမျှ လျော့သုံးဖို့ ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တင်ပြခဲ့တာပါ။
မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် အိုင်ပိုမြို့မှာ အထောက်ထားမဲ့ မြန်မာ အယောက် ၃၀ ကျော် ဖမ်းဆီးမိတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဖမ်းခံရသူတွေကို လူကုန်ကူးသူတွေက ခေါ်ဆောင်လာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံက ဆီဒိုးနားဟိုတယ်ကို ပြန်ရောင်းတော့မယ်လို့ ဟိုတယ်ပိုင် စင်္ကာပူလုပ်ငန်းစုကြီးက ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၅၇.၄ သန်းနဲ့ ရောင်းတော့မယ်လို့ Keppel ကော်ပိုရေးရှင်းက ကြေညာတဲ့အကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းက ဖော်ပြလိုက်တာပါ။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေက Well 2 ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Well 2 ရေနံလုပ်ကွက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီ လုံခြုရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နိုင့်ထက်စီးနင်းလုပ်ခဲ့တဲ့အကြောင်း လက်ရေးနဲ့ရေးထားတဲ့ လျှို့ဝှက် စာတစောင်ကို ရိုက်တာသတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
ULA/AAနဲ့ မပတ်သတ်ဖို့ စစ်ကောင်စီတပ်သားတွေ တစ်ရွာဝင်တစ်ရွာထွက် ခြိမ်းချောက် ပြောဆိုတာတွေရှိသလို ကျေးရွာတွေအနီးမှာ တပ်စွဲ နေထိုင်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ AA အဖွဲ့ဖက်ကတော့ ယာယီအပစ်ရပ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ဖက် တိုက်ပွဲဖြစ်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတဝိုက်က ဒေသခံတွေ အရင်ထဲက ဘေးလွတ်ရာကို တိမ်းရှောင်ထားတာရှိသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် အမှတ် ၁၀၀ မှာ ၉ မှတ်ပဲရှိတဲ့ လွတ်လပ်မှု မရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၂၃ ထုတ်ပြန်တဲ့ ကမ္ဘာတလွှား လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မနှစ်ကတော့ မြန်မာနိုင်ငံဟာ ပေးထားတဲ့အမှတ် ၁၀၀ မှာ ၁၂ မှတ်ပဲ ရထားတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ လက်နက်ကြီးထိမှန် ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှာဆိုရင်လည်း စစ်တပ်လိုလားထောက်ခံတဲ့ လက်နက်ကိုင်တချို့ ပစ်ခတ်တာကြောင့် အရပ်သား သေဆုံးတာတွေ ရှိနေပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရွေးကောက်ပွဲကော်မရှင်ကို ကချင်ပြည်နယ်အခြေစိုက် ပါတီအချို့လည်း မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က၂၀၂၃ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတာကြောင့် ကချင်နိုင်ငံရေးပါတီတွေနဲ့ KIO ကြား ပဋိပက္ခတွေမြင့်တာလာမှာကို စိုးရိမ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်